ပုဂံနယ္ေျမရိွ ေရွးေဟာင္းကုန္း တစ္ခုေပၚသို႔ ကားျဖင့္တက္၍ အရက္ေသစာေသာက္စားခဲ့သည့္ တရုတ္ႏိုင္ငံသားႏွစ္ဦးကို ဒဏ္ေငြ(၃)သိန္းစီေပးေဆာင္ရန္ အမိန႔္ခ်

ပုဂံ ေရွးေဟာင္းယဉ္ေက်းမႈနယ္ေျမရိွ အေရ႔ွအိုးထိန္းေတာင္ကုန္းေပၚသို႔ ေမာ္ေတာ္ယာဉ္ျဖင့္တက္ၿပီး အရက္ေသစာေသာက္စားမူးယစ္ခဲ့သၫ့္ တရုတ္ႏိုင္ငံသားမ်ားအနက္ ယာဉ္ေမာင္းႏွစ္ဦးကို ေညာင္ဦးၿမိဳ႔နယ္တရားရံုးသို႔ ေဖေဖာ္ဝါရီ(၅)ရက္ ေန့လည္ပိုင္း က တရားစြဲတင္ခဲ့ရာ ၿမိဳ႔နယ္တရားသူႀကီးက တစ္ဦးလ်ွင္ဒဏ္ေငြ သံုးသိန္းစီေပးေဆာင္ရန္ အမိန႔္ခ်ခဲ့ေၾကာင္းသိရသည္။

ပုဂံနယ္ေျမရိွ ေရွးေဟာင္းကုန္း တစ္ခုေပၚသို႔ ကားျဖင့္တက္၍ အရက္ေသစာေသာက္စားခဲ့သည့္ တရုတ္ႏိုင္ငံသားႏွစ္ဦးကို ဒဏ္ေငြ(၃)သိန္းစီေပးေဆာင္ရန္ အမိန႔္ခ်

အဆိုပါ တရုတ္ႏိုင္ငံသား Mr.xing xiaojun ႏွင့္ Mr.zhu yongqlang တို႔အမႈကို ေဖေဖာ္ဝါရီ(၅)ရက္ မြန္းလြဲ(၃)နာရီတြင္ ေညာင္ဦးၿမိဳ႔နယ္ တရားရံုးသို႔ စြဲတင္ခဲ့ရာ တရားရံုးမွ ရာႀကီးအမွတ္ (၇၂/၂၀၂၀)ျဖင့္ လက္ခံခဲ့ၿပီး ၿမိဳ႔နယ္ တရားသူႀကီးေဒၚသ ဉၨာျမင့္က စစ္ေဆးခဲ့ရာ အမႈေပၚေပါက္ခဲ့သျဖင့္ တရားခံတရုတ္ႏွစ္ဦးအား တစ္ဦးလ်ွင္ ဒဏ္ေငြက်ပ္(၃)သိန္းစီေဆာင္ရန္ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

ပုဂံနယ္ေျမရိွ ေရွးေဟာင္းကုန္း တစ္ခုေပၚသို႔ ကားျဖင့္တက္၍ အရက္ေသစာေသာက္စားခဲ့သည့္ တရုတ္ႏိုင္ငံသားႏွစ္ဦးကို ဒဏ္ေငြ(၃)သိန္းစီေပးေဆာင္ရန္ အမိန႔္ခ်

ယင္းအမႈႏွင့္ပတ္သက္ၿပီး ေညာင္ဦးၿမိဳ႔နယ္တရားရံုးသို႔ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန(ပုဂံဌာနခြဲ)မွ စြဲဆိုထားေသာ ေရွးေဟာင္း အေဆာက္အအံုမ်ား ကာကြယ္ ထိန္းသမ္းေရး ဥပေဒ ပုဒ္မ-၂၁ ျဖစ္ၿပီး ယင္းပုဒ္မအတြက္ ျပစ္ဒဏ္သည္ ေထာင္ဒဏ္သည္ ၆ လ မွ ၁ ႏွစ္ထိျဖစ္ၿပီး ေငြဒဏ္မွာ အနည္းဆံုး ၃ သိန္းမွ ၁၅ သိန္းထိ သတ္မွတ္ထားသည္။

ပုဂံနယ္ေျမရိွ ေရွးေဟာင္းကုန္း တစ္ခုေပၚသို႔ ကားျဖင့္တက္၍ အရက္ေသစာေသာက္စားခဲ့သည့္ တရုတ္ႏိုင္ငံသားႏွစ္ဦးကို ဒဏ္ေငြ(၃)သိန္းစီေပးေဆာင္ရန္ အမိန႔္ခ်

“ အုတ္ကုန္းေပၚကိုတက္တဲ့ ကားႏွစ္စီးကိုေမာင္းတဲ့ တရုတ္ႏိုင္ငံသားႏွစ္ဦးကို ပုဂံၿမိဳ႔မရဲစခန္းမွာ အမႈဖြင့္လွစ္ခဲ့တာပါ။ ဒါကေရွးေဟာင္းကုန္းျဖစ္ေနတယ္။ ကားေတြတက္လို႔ မရဘူးေလ။ တက္ခြင့္ မရိွတဲ့ေနရာကိုတက္တဲ့အတြက္ အမႈဖြင့္တာပါ။ ၿခံစည္းရိုကာမယ္။ စည္းကမ္ခ်က္ေတြေထာင္သြားမယ္။”ဟု ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (ပုဂံဌာနခြဲ)ဒုတိယၫႊန္ၾကားေရးမွဴးျဖစ္သူ ဦးျမင့္သန္းက ေျပာၾကားထားသည္။

ပုဂံနယ္ေျမရိွ ေရွးေဟာင္းကုန္း တစ္ခုေပၚသို႔ ကားျဖင့္တက္၍ အရက္ေသစာေသာက္စားခဲ့သည့္ တရုတ္ႏိုင္ငံသားႏွစ္ဦးကို ဒဏ္ေငြ(၃)သိန္းစီေပးေဆာင္ရန္ အမိန႔္ခ်

ျဖစ္စဉ္မွာ ေဖေဖာ္ဝါရီ (၁) ရက္ေန့က ပုဂံေရွးေဟာင္းယဉ္ေက်းမႈနယ္ေျမတြင္ တရုတ္ႏိုင္ငံ မွ လာသည့္ ကား(၈)စီးတြင္ လူ(၁ဝ)ဦး ပါရိွၿပီး ယင္းတို႔အနက္ ကားႏွစ္စီးမွာအေပၚကို တက္သြားၿပီး က်န္သၫ့္ကားမ်ားမွာ ေအာက္တြင္ ရပ္ထားေၾကာင္း တက္သြားသၫ့္ ကားႏွစ္စီးေပၚတြင္ ဘီယာဖာႏွင့္ ထိုင္ခံုမ်ားတင္ေဆာင္ကာ ေသာက္သံုးခဲ့သၫ့္ အတြက္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (ပုဂံဌာနခြဲ)မွ ဦးဝင္းေအာင္ၾကည္က တရားလိုျပဳလုပ္၍ တရုတ္လူမ်ိဳးမ်ားျဖစ္သၫ့္ Mr.xing xiaojun ႏွင့္ Mr.zhu yongqlang တို႔ကို ပုဂံၿမိဳ႔မရဲစခန္းတြင္ (ပ) ၁၈/၂၀၂၀၊ ေရွးေဟာင္းအေဆာက္အအံုမ်ား ကာကြယ္ထိန္းသမ္းေရးဥပေဒပုဒ္မ-၂၁ျဖင့္ အမႈဖြင့္လွစ္ခဲ့ၿပီး ရဲတပ္ဖြဲ႔က ၄တို႔ႏွစ္ဦးကို ေဖေဖာ္ဝါရီ(၄)ရက္ေန့ ညေနပိုင္းက မႏၲေလးၿမိဳ႔၊ မဂၤလာမႏၲေလးဧရိယာရိွ ပူးမါးဟိုတယ္တြင္ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။ ဦးရာဇ

Unicode

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အရှေ့အိုးထိန်းတောင်ကုန်းပေါ်သို့ မော်တော်ယာဉ်ဖြင့်တက်ပြီး အရက်သေစာသောက်စားမူးယစ်ခဲ့သည့် တရုတ်နိုင်ငံသားများအနက် ယာဉ်မောင်းနှစ်ဦးကို ညောင်ဦးမြို့နယ်တရားရုံးသို့ ဖေဖော်ဝါရီ(၅)ရက် နေ့လည်ပိုင်း က တရားစွဲတင်ခဲ့ရာ မြို့နယ်တရားသူကြီးက တစ်ဦးလျှင်ဒဏ်ငွေ သုံးသိန်းစီပေးဆောင်ရန် အမိန့်ချခဲ့ကြောင်းသိရသည်။

အဆိုပါ တရုတ်နိုင်ငံသား Mr.xing xiaojun နှင့် Mr.zhu yongqlang တို့အမှုကို ဖေဖော်ဝါရီ(၅)ရက် မွန်းလွဲ(၃)နာရီတွင် ညောင်ဦးမြို့နယ် တရားရုံးသို့ စွဲတင်ခဲ့ရာ တရားရုံးမှ ရာကြီးအမှတ် (၇၂/၂၀၂၀)ဖြင့် လက်ခံခဲ့ပြီး မြို့နယ် တရားသူကြီးဒေါ်သ ဉ္ဇာမြင့်က စစ်ဆေးခဲ့ရာ အမှုပေါ်ပေါက်ခဲ့သဖြင့် တရားခံတရုတ်နှစ်ဦးအား တစ်ဦးလျှင် ဒဏ်ငွေကျပ်(၃)သိန်းစီဆောင်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ညောင်ဦးမြို့နယ်တရားရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ)မှ စွဲဆိုထားသော ရှေးဟောင်း အဆောက်အအုံများ ကာကွယ် ထိန်းသမ်းရေး ဥပဒေ ပုဒ်မ-၂၁ ဖြစ်ပြီး ယင်းပုဒ်မအတွက် ပြစ်ဒဏ်သည် ထောင်ဒဏ်သည် ၆ လ မှ ၁ နှစ်ထိဖြစ်ပြီး ငွေဒဏ်မှာ အနည်းဆုံး ၃ သိန်းမှ ၁၅ သိန်းထိ သတ်မှတ်ထားသည်။

“ အုတ်ကုန်းပေါ်ကိုတက်တဲ့ ကားနှစ်စီးကိုမောင်းတဲ့ တရုတ်နိုင်ငံသားနှစ်ဦးကို ပုဂံမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့တာပါ။ ဒါကရှေးဟောင်းကုန်းဖြစ်နေတယ်။ ကားတွေတက်လို့ မရဘူးလေ။ တက်ခွင့် မရှိတဲ့နေရာကိုတက်တဲ့အတွက် အမှုဖွင့်တာပါ။ ခြံစည်းရိုကာမယ်။ စည်းကမ်ချက်တွေထောင်သွားမယ်။”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးမြင့်သန်းက ပြောကြားထားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၁) ရက်နေ့က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တရုတ်နိုင်ငံ မှ လာသည့် ကား(၈)စီးတွင် လူ(၁ဝ)ဦး ပါရှိပြီး ယင်းတို့အနက် ကားနှစ်စီးမှာအပေါ်ကို တက်သွားပြီး ကျန်သည့်ကားများမှာ အောက်တွင် ရပ်ထားကြောင်း တက်သွားသည့် ကားနှစ်စီးပေါ်တွင် ဘီယာဖာနှင့် ထိုင်ခုံများတင်ဆောင်ကာ သောက်သုံးခဲ့သည့် အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ဦးဝင်းအောင်ကြည်က တရားလိုပြုလုပ်၍ တရုတ်လူမျိုးများဖြစ်သည့် Mr.xing xiaojun နှင့် Mr.zhu yongqlang တို့ကို ပုဂံမြို့မရဲစခန်းတွင် (ပ) ၁၈/၂၀၂၀၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသမ်းရေးဥပဒေပုဒ်မ-၂၁ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ရဲတပ်ဖွဲ့က ၄တို့နှစ်ဦးကို ဖေဖော်ဝါရီ(၄)ရက်နေ့ ညနေပိုင်းက မန္တလေးမြို့၊ မင်္ဂလာမန္တလေးဧရိယာရှိ ပူးမါးဟိုတယ်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဦးရာဇ

Add a Comment

Your email address will not be published. Required fields are marked *