ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈအား ရပ္တန႔္ႏိုင္ရန္ အခြင့္အလမ္း ရွိေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ထုတ္ျပန္

တ႐ုတ္ ႏိုင္ငံ တြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ ကူးစက္ခံရသူ အေရအတြက္သည္ ၂၄၀၀၀ ေက်ာ္ႏွင့္ ေသဆုံးသူ အေရအတြက္သည္ ၅၀၀ နီးပါးအထိ ျမင့္တက္လာခဲ့ၿပီး ေနာက္ထပ္ လူသန္းႏွင့္ခ်ီအား ေနအိမ္ထဲတြင္သာ ေနထိုင္ၾကရန္ တိုက္တြန္းထားစဥ္ ထို ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈအား ရပ္တန႔္ႏိုင္ရန္ ကမာၻႀကီးတြင္ အခြင့္အလမ္းရွိေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ထုတ္ျပန္ခဲ့သည္။

2019-nCoV ဗိုင္းရပ္စ္ ကူးစက္မႈျဖစ္ပြားခဲ့ေၾကာင္း လတ္တေလာတြင္ တ႐ုတ္ျပင္ပမွ ႏိုင္ငံ ၂၀ ေက်ာ္က အတည္ျပဳထားၾကၿပီး WHO ကလည္း ကမာၻလုံးဆိုင္ရာ အမ်ားျပည္သူ က်န္းမာေရးဆိုင္ရာ အေရးေပၚအေျခအေန ေၾကညာခဲ့ကာ အစိုးရအမ်ားအျပားက ခရီးသြားလာမႈမ်ား ကန႔္သတ္၍ ေလေၾကာင္းလိုင္းမ်ားက တ႐ုတ္ႏွင့္ အသြားအျပန္ ခရီးစဥ္မ်ားကို ဆိုင္းငံ့ခဲ့သည္။ သို႔ေသာ္ တ႐ုတ္၏ အလြန္အမင္း ႀကိဳးပမ္းလုပ္ေဆာင္ေနမႈေၾကာင့္ ထိုဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈအား ရပ္ဆိုင္းပစ္ရန္ အခြင့္အလမ္းရွိႏိုင္ေၾကာင္း WHO က ေဖေဖာ္ဝါရီ ၄ တြင္ ထုတ္ျပန္ခဲ့သည္။

ထိုကူးစက္မႈမ်ား၏ ၉၉ ရာခိုင္ႏႈန္းသည္ တ႐ုတ္တြင္ ျဖစ္ပြားေနၿပီး ကမာၻတစ္ဝန္းရွိ က်န္ေနရာမ်ားတြင္ ကူးစက္မႈ ၁၇၀ ေက်ာ္သာ ရွိခဲ့ေၾကာင္း၊ ယင္းသည္ အေျခအေန ပိုမဆိုးလာႏိုင္ဟု သေဘာမဟုတ္ေၾကာင္း၊ သို႔ေသာ္ မိမိတို႔တြင္ တုံ႔ျပန္ေဆာင္႐ြက္ႏိုင္ရန္ အခြင့္အလမ္း ရွိေနေၾကာင္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာၾကားခဲ့သည္။

စင္ကာပူ၊ မေလးရွားႏွင့္ ထိုင္းတို႔၌ တ႐ုတ္သို႔ မသြားေရာက္ခဲ့သူမ်ားတြင္ ကူးစက္မႈသစ္မ်ား ျဖစ္ေပၚခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ခ်ိန္တြင္ WHO ၏ ေၾကညာခ်က္ ထြက္လာခဲ့ျခင္းျဖစ္သည္။ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈသည္ ကမာၻလုံးအတိုင္းအတာအထိ မေရာက္ရွိေသးေၾကာင္းလည္း WHO က ထုတ္ျပန္ထားသည္။

သို႔ေသာ္ ခ်မ္းသာေသာႏိုင္ငံမ်ားသည္ အခ်က္အလက္မ်ား မွ်ေဝေပးရမည့္ ၎တို႔၏ဝတၱရားမ်ားကို ျပည့္ေျမာက္ေအာင္ လုပ္ေဆာင္ျခင္း မရွိၾကေၾကာင္း Tedros က ေျပာၾကားခဲ့သည္။ တ႐ုတ္ျပင္ပတြင္ လတ္တေလာအထိ ျဖစ္ပြားခဲ့မႈ ၁၇၆ မႈ၌ WHO သည္ ၃၈ ရာခိုင္ႏႈန္းခန႔္သာ ျပည့္စုံေသာအစီရင္ခံစာမ်ား ရရွိခဲ့ေၾကာင္းလည္း ၎က ေျပာၾကားခဲ့သည္။

တ႐ုတ္တြင္ လူဦးေရထူထပ္ေသာ အျခားၿမိဳ႕ျပေဒသမ်ားသို႔ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မည္ကို စိုးရိမ္မႈျမင့္တက္ေနသည့္ လကၡဏာအျဖစ္ အာဏာပိုင္မ်ားက ရွန္ဟိုင္းအနီးရွိ ၿမိဳ႕တစ္ၿမိဳ႕အပါအဝင္ ၿမိဳ႕သုံးၿမိဳ႕တြင္ သြားလာလႈပ္ရွားမႈမ်ားအား ကန႔္သတ္ခဲ့သည္။ တ႐ုတ္အြန္လိုင္း ကူးသန္းေရာင္းဝယ္ေရး ကုမၸဏီႀကီး အလီဘာဘာ၏ အဓိက႐ုံး အေျခစိုက္ေသာေဒသ အပါအဝင္ ဟန္က်ိဳးၿမိဳ႕၏ အစိတ္အပိုင္းမ်ားတြင္ လိုအပ္ေသာပစၥည္းမ်ားအား ဝယ္ယူႏိုင္ေရးအတြက္ အိမ္ေထာင္စု တစ္စုလွ်င္ လူတစ္ဦးကို ႏွစ္ရက္ျခား တစ္ႀကိမ္သာ အျပင္ထြက္ခြင့္ျပဳခဲ့သျဖင့္ အျခားလူသုံးသန္းခန႔္ကို သက္ေရာက္ေစခဲ့သည္။

ထိုၿမိဳ႕သည္ ဗိုင္းရပ္စ္ကူးစက္မႈ ၂၀၀ ေက်ာ္ကို အတည္ျပဳထားၿပီး လူတစ္ဦး ေသဆုံးထားေသာ ရွန္ဟိုင္းၿမိဳ႕မွ ၁၇၅ ကီလိုမီတာ (မိုင္ ၁၁၀) အကြာတြင္ တည္ရွိသည္။

တ႐ုတ္သည္ ဟူေပျပည္နယ္တြင္ လူသန္း ၅၀ ေက်ာ္အား ပိတ္ေလွာင္ထားသည္ဟု ယူဆရေသာ ေဆာင္႐ြက္မႈ အပါအဝင္ မႀကဳံစဖူး တုံ႔ျပန္ေဆာင္႐ြက္မႈမ်ား ျပဳလုပ္ေနေသာ္လည္း ထိုဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈအား ထိန္းခ်ဳပ္ႏိုင္ရန္ ႐ုန္းကန္ေနရသည္။ ထိုဗိုင္း ရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈအား တုံ႔ျပန္မႈတြင္ အားနည္းခ်က္မ်ားႏွင့္ အခက္အခဲမ်ားရွိခဲ့ေၾကာင္း တ႐ုတ္ကြန္ျမဴနစ္ပါတီက ယခုသီတင္းပတ္ အေစာပိုင္းတြင္ ဝန္ခံခဲ့သည္။ news-eleven

Unicode

တရုတ်နိုင်ငံ တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကူးစက်ခံရသူ အရေအတွက်သည် ၂၄၀၀၀ ကျော်နှင့် သေဆုံးသူ အရေအတွက်သည် ၅၀၀ နီးပါးအထိ မြင့်တက်လာခဲ့ပြီး နောက်ထပ် လူသန်းနှင့်ချီအား နေအိမ်ထဲတွင်သာ နေထိုင်ကြရန် တိုက်တွန်းထားစဉ် ထို ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ရပ်တန့်နိုင်ရန် ကမ္ဘာကြီးတွင် အခွင့်အလမ်းရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ခဲ့သည်။

2019-nCoV ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားခဲ့ကြောင်း လတ်တလောတွင် တရုတ်ပြင်ပမှ နိုင်ငံ ၂၀ ကျော်က အတည်ပြုထားကြပြီး WHO ကလည်း ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့ကာ အစိုးရအများအပြားက ခရီးသွားလာမှုများ ကန့်သတ်၍ လေကြောင်းလိုင်းများက တရုတ်နှင့် အသွားအပြန် ခရီးစဉ်များကို ဆိုင်းငံ့ခဲ့သည်။ သို့သော် တရုတ်၏ အလွန်အမင်း ကြိုးပမ်းလုပ်ဆောင်နေမှုကြောင့် ထိုဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ရပ်ဆိုင်းပစ်ရန် အခွင့်အလမ်းရှိနိုင်ကြောင်း WHO က ဖေဖော်ဝါရီ ၄ တွင် ထုတ်ပြန်ခဲ့သည်။

ထိုကူးစက်မှုများ၏ ၉၉ ရာခိုင်နှုန်းသည် တရုတ်တွင် ဖြစ်ပွားနေပြီး ကမ္ဘာတစ်ဝန်းရှိ ကျန်နေရာများတွင် ကူးစက်မှု ၁၇၀ ကျော်သာ ရှိခဲ့ကြောင်း၊ ယင်းသည် အခြေအနေ ပိုမဆိုးလာနိုင်ဟု သဘောမဟုတ်ကြောင်း၊ သို့သော် မိမိတို့တွင် တုံ့ပြန်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်း ရှိနေကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားခဲ့သည်။

စင်ကာပူ၊ မလေးရှားနှင့် ထိုင်းတို့၌ တရုတ်သို့ မသွားရောက်ခဲ့သူများတွင် ကူးစက်မှုသစ်များ ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ချိန်တွင် WHO ၏ ကြေညာချက် ထွက်လာခဲ့ခြင်းဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာလုံးအတိုင်းအတာအထိ မရောက်ရှိသေးကြောင်းလည်း WHO က ထုတ်ပြန်ထားသည်။

သို့သော် ချမ်းသာသောနိုင်ငံများသည် အချက်အလက်များ မျှဝေပေးရမည့် ၎င်းတို့၏ဝတ္တရားများကို ပြည့်မြောက်အောင် လုပ်ဆောင်ခြင်း မရှိကြကြောင်း Tedros က ပြောကြားခဲ့သည်။ တရုတ်ပြင်ပတွင် လတ်တလောအထိ ဖြစ်ပွားခဲ့မှု ၁၇၆ မှု၌ WHO သည် ၃၈ ရာခိုင်နှုန်းခန့်သာ ပြည့်စုံသောအစီရင်ခံစာများ ရရှိခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်တွင် လူဦးရေထူထပ်သော အခြားမြို့ပြဒေသများသို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်မှုမြင့်တက်နေသည့် လက္ခဏာအဖြစ် အာဏာပိုင်များက ရှန်ဟိုင်းအနီးရှိ မြို့တစ်မြို့အပါအဝင် မြို့သုံးမြို့တွင် သွားလာလှုပ်ရှားမှုများအား ကန့်သတ်ခဲ့သည်။ တရုတ်အွန်လိုင်း ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီကြီး အလီဘာဘာ၏ အဓိကရုံး အခြေစိုက်သောဒေသ အပါအဝင် ဟန်ကျိုးမြို့၏ အစိတ်အပိုင်းများတွင် လိုအပ်သောပစ္စည်းများအား ဝယ်ယူနိုင်ရေးအတွက် အိမ်ထောင်စု တစ်စုလျှင် လူတစ်ဦးကို နှစ်ရက်ခြား တစ်ကြိမ်သာ အပြင်ထွက်ခွင့်ပြုခဲ့သဖြင့် အခြားလူသုံးသန်းခန့်ကို သက်ရောက်စေခဲ့သည်။

ထိုမြို့သည် ဗိုင်းရပ်စ်ကူးစက်မှု ၂၀၀ ကျော်ကို အတည်ပြုထားပြီး လူတစ်ဦး သေဆုံးထားသော ရှန်ဟိုင်းမြို့မှ ၁၇၅ ကီလိုမီတာ (မိုင် ၁၁၀) အကွာတွင် တည်ရှိသည်။

တရုတ်သည် ဟူပေပြည်နယ်တွင် လူသန်း ၅၀ ကျော်အား ပိတ်လှောင်ထားသည်ဟု ယူဆရသော ဆောင်ရွက်မှု အပါအဝင် မကြုံစဖူး တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်နေသော်လည်း ထိုဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရသည်။ ထိုဗိုင်း ရပ်စ်ကူးစက်ပျံ့နှံ့မှုအား တုံ့ပြန်မှုတွင် အားနည်းချက်များနှင့် အခက်အခဲများရှိခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီက ယခုသီတင်းပတ် အစောပိုင်းတွင် ဝန်ခံခဲ့သည်။ news-eleven

Add a Comment

Your email address will not be published. Required fields are marked *