အားပေးတဲ့ ချစ်ပရိသတ်တွေကို ဒူးထောက်တောင်းပန်ချင်တဲ့ထိ အားနာမိတယ်ဆိုတဲ့ နေလင်းကျော်


ချစ်ပရိသတ်တွေကို ဒူးထောက်တောင်းပန်ချင်တဲ့ထိ အားနာမိတယ်ဆိုတဲ့ နေလင်းကျော် …
ချစ်ပရိသတ်တွေကို ဒူးထောက်တောင်းပန်ချင်တဲ့ထိ အားနာမိတယ်ဆိုတဲ့ နေလင်းကျော် …


ချစ်ပရိသတ်တွေကို ဒူးထောက်တောင်းပန်ချင်တဲ့ထိ အားနာမိတယ်ဆိုတဲ့ နေလင်းကျော် …


ချစ်ပရိသတ်တွေကို ဒူးထောက်တောင်းပန်ချင်တဲ့ထိ အားနာမိတယ်ဆိုတဲ့ နေလင်းကျော် …
ချစ်ပရိသတ်တွေကို ဒူးထောက်တောင်းပန်ချင်တဲ့ထိ အားနာမိတယ်ဆိုတဲ့ နေလင်းကျော် …

Unicode

တစ်နိုင်ငံလုံး အတိုင်းအတာ နဲ ပရိသတ်တွေ အားပေးကြည့်ရှုခဲ့ကြတဲ့ Myanmar Idol Season-4 အစီစဉ်မှာ Top 10 ထိ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ နေလင်းကျော်ကိုတော့ ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါ ။ စိတ်မကောင်းစွာနဲ့ပဲ Winner ဆုနဲ့လွဲချော်ခဲ့ရပေမယ့် အားပေးတဲ့ ပရိသတ်တွေနဲ့အတူ ဂီတလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနေပြီပဲဖြစ်ပါတယ် ။ နေလင်းကျော် အနေနဲ့ ပြိုင်ပွဲဝင်နေစဉ်ကာလမှာရော ပြိုင်ပွဲပြီးသွားချိန်တွေမှာပါ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ် ။

ဝေဖန်ခံရချိန် မှာလည်း သူကိုယ်တိုင်တင်မကဘဲ သူ့ကို အားပေးသူတွေကိုပါ ထိတဲ့အတွက် စိတ်မကောင်းဖြစ်ရပြီး သူတို့တွေကြောင့် ဒီနေရာထိရောက်လာခဲ့ရတာပါလို့ နေလင်းကျော်က ပြောပြလာခဲ့ပါတယ် ။ သူ့ကိုချစ်လို့အားပေးပြီး Voting ပေးခဲ့ကြတာဖြစ်တဲ့အတွက် သူတို့ကိုပါ သွားပြီးထိခိုက်တဲ့အခါ စိတ်မကောင်းဖြစ်လွန်းလို့ အရမ်းဝမ်းနည်းတယ် လို့လည်း နေလင်းကျော်က ပြောပြခဲ့ပါသေးတယ် ။ သူ့ကြောင့် ပရိသတ်တွေပါ ထိခိုက်ရတဲ့အတွက် အားနာလွန်းလို့ ဒူးပါထောက်ပြီးတောင်းပန်ချင်တဲ့ စိတ်အထိတောင်ဖြစ်မိပါတယ် လို့လည်း ပရိသတ်တွေကို ဖွင့်ဟခဲ့ပါသေးတယ် ။

ချစ်သူဟောင်း ကို ကိုယ်ထိလက်ရောက် နာကျင်အောင် ဆက်ဆံခဲ့တယ်ဆိုတဲ့ အပိုင်းမှာလည်း “ ကျွန်တော်ဟာ ဘယ်တော့မှ ကိုယ့်ဘက်က စပြီး လူတစ်ယောက်ကို လက်ပါတတ်တဲ့ လူစားမဟုတ်ဘူး ဒီလူတစ်ယောက်က လူတစ်ယောက် အပေါ်ဘယ်လောက်ထိ ဒေါသဖြစ်စေအောင် လုပ်ခဲ့သလဲဆိုတာနဲ့ လက်ပါခဲ့လား မပါခဲ့လားဆိုတာကို ကိုယ့်ကိုယ်ကို အသိဆုံးပဲ “ လို့လည်း ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ ဒီလက်ပါတယ်ဆိုတဲ့ ကိစ္စတွေကိုလည်း ပြန်ဖြေရှင်းမှာမဟုတ်သလို ဒါတွေအားလုံးကိုပြောတဲ့ ကာယကံရှင် အသိဆုံးဖြစ်မှာပါလို့ ပရိသတ်တွေကို အတိလင်းပြောပြခဲ့တာဖြစ်ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *