မကောင်းမှု အကုသိုလ် ဖယ်ရှားနည်း

Posted on

မကောင်းမှု အကုသိုလ် ပယ်နည်း များ

(၁) မြင်ခြင်းဖြင့် ပယ်ခြင်း (ဒဿနာ ပဟာတဗ္ဗာ)


(၃) မှီဝဲခြင်းဖြင့် ပယ်ခြင်း (ပဋိသေဝနာ ပဟာတဗ္ဗာ)

(၄) သည်းခံခြင်းဖြင့် ပယ်ခြင်း (အဓိဝါသနာ ပဟာတဗ္ဗာ)



(၇) ပွါးခြင်းဖြင့် ပယ်ခြင်း (ဘာဝနာ ပဟာတဗ္ဗာ)





၎- ထိုနိဗ္ဗာန်ရောက်ရန် မဂ္ဂင်ရှစ်ပါးပွားရမည်ဟု သိမြင်ခြင်း)




(အစား၊ အဝတ်၊ နေရာ၊ ဆေးတို့ကို မိမိအကျိုး၊ အများအကျိုး၊ သာသနာ့အကျိုး ဆောင်နိုင်ရန် သင့်လျော်အောင် သုံးဆောင်ပါသည်ဟု ဆင်ခြင်၍ သုံးဆောင်ခြင်း)









အနှစ်ချုပ်အားဖြင့် အာရုံများနှင့် ကြုံကြိုက်လာလျှင် မသင့်မလျော် နှလုံးမသွင်းမဆင်ခြင်မိစေဘဲ သင့်လျော်အောင် နှလုံးသွင်းဆင်ခြင်ခြင်း ယောနိသောမနသိကာရ ဖြစ်အောင်ထားခြင်းဖြင့်ပင် အကုသိုလ်တရားတို့ကို ပယ်ပြီး ဖြစ်သွားပါလိမ့်မည်။ ဓမ္မစေတနာ

Unicode

အကုသိုလ် ပယ်နည်း များ

(၁) မြင်ခြင်းဖြင့်် ပယ်ခြင်း (ဒဿနာ ပဟာတဗ္ဗာ)

(၂) ပိတ်ခြင်းဖြင့် ပယ်ခြင်း (သံဝရာ ပဟာတဗ္ဗာ)

(၃) မှှီဝဲခြင်းဖြင့် ပယ်ခြင်း (ပဋိသေဝနာ ပဟာတဗ္ဗာ)

(၄) သည်းခံခြင်းဖြင့်် ပယ်ခြင်း (အဓိဝါသနာ ပဟာတဗ္ဗာ)

(၅) ရှောင်ကြဉ်ခြင်းဖြင့် ပယ်ခြင်း (ပရိဝဇ္ဇနာ ပဟာတဗ္ဗာ)

(၆) ဖျောက်ခြင်းဖြင့် ပယ်ခြင်း (ဝိနောဒနာ ပဟာတဗ္ဗာ)

(၇) ပွါးခြင်းဖြင့်် ပယ်ခြင်း (ဘာဝနာ ပဟာတဗ္ဗာ)

(၁) သစ္စာလေးပါးကို မြင်ခြင်းဖြင့် ပယ်ခြင်း

၁- မွေး၊ အို၊ နာ၊ သေ၊ မချစ်တာနဲ့တွဲ၊ ချစ်တာနဲ့ကွဲ၊ လိုရာမရခြင်း၊ ဥပါဒါနက္ခန္ဓာရှိနေခြင်း ဟူသော ဒုက္ခတို့ကို သိမြင်ခြင်း၊

၂- တဏှာ လောဘကြောင့် ဒုက္ခဖြစ်နေရသည်ဟု သိမြင်ခြင်း၊

၃- နိဗ္ဗာန်ရောက်မှ ဒုက္ခအားလုံး ချုပ်ငြိမ်းမည်ဟု သိမြင်ခြင်း၊

၄- ထိုနိဗ္ဗာန်ရောက်ရန် မဂ္ဂင်ရှစ်ပါးပွားရမည်ဟု သိမြင်ခြင်း)

(၂) မျက်စိ၊ နား၊ နှာ စသော ဣနြေ္ဒတို့ကို ပိတ်ခြင်းဖြင့် ပယ်ခြင်း

(အကုသိုလ်ဖြစ်စရာ အာရုံများကို မကြည့်မိ၊ နားမထောင်မိ မခံစားမိအောင် စောင့်ရှောက်ထိန်းချုပ်ခြင်း)

(၃) ဆွမ်း စသော ပစ္စည်းတို့ကို ဆင်ခြင်၍ မှီဝဲခြင်းဖြင့် ပယ်ခြင်း

(အစား၊ အဝတ်၊ နေရာ၊ ဆေးတို့ိကို မိမိအကျိုး၊ အများအကျိုး၊ သာသနာ့အကျိုး ဆောင်နိုင်ရန် သင့်လျော်အောင် သုံးဆောင်ပါသည်ဟု ဆင်ခြင်၍ သုံးဆောင်ခြင်း)

(၄) ဆင်းရဲဝေဒနာတို့ကို သည်းခံခြင်းဖြင့် ပယ်ခြင်း

(မကောင်းသောစကား၊ မကောင်းသောအတွေ့၊ အချမ်းအပူ၊ ခြင်၊ မှက်၊ လေ၊ နေ၊ အနာ၊ ရောဂါစသည်တို့ကို သည်းခံခြင်း)

(၅) နေရာမဟုတ်ရာ၊ ကျက်စားရာမဟုတ်ရာ၊ ယုတ်မာသော မိတ်ဆွေတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ပယ်ခြင်း

(ကိုယ်နှင့်မဆိုင်သော မသွားသင့်သော အရပ်၊ ကြမ်းသော ဆင်၊ မြင်း၊ ခွေး၊ မြွေ၊ သစ်ငုတ်၊ ချောက်ကမ်းပါး၊ အညစ်အကြေးရှိရာအရပ် စသည်တို့ကို ရှောင်ကြဉ်ခြင်း)

(၆) ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက်ကို ဖျောက်ဖျက်ခြင်းဖြင့် ပယ်ခြင်း

(ကာမဂုဏ်တို့ကို ကြံစည်ခြင်း၊ သူတစ်ပါးကို ပျက်စီးစေရန် ကြံစည်ခြင်း၊ ညှင်းဆဲရန် ကြံစည်ခြင်း ဟူသော မကောင်းသော အကြံတို့ကို ဖျောက်ဖျက်ခြင်း)

(၇) သတိသမ္ဗောဇ္ဈင် စသော ဗောဇ္ဈင် (၇)ပါးတို့ကို ပွားခြင်းဖြင့် ပယ်ခြင်း

(သတိ၊ ပညာ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ တို့ကို ပွါးများခြင်း)

အနှှစ်ချုပ်အားဖြင့် အာရုံများနှင့် ကြုံကြိုက်လာလျှင် မသင့်မလျော် နှလုံးမသွင်းမဆင်ခြင်မိစေဘဲ သင့်လျော်အောင် နှလုံးသွင်းဆင်ခြင်ခြင်း ယောနိသောမနသိကာရ ဖြစ်အောင်ထားခြင်းဖြင့်ပင် အကုသိုလ်တရားတို့ကို ပယ်ပြီး ဖြစ်သွားပါလိမ့်မည်။ ဓမ္မစေတနာ

Leave a Reply

Your email address will not be published. Required fields are marked *