သဃၤန္းကြၽန္း တရား႐ုံးမွာ စြပ္စြဲခံထားရ တဲ့ အမႈအတြက္ သရုပ္ေဆာင္ ေမသန္းႏုအား ႐ုံးထုတ္

သ႐ုပ္ေဆာင္ ေမသန္းႏု အား တရားလိုျဖစ္သူ ေဒၚစန္းစန္းျမင့္မွ သဃၤန္းကြၽန္းၿမိဳ႕နယ္ တရား႐ုံးမွာ ဥပေဒပုဒ္မ ၄၂၀ (ဦးတိုက္) ျဖင့္ တရားစြဲဆိုထားတဲ့ ႐ုံးခ်ိန္းကို ေမသန္းႏု မွ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က လာေရာက္ခဲ့ပါတယ္။ ႐ုံးခ်ိန္းမွာေတာ့ တရားလိုျဖစ္သူနဲ႔ စြပ္စြဲခံရသူ ႏွစ္ဦးစလုံး လာေရာက္ခဲ့ၿပီး ေနာက္တႀကိမ္ ႐ုံးခ်ိန္း မွာေတာ့ မႈခင္းစီမံခန႔္ခြဲမႈ အစီအမံအရ အစည္းအေဝး ျပဳလုပ္ရန္ ခ်ိန္းဆိုခဲ့ေၾကာင္း သိရပါတယ္။

သဃၤန္းကြၽန္း တရား႐ုံးမွာ စြပ္စြဲခံထားရ တဲ့ အမႈအတြက္ သရုပ္ေဆာင္ ေမသန္းႏုအား ႐ုံးထုတ္

အဆိုပါအမႈ မွာေတာ့ တရားလိုျဖစ္သူ ေဒၚစန္းစန္းျမင့္က သ႐ုပ္ေဆာင္ ေမသန္းႏုအား ေနာက္တိုး တရားခံအျဖစ္ တရား႐ုံးကို ဦးတိုက္ေလွ်ာက္ထားကာ တရားစြဲဆိုခဲ့တာပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ ေမသန္းႏုဘက္မွလည္း အဆိုပါအမႈအတြက္ ေလွ်ာက္ထားခ်က္ တင္သြင္းခဲ့ေသာ္လည္း တဖက္မွ ကန႔္ကြက္ထားၿပီး ေနာက္တႀကိမ္ ႐ုံးခ်ိန္းမ်ားမွာ ျပန္လည္ ၾကားနာသြားမယ္လို႔ သိရပါတယ္။

သဃၤန္းကြၽန္း တရား႐ုံးမွာ စြပ္စြဲခံထားရ တဲ့ အမႈအတြက္ သရုပ္ေဆာင္ ေမသန္းႏုအား ႐ုံးထုတ္

တရားလိုျဖစ္သူ ေဒၚစန္းစန္းျမင့္မွ အမႈအတြက္ မီဒီယာမ်ားရဲ႕ ေမးျမန္းမႈအား စိတ္မေကာင္းျဖစ္ေနရတဲ့ အတြက္ ေျဖၾကားလိုျခင္း မရွိေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ေနာက္တႀကိမ္႐ုံးခ်ိန္းကိုေတာ့ ေဖေဖာ္ဝါရီလ ၁၈ရက္ေန႔ကို ျပန္လည္ ခ်ိန္းဆိုခဲ့ၿပီး မႈခင္းစီမံခန႔္ခြဲမႈ အစည္းအေဝး ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

သဃၤန္းကြၽန္း တရား႐ုံးမွာ စြပ္စြဲခံထားရ တဲ့ အမႈအတြက္ သရုပ္ေဆာင္ ေမသန္းႏုအား ႐ုံးထုတ္

ေမသန္းႏု ကိုေတာ့ ဇန္နဝါရီလ ၂၀ ရက္ေန႔က ရန္ကင္းၿမိဳ႕နယ္ တရား႐ုံးမွာ ပုဒ္မ ၄၂၀ ျဖင့္ ေထာင္ဒဏ္ ၁ ႏွစ္ ခ်မွတ္ခဲ့ၿပီး အဆိုပါ အမႈအတြက္လည္း ၂၀၁၆ ခုႏွစ္ကစတင္ကာ အမႈ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ အဆိုပါ ရန္ကင္းၿမိဳ႕နယ္ တရား႐ုံးမွ အမႈကေတာ့ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလမွာ စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး တရားလိုျဖစ္သူ ေဒၚစန္းစန္းျမင့္ထံမွ တိုက္ခန္း စရံေငြ သိန္း ၄၀၀ လိမ္လည္ ရယူသြားသည္ဟုဆိုကာ တိုင္တန္းခဲ့ရာမွ ေပၚေပါက္ခဲ့တဲ့အမႈ ျဖစ္တယ္လို႔ သိရပါတယ္။

သဃၤန္းကြၽန္း တရား႐ုံးမွာ စြပ္စြဲခံထားရ တဲ့ အမႈအတြက္ သရုပ္ေဆာင္ ေမသန္းႏုအား ႐ုံးထုတ္

ေမသန္းႏု ရဲ႕ ခင္ပြန္းေဟာင္းျဖစ္သူ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္နဲ႔ သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္ တို႔ကေတာ့ ေမသန္းႏုအတြက္ စိတ္မေကာင္းျခင္းမ်ားစြာ ျဖစ္လ်က္ရွိၿပီး ေရွ႕ေနမ်ား၊ မိသားစုဝင္မ်ားနဲ႔တိုင္ပင္ကာ ေမသန္းႏုရဲ႕အမႈအတြက္ ႀကိဳးစားေပးလ်က္ရွိတယ္လို႔ သိရပါတယ္။ ဧရာဝတီ

သဃၤန္းကြၽန္း တရား႐ုံးမွာ စြပ္စြဲခံထားရ တဲ့ အမႈအတြက္ သရုပ္ေဆာင္ ေမသန္းႏုအား ႐ုံးထုတ္

Unicode

သရုပ်ဆောင် မေသန်းနု အား တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်မှ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဥပဒေပုဒ်မ ၄၂၀ (ဦးတိုက်) ဖြင့် တရားစွဲဆိုထားတဲ့ ရုံးချိန်းကို မေသန်းနု မှ ဖေဖော်ဝါရီလ ၅ ရက်နေ့က လာရောက်ခဲ့ပါတယ်။ ရုံးချိန်းမှာတော့ တရားလိုဖြစ်သူနဲ့ စွပ်စွဲခံရသူ နှစ်ဦးစလုံး လာရောက်ခဲ့ပြီး နောက်တကြိမ် ရုံးချိန်း မှာတော့ မှုခင်းစီမံခန့်ခွဲမှု အစီအမံအရ အစည်းအဝေး ပြုလုပ်ရန် ချိန်းဆိုခဲ့ကြောင်း သိရပါတယ်။ အဆိုပါအမှု မှာတော့ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က သရုပ်ဆောင် မေသန်းနုအား နောက်တိုး တရားခံအဖြစ် တရားရုံးကို ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် မေသန်းနုဘက်မှလည်း အဆိုပါအမှုအတွက် လျှောက်ထားချက် တင်သွင်းခဲ့သော်လည်း တဖက်မှ ကန့်ကွက်ထားပြီး နောက်တကြိမ် ရုံးချိန်းများမှာ ပြန်လည် ကြားနာသွားမယ်လို့ သိရပါတယ်။ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်မှ အမှုအတွက် မီဒီယာများရဲ့ မေးမြန်းမှုအား စိတ်မကောင်းဖြစ်နေရတဲ့ အတွက် ဖြေကြားလိုခြင်း မရှိသေးကြောင်း ပြောဆိုခဲ့ပါတယ်။ နောက်တကြိမ်ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၁၈ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပြီး မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မေသန်းနု ကိုတော့ ဇန်နဝါရီလ ၂၀ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးမှာ ပုဒ်မ ၄၂၀ ဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပြီး အဆိုပါ အမှုအတွက်လည်း ၂၀၁၆ ခုနှစ်ကစတင်ကာ အမှု ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဆိုပါ ရန်ကင်းမြို့နယ် တရားရုံးမှ အမှုကတော့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ထံမှ တိုက်ခန်း စရံငွေ သိန်း ၄၀၀ လိမ်လည် ရယူသွားသည်ဟုဆိုကာ တိုင်တန်းခဲ့ရာမှ ပေါ်ပေါက်ခဲ့တဲ့အမှု ဖြစ်တယ်လို့ သိရပါတယ်။

မေသန်းနု ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင် တို့ကတော့ မေသန်းနုအတွက် စိတ်မကောင်းခြင်းများစွာ ဖြစ်လျက်ရှိပြီး ရှေ့နေများ၊ မိသားစုဝင်များနဲ့တိုင်ပင်ကာ မေသန်းနုရဲ့အမှုအတွက် ကြိုးစားပေးလျက်ရှိတယ်လို့ သိရပါတယ်။ ဧရာဝတီ

Add a Comment

Your email address will not be published. Required fields are marked *