သံျဖဴဇရပ္ တြင္ လကၡဏာဆရာ က အသက္မျပည့္ေသး သည့္ ေက်ာင္းသူ (၃) ဦး အား ယၾတာေခ်ရမည္ဟု လိမ္လည္၍ အဓမၼျပဳက်င့္မႈျဖစ္ပြား

မြန္ ျပည္နယ္၊ မုဒုံၿမိဳ႕နယ္အတြင္း၊ ေရာင္းေဒါင္းေက်း႐ြာ အေရွ႕ပိုင္းေန လကၡဏာဆရာ ၁ ဦးမွ အသက္မျပည့္ေသးသည့္ သတၱမ တန္း ေက်ာင္းသူ ၃ ဦးကို တည္းခိုခန္းသို႔ အလွည့္က် ေခၚကာ အဓမၼျပဳက်င့္မႈ ျပဳလုပ္ခဲ့ေၾကာင္း သံျဖဴ ဇရပ္ၿမိဳ႕မ ရဲစခန္းမွ စုံစမ္း သိရွိရသည္။ လကၡဏာဆရာ အျဖစ္ အသက္ေမြးဝမ္းေက်ာင္းျပဳသူ အသက္ ၂၈ႏွစ္ရွိ သီဟေအာင္(ခ) သီဟဆိုသူမွာ ၃၈ႏွစ္ရွိ ေဒၚေအးျမင့္ဆိုသူႏွင့္ ခ်စ္သူျဖစ္ေနေၾကာင္း၊ ၎က ေဒၚေအးျမင့္မွာ ကံနိမ့္ေန၍ ယၾတာေခ်ရမည္ ျဖစ္ေၾကာင္း၊ ထို႔အတြက္ အပတ္စဥ္ စေနေန႔တိုင္း မိန္းကေလးငယ္ ၁ ဦးကို သူ႔ထံသို႔ ၇ ပတ္တိုင္တိုင္ ေခၚလာရမည္ဟု ေဒၚေအးျမင့္အား ေစခိုင္းခဲ့ၿပီးေနာက္ ထို မိန္းကေလးငယ္မ်ားကို အဓမၼ ျပဳက်င့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ အတြက္ သီဟေအာင္ (ခ) သီဟႏွင့္ ေဒၚေအးျမင့္ တို႔ကို သံျဖဴဇရပ္ၿမိဳ႕မ ရဲစခန္းတြင္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆/ ၃၆၃/၁၁၄ တို႔ျဖင့္ အမႈဖြင့္၍ ဇန္နဝါရီ ၃ ရက္ေန႔ ည ၁၀ နာရီတြင္ ဖမ္းဆီးခဲ့ၿပီး စခန္းမႉးျဖစ္သူ ဒုရဲမႉး ေဇာ္မင္းဦးက အမႈစစ္ေဆးေနေၾကာင္း သိရသည္။ သံျဖဴဇရပ္ ၿမိဳ႕မရဲစခန္းမွ ရဲတပ္ၾကပ္ႀကီး ေအာင္ေက်ာ္သန္းက “အဓမၼက်င့္ခံရေသာ မိန္းကေလးငယ္ ၃ ဦးက ဇန္နဝါရီ ၃၀ ရက္မွာ လကၡဏာဆရာဆိုသူ ဦးသီဟေအာင္ကို အမႈဖြင့္ တိုင္ၾကားခဲ့လို႔ နစ္နာခဲ့ေသာ မိန္းကေလးငယ္ ၁ ဦးခ်င္းစီကို ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃ ခုစီျဖင့္ အမႈဖြင့္ေပးခဲ့တယ္”ဟု ဧရာဝတီသို႔ ေျပာသည္။

ယင္း လကၡဏာဆရာ၏ ေစခိုင္းခ်က္အရ ေဒၚေအးျမင့္သည္ သူ၏တူမျဖစ္သူ အသက္ ၁၂ႏွစ္ မိန္းကေလးငယ္ကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၂၁ ရက္တြင္ မုဒုံၿမိဳ႕ရွိ မဟာနႏၵာ တည္းခိုခန္း အခန္းနံပါတ္ ၃ သို႔ စည္း႐ုံးေခၚေဆာင္လာသျဖင့္ ၁ ႀကိမ္ အဓမၼျပဳက်င့္ၿပီး ေနာက္ ျပန္လႊတ္ခဲ့ေၾကာင္း၊ ဒီဇင္ဘာ ၂၈ ရက္တြင္ သံျဖဴဇရပ္ၿမိဳ႕၊ ဝယ္သြန္ေခ်ာင္႐ြာ၊ ဗိုလ္ေနဝင္းလမ္းရွိ ျမတ္မိခင္ တည္းခိုခန္း အခန္းနံပါတ္ ၃၀၄ ၌ ဒုတိယ အႀကိမ္ ထပ္မံ အဓမၼျပဳက်င့္ခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ အဆိုပါ မိန္းကေလး၏ သူငယ္ခ်င္းမ်ားကိုလည္း ယၾတာေခ်ရမည္ဟုဆိုကာ ေဒၚေအးျမင့္က စည္း႐ုံးခဲ့သျဖင့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီ ၄ ရက္တြင္ အသက္ ၁၃ ႏွစ္အ႐ြယ္ မိန္းကေလးကို လည္းေကာင္း၊ ဇန္နဝါရီ ၂၅ ရက္တြင္ အသက္ ၁၂ အ႐ြယ္ မိန္းကေလးကို လည္းေကာင္း လကၡဏာဆရာဆိုသူက ျမတ္မိခင္ တည္းခိုခန္း အခန္းနံပါတ္ ၃၀၄ တြင္ ၁ ႀကိမ္စီ အဓမၼျပဳက်င့္ခဲ့ေၾကာင္း စုံစမ္းသိရွိရသည္။

ထိုသို႔ အပတ္စဥ္ အဓမၼ ျပဳက်င့္သည့္ ကိစၥကို ကေလးမ်ားအၾကားမွ သတင္းထြက္ေပၚလာခဲ့ရာမွ ကာယကံရွင္ မိန္းကေလး ငယ္မ်ားရဲ႕ မိဘအုပ္ထိန္းသူမ်ားက သိရွိသြားေၾကာင္း သံျဖဴဇရပ္ၿမိဳ႕ခံမ်ားထံမွ စုံစမ္းသိရွိရသည္။သံျဖဴဇရပ္ၿမိဳ႕ခံ ကိုမင္းလတ္က “လကၡဏာဆရာ ဆိုသူက သူ႔ရည္းစား အပ်ိဳႀကီးကို ယၾတာေခ်ရမယ္ဆိုၿပီး မိန္းကေလးငယ္ ေတြကို ၁ ပတ္ ၁ ေယာက္ႏႈန္းနဲ႔ ပို႔ခိုင္းတယ္လို႔ ၾကားတယ္။ ဒီလို ၁ ပတ္ ၁ ႀကိမ္ ျဖစ္ရာကေန ၄ ေယာက္ေျမာက္ ကေလး ကို အေရွ႕က ကေလး ၃ ဦးက အေျခအေနကို ေျပာျပေတာ့ ၄ ေယာက္ေျမာက္ကေလးက ေၾကာက္လန႔္သြားၿပီး သူမိဘ ေတြကို ေျပာျပလို႔ ဒီအျဖစ္အပ်က္ ေပၚလာတာ”ဟု ၎က ရွင္းျပသည္။

လက္ရွိတြင္ သက္ငယ္မုဒိမ္းမႈ က်ဴးလြန္သူမ်ားကို ေထာင္ဒဏ္ တသက္တကြၽန္း ခ်မွတ္ႏိုင္သည့္ ရာဇသတ္ႀကီးအား ျပင္ဆင္သည့္ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ တားဆီးကာကြယ္ေရး ဥပေဒၾကမ္းကို ႏိုင္ငံေတာ္သမၼတက ၂၀၁၉ ခုႏွစ္၊ မတ္ ၂၆ ရက္ေန႔တြင္ လက္မွတ္ထိုး အတည္ျပဳ ျပဌာန္းထားသည္။ ျပင္ဆင္လိုက္သည့္ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ တြင္ အတည္ျပဳ ျပဌာန္းလိုက္ၿပီ ျဖစ္သည့္အတြက္ အသက္ ၁၂ ေအာက္ႏွင့္ မသန္စြမ္း အမ်ိဳးသမီးမ်ားအေပၚ မုဒိန္းက်ဴးလြန္သူမ်ား အနည္းဆုံး ေထာင္ဒဏ္ အႏွစ္ ၂၀မွ ေထာင္ဒဏ္ တသက္ ျပစ္ဒဏ္က်ခံရမည္ျဖစ္သည္။

REF: ဧရာဝတီ

Unicode

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း၊ ရောင်းဒေါင်းကျေးရွာ အရှေ့ပိုင်းနေ လက္ခဏာဆရာ ၁ ဦးမှ အသက်မပြည့်သေးသည့် သတ္တမ တန်း ကျောင်းသူ ၃ ဦးကို တည်းခိုခန်းသို့ အလှည့်ကျ ခေါ်ကာ အဓမ္မပြုကျင့်မှု ပြုလုပ်ခဲ့ကြောင်း သံဖြူ ဇရပ်မြို့မ ရဲစခန်းမှ စုံစမ်း သိရှိရသည်။ လက္ခဏာဆရာ အဖြစ် အသက်မွေးဝမ်းကျောင်းပြုသူ အသက် ၂၈နှစ်ရှိ သီဟအောင်(ခ) သီဟဆိုသူမှာ ၃၈နှစ်ရှိ ဒေါ်အေးမြင့်ဆိုသူနှင့် ချစ်သူဖြစ်နေကြောင်း၊ ၎င်းက ဒေါ်အေးမြင့်မှာ ကံနိမ့်နေ၍ ယတြာချေရမည် ဖြစ်ကြောင်း၊ ထို့အတွက် အပတ်စဉ် စနေနေ့တိုင်း မိန်းကလေးငယ် ၁ ဦးကို သူ့ထံသို့ ၇ ပတ်တိုင်တိုင် ခေါ်လာရမည်ဟု ဒေါ်အေးမြင့်အား စေခိုင်းခဲ့ပြီးနောက် ထို မိန်းကလေးငယ်များကို အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ အတွက် သီဟအောင် (ခ) သီဟနှင့် ဒေါ်အေးမြင့် တို့ကို သံဖြူဇရပ်မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/ ၃၆၃/၁၁၄ တို့ဖြင့် အမှုဖွင့်၍ ဇန်နဝါရီ ၃ ရက်နေ့ ည ၁၀ နာရီတွင် ဖမ်းဆီးခဲ့ပြီး စခန်းမှူးဖြစ်သူ ဒုရဲမှူး ဇော်မင်းဦးက အမှုစစ်ဆေးနေကြောင်း သိရသည်။ သံဖြူဇရပ် မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သန်းက “အဓမ္မကျင့်ခံရသော မိန်းကလေးငယ် ၃ ဦးက ဇန်နဝါရီ ၃၀ ရက်မှာ လက္ခဏာဆရာဆိုသူ ဦးသီဟအောင်ကို အမှုဖွင့် တိုင်ကြားခဲ့လို့ နစ်နာခဲ့သော မိန်းကလေးငယ် ၁ ဦးချင်းစီကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ ခုစီဖြင့် အမှုဖွင့်ပေးခဲ့တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်း လက္ခဏာဆရာ၏ စေခိုင်းချက်အရ ဒေါ်အေးမြင့်သည် သူ၏တူမဖြစ်သူ အသက် ၁၂နှစ် မိန်းကလေးငယ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် မုဒုံမြို့ရှိ မဟာနန္ဒာ တည်းခိုခန်း အခန်းနံပါတ် ၃ သို့ စည်းရုံးခေါ်ဆောင်လာသဖြင့် ၁ ကြိမ် အဓမ္မပြုကျင့်ပြီး နောက် ပြန်လွှတ်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၈ ရက်တွင် သံဖြူဇရပ်မြို့၊ ဝယ်သွန်ချောင်ရွာ၊ ဗိုလ်နေဝင်းလမ်းရှိ မြတ်မိခင် တည်းခိုခန်း အခန်းနံပါတ် ၃၀၄ ၌ ဒုတိယ အကြိမ် ထပ်မံ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ မိန်းကလေး၏ သူငယ်ချင်းများကိုလည်း ယတြာချေရမည်ဟုဆိုကာ ဒေါ်အေးမြင့်က စည်းရုံးခဲ့သဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို လည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်တွင် အသက် ၁၂ အရွယ် မိန်းကလေးကို လည်းကောင်း လက္ခဏာဆရာဆိုသူက မြတ်မိခင် တည်းခိုခန်း အခန်းနံပါတ် ၃၀၄ တွင် ၁ ကြိမ်စီ အဓမ္မပြုကျင့်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ အပတ်စဉ် အဓမ္မ ပြုကျင့်သည့် ကိစ္စကို ကလေးများအကြားမှ သတင်းထွက်ပေါ်လာခဲ့ရာမှ ကာယကံရှင် မိန်းကလေး ငယ်များရဲ့ မိဘအုပ်ထိန်းသူများက သိရှိသွားကြောင်း သံဖြူဇရပ်မြို့ခံများထံမှ စုံစမ်းသိရှိရသည်။သံဖြူဇရပ်မြို့ခံ ကိုမင်းလတ်က “လက္ခဏာဆရာ ဆိုသူက သူ့ရည်းစား အပျိုကြီးကို ယတြာချေရမယ်ဆိုပြီး မိန်းကလေးငယ် တွေကို ၁ ပတ် ၁ ယောက်နှုန်းနဲ့ ပို့ခိုင်းတယ်လို့ ကြားတယ်။ ဒီလို ၁ ပတ် ၁ ကြိမ် ဖြစ်ရာကနေ ၄ ယောက်မြောက် ကလေး ကို အရှေ့က ကလေး ၃ ဦးက အခြေအနေကို ပြောပြတော့ ၄ ယောက်မြောက်ကလေးက ကြောက်လန့်သွားပြီး သူမိဘ တွေကို ပြောပြလို့ ဒီအဖြစ်အပျက် ပေါ်လာတာ”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်နိုင်သည့် ရာဇသတ်ကြီးအား ပြင်ဆင်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက ၂၀၁၉ ခုနှစ်၊ မတ် ၂၆ ရက်နေ့တွင် လက်မှတ်ထိုး အတည်ပြု ပြဌာန်းထားသည်။ ပြင်ဆင်လိုက်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အတည်ပြု ပြဌာန်းလိုက်ပြီ ဖြစ်သည့်အတွက် အသက် ၁၂ အောက်နှင့် မသန်စွမ်း အမျိုးသမီးများအပေါ် မုဒိန်းကျူးလွန်သူများ အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀မှ ထောင်ဒဏ် တသက် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။

REF: ဧရာဝတီ

Add a Comment

Your email address will not be published. Required fields are marked *