ဇနီးဖြစ်သူ က ကျန်းမာရေး အခြေအနေ ရှင်းပြနေတုန်း မျက်ရည်ကျခဲ့ ရတဲ့ သရုပ်ဆောင် ဗေလုဝ (ဗီဒီယို)


ဇနီးဖြစ်သူ က ကျန်းမာရေး အခြေအနေ ရှင်းပြနေတုန်း မျက်ရည်ကျခဲ့ ရတဲ့ သရုပ်ဆောင် ဗေလုဝ
ဇနီးဖြစ်သူ က ကျန်းမာရေး အခြေအနေ ရှင်းပြနေတုန်း မျက်ရည်ကျခဲ့ ရတဲ့ သရုပ်ဆောင် ဗေလုဝ


ဇနီးဖြစ်သူ က ကျန်းမာရေး အခြေအနေ ရှင်းပြနေတုန်း မျက်ရည်ကျခဲ့ ရတဲ့ သရုပ်ဆောင် ဗေလုဝ


Unicode

နိုင်ငံကျော် ဟာသ သရုပ်ဆောင် ၊ စာပေဟောပြောသူ တစ်ဦးဖြစ် တဲ့ ဦးဗေလုဝ ကတော့ ဘီလူး ဆိုတဲ့ ရုပ်ရှင်ကားနဲ့ အတူ ပြည်သူတွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ရဲရင့်တဲ့ စိတ် ၊ ဟာသဉာဏ်တွေကြောင့် ပရိတ်သတ်က အထူး အားပေးသူလည်းဖြစ် ပါတယ်နော်။

မကြာသေးခင်က ဦးဗေတစ်ယောက် ဦးနှောက်သွေးကြောက်ပေါက်ပြီး ပင်လုံဆေးရုံးကြီး မှာ အရေးပေါ်ကုသခဲ့ရပါတယ်။ ဖြစ်စကတော့ ဘယ်သူ့ကိုမှတ် မမှတ်မိနိုင်အောင် ဦးနှောက်မှတ်ဉာဏ် ထိခိုက်သွားခဲ့ပြီး ယခုတော့ ကျန်းမာရေးအခြေအနေ တိုးတက်လျှက်ရှိတယ်လို့ သိရပါတယ်။ ဦးဗေဟာ ဦးနှောက်သွေးကြောပေါက်ပေမယ့် စကားမပြောနိုင်ဖြစ်ပြီး မိသားစုကို အသိမပေးပဲ အလုပ်တွေကိုသာ လုပ်နေခဲ့တာလို့ ဇနီးဖြစ်သူက ပြောပါတယ်။

အခုတော့ ဆေးရုံက ဆင်းပြီးတော့ ကျန်းမာရေး အခြေအနေက ယခင်ကထက်များစွာ တိုးတက်လာပါတယ်။ ဒီအတွက် အားပေးခဲ့သူ ဆုတောင်းပေးခဲ့သူများကိုလည်း ကျေးဇူးတင်မိတယ်လို့ အခုလိုပဲ ဆိုပါတယ်။( ဦးဗေ တစ်ယောက် ကျန်းမာရေး ကတော့ ပိုမို ကောင်းမွန်လာပါပြီ။ မကြာခင်မှာ စာပေဟောပြောပွဲတွေကို ဟောပြောနိုင်လာမှာပါ။ ဆုတောင်းပေးခဲ့ကြသူတွေ ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် )လို့ ဇနီးဖြစ်သူကဆိုပါတယ်။ အင်တာဗျူးနေချိန်မှာတော့ ဦးဗေဟာ စိတ်ထိခိုက် ဝမ်းနည်းပြီး မျက်ရည်ကျနေတာ ကို တွေ့ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *