မန္းေရႊစက္ေတာ္ ဘုရားဖူးမ်ား အတြက္ ေရမခ်ဳိးသင့္ေသာ မန္းေခ်ာင္း အတြင္းရိွ ေရနစ္ဝဲေနရာမ်ား

Posted on

မန္းေရႊစက္ေတာ္ ဘုရားဖူးမ်ား အတြက္ ေရမခ်ဳိးသင့္ေသာ မန္းေခ်ာင္း အတြင္းရိွ ေရနစ္ဝဲေနရာမ်ား အား သတိေပးတားျ မစ္…

မန္းေ႐ႊစက္ေတာ္ ဗုဒၶပူဇနိယ ဘုရားပြဲေတာ္သို႔ လာေရာက္ဖူးေျမႇာ္ၾကသည့္ ျမန္မာႏိုင္ငံတဝွမ္းမွ ဘုရားဖူးလာ ျပည္သူမ်ား မန္းေခ်ာင္းအတြင္းသို႔ ေရခ်ိဳးဆင္းခ်ိန္တြင္ အႏၲရာယ္ မျဖစ္ေစရန္ အဓိကရည္႐ြယ္၍ မန္းေ႐ႊစက္ေတာ္ ေဂါပကလူႀကီးမ်ား၏ လမ္းၫႊန္ခ်က္ျဖင့္ ေရနစ္ဝဲမ်ားရွိသည့္ ေနရာမ်ားကို ဝါးကပ္ၿခံမ်ားျဖင့္ ပိတ္ကာ အထူးသတိေပးစာမ်ား ခ်ိတ္ဆြဲျပသထားလွ်က္ရွိသည္။

တရုတ္၀ဲ

မန္းေ႐ႊစက္ေတာ္ ဗုဒၶပူဇနိယ ဘုရားပြဲေတာ္က်င္းပရာ ပြဲေတာ္ဝန္းအတြင္း မန္းေခ်ာင္းတေလွ်ာက္ရွိ ေရနစ္ေသဆုံးေလ့ရွိသည့္ အဓိက ေရနစ္ဝဲမ်ားရွိတဲ့ ေနရာမ်ားမွာ ဆင္ေသဝဲ၊ ေက်ာက္လက္ေမာင္းဝဲ၊ တ႐ုတ္ဝဲ၊ ေလွတင္ဝဲ ဟူ၍ အႏၲရာယ္ရွိတဲ့ေနရာ(၄) ေနရာကို ဘုရားဖူးမ်ား သတိထား ေရွာင္က်ဥ္၍ ေရခ်ိဳးၾကေစရန္ ၿခံခတ္ကာ သတိေပးစာေစာင္မ်ား ခ်ိတ္ဆြဲျပသ၍ အႏၲရာယ္ျဖစ္ေစတတ္ေသာ ေနရာအျဖစ္ တားျမစ္ကန႔္သတ္ထားပါသည္။ ထိုေနရာမ်ားတြင္ ေရဆင္းမခ်ဳိးၾကရန္ ဘုရားဖူးဧည့္သည္မ်ားအား ေမတၱာရပ္ခံပါသည္။

ေလွတင္၀ဲ

“မန္းေခ်ာင္းအတြင္းရွိ ေရနစ္ဝဲမ်ားအနက္ တ႐ုတ္ဝဲ ရဲ႕ ေရအနက္မွာ ခန႔္မွန္းေပ (၃၀)ခန႔္နက္၍ ႏွစ္စဥ္အမ်ားဆုံး ေရနစ္ေသဆုံးေလ့ရွိပါတယ္။ ဆင္ေသဝဲ ၊ ေက်ာက္လက္ေမာင္းဝဲ ႏွင့္ တ႐ုတ္ဝဲ စတဲ့ ေနရာ (၃)ခုကေတာ့ ပြဲေတာ္ဝန္းအတြင္းရွိၿပီး ေလွတင္ဝဲကေတာ့ ဘုရားပြဲေတာ္ဝန္းရဲ႕အျပင္ဘက္ ေလွတင္တံတားေအာက္မွာ ရွိပါတယ္။ ဘုရားဖူးလာ ျပည္သူမ်ားအေနနဲ႔ အထူးသတိေပးစာမ်ားကပ္ထားတဲ့ ဝါးကပ္ၿခံအတြင္း ဝင္ေရာက္ေရမခ်ိဳးမိေအာင္ အထူးသတိထားရမွာပါ။ အခုလို ေရနစ္ဝဲေတြရွိတဲ့ေနရာကို အႏၲရာယ္ျဖစ္ေစတဲ့ေနရာအျဖစ္ ကန႔္သတ္တားျမစ္ထားၿပီး ဘုရားဖူးလာ ျပည္သူမ်ားရဲ႕ အႏၲရာယ္ကင္းရွင္းစြာ ဖူးေျမႇာ္ၾကည္ညိဳႏိုင္ေစရန္ အဓိကရည္႐ြယ္၍ မန္းေ႐ႊစက္ေတာ္ ေဂါပကလူႀကီးမ်ား၏ လမ္းၫႊန္ခ်က္ျဖင့္ ေဆာင္႐ြက္ထားရွိတာပါ ” ဟု ဘုရားေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴး ဦးၾကည္လြင္မွ ေျပာသည္ ။

ေက်ာက္လက္ေမာင္း၀ဲ

မန္းေ႐ႊစက္ေတာ္ ပါဒေျခေတာ္ရာ ဗုဒၶပူဇနိယ ဘုရားပြဲေတာ္ကို ၂၀၁၉ ခုႏွစ္က (၆၈) ရက္ၾကာက်င္းပခဲ့ၿပီး ၂၀၂၀ ခုႏွစ္တြင္ ဇန္နဝါရီလ ၂၉) ရက္မွ ဧၿပီလ (၁၇)ရက္ေန႔အထိ ရက္ေပါင္း (၈၀)ၾကာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

မန္းေရႊစက္ေတာ္

မန္းေရႊစက္ေတာ္ ဘုရားဖူးဧည့္သည္မ်ားအတြက္ သတိျပဳႏိုင္ေစရန္ ေဖာ္ျပေပးလိုက္ပါသည္။ သုတ (မေကြး)

Unicode

မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်သို့ လာရောက်ဖူးမြှော်ကြသည့် မြန်မာနိုင်ငံတဝှမ်းမှ ဘုရားဖူးလာ ပြည်သူများ မန်းချောင်းအတွင်းသို့ ရေချိုးဆင်းချိန်တွင် အန္တရာယ်မဖြစ်စေရန် အဓိကရည်ရွယ်၍ မန်းရွှေစက်တော် ဂေါပကလူကြီးများ၏ လမ်းညွှန်ချက်ဖြင့် ရေနစ်ဝဲများရှိသည့် နေရာများကို ဝါးကပ်ခြံများဖြင့် ပိတ်ကာ အထူးသတိပေးစာများ ချိတ်ဆွဲပြသထားလျှက်ရှိသည်။

မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကျင်းပရာ ပွဲတော်ဝန်းအတွင်း မန်းချောင်းတလျှောက်ရှိ ရေနစ်သေဆုံးလေ့ရှိသည့် အဓိက ရေနစ်ဝဲများရှိတဲ့ နေရာများမှာ ဆင်သေဝဲ၊ ကျောက်လက်မောင်းဝဲ၊ တရုတ်ဝဲ၊ လှေတင်ဝဲ ဟူ၍ အန္တရာယ်ရှိတဲ့နေရာ(၄) နေရာကို ဘုရားဖူးများ သတိထား ရှောင်ကျဉ်၍ ရေချိုးကြစေရန် ခြံခတ်ကာ သတိပေးစာစောင်များ ချိတ်ဆွဲပြသ၍ အန္တရာယ်ဖြစ်စေတတ်သော နေရာအဖြစ် တားမြစ်ကန့်သတ်ထားပါသည်။ ထိုနေရာများတွင် ရေဆင်းမချိုးကြရန် ဘုရားဖူးဧည့်သည်များအား မေတ္တာရပ်ခံပါသည်။

“မန်းချောင်းအတွင်းရှိ ရေနစ်ဝဲများအနက် တရုတ်ဝဲ ရဲ့ ရေအနက်မှာ ခန့်မှန်းပေ (၃၀)ခန့်နက်၍ နှစ်စဉ်အများဆုံး ရေနစ်သေဆုံးလေ့ရှိပါတယ်။ ဆင်သေဝဲ ၊ ကျောက်လက်မောင်းဝဲ နှင့် တရုတ်ဝဲ စတဲ့ နေရာ (၃)ခုကတော့ ပွဲတော်ဝန်းအတွင်းရှိပြီး လှေတင်ဝဲကတော့ ဘုရားပွဲတော်ဝန်းရဲ့အပြင်ဘက် လှေတင်တံတားအောက်မှာ ရှိပါတယ်။ ဘုရားဖူးလာ ပြည်သူများအနေနဲ့ အထူးသတိပေးစာများကပ်ထားတဲ့ ဝါးကပ်ခြံအတွင်း ဝင်ရောက်ရေမချိုးမိအောင် အထူးသတိထားရမှာပါ။

အခုလို ရေနစ်ဝဲတွေရှိတဲ့နေရာကို အန္တရာယ်ဖြစ်စေတဲ့နေရာအဖြစ် ကန့်သတ်တားမြစ်ထားပြီး ဘုရားဖူးလာ ပြည်သူများရဲ့ အန္တရာယ်ကင်းရှင်းစွာ ဖူးမြှော်ကြည်ညိုနိုင်စေရန် အဓိကရည်ရွယ်၍ မန်းရွှေစက်တော် ဂေါပကလူကြီးများ၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်ထားရှိတာပါ ” ဟု ဘုရားကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်လွင်မှ ပြောသည် ။ မန်းရွှေစက်တော် ပါဒခြေတော်ရာ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ၂၀၁၉ ခုနှစ်က (၆၈) ရက်ကြာကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဇန်နဝါရီလ ၂၉) ရက်မှ ဧပြီလ (၁၇)ရက်နေ့အထိ ရက်ပေါင်း (၈၀)ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ မန်းရွှေစက်တော် ဘုရားဖူးဧည့်သည်များအတွက် သတိပြုနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။ သုတ (မကွေး)

Leave a Reply

Your email address will not be published. Required fields are marked *