သူ(မ) ရဲ့ ကင်ဆာရောဂါဝေဒနာ အတွက် ထပ်မံ စစ်ဆေးမှုတွေပြုလုပ်ခဲ့ရတဲ့ မီးမီးခဲ


သူ(မ)ရဲ့ ကင်ဆာရောဂါဝေဒနာအတွက် ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့ရတဲ့ မီးမီးခဲ …


သူ(မ)ရဲ့ ကင်ဆာရောဂါဝေဒနာအတွက် ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့ရတဲ့ မီးမီးခဲ …


သူ(မ)ရဲ့ ကင်ဆာရောဂါဝေဒနာအတွက် ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့ရတဲ့ မီးမီးခဲ …


Unicode

အဆိုတော် မီးမီးခဲ ဟာ ကင်ဆာရောဂါဝေဒနာ အတွက် (၃) လ (၁) ခါ ဆေးစစ် ၊ ကုသမှုကို ခံယူနေရတာဖြစ်ပြီး ယနေ့မှာတော့ ကင်ဆာရောဂါဝေဒနာ အတွက် ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့ရတဲ့ အကြောင်းကို “တနေကုန် check up လုပ်နေရတာ အင်မတန်မှ မောပန်းနုံး ကျေးဇူးတော်နဲ့ ဂရုဏာတော်ကြောင့် အပြုံးမပျက်နိုင်ပါ။ မနက်ဖြန် အတွက်အဖြေလဲ ဆုတောင်းပေးကြဖို့ မမေ့ပါနဲ့နော်..” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မီးမီးခဲ ကတော့ (၂၀၀၇)ခုနှစ်မှာ ရင်သားကင်ဆာ အဆင့်(၄)ရောဂါနဲ့ (၂၀၀၉)ခုနှစ် ဧပြီလလောက်မှာ ညာဘက်ဦးခေါင်းခွံ အနောက်ဘက်မှာ ကင်ဆာအကြိတ် စတဲ့ရောဂါဝေဒနာတွေကို ခံစားခဲ့ရတာလည်းဖြစ်ပါတယ်။ ရောဂါဝေဒနာတွေ ခံစားခဲ့ရပေမဲ့လည်း စိတ်ဓာတ် ခိုင်မာစွာနဲ့ ဆေးကုသမှုတွေ ခံယူနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတော့ သူရဲ့ ညာဘက်ခြေထောက် ဟာ အင်မတန်နာကျင်မှုကို ခံစားနေရပြီ ရောဂါဝေဒနာထပ် မဖြစ်ဖို့ကိုလည်း ဆုတောင်းပေးကြဖို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေဖော်ပြခဲ့ပါသေးတယ်။ သူဟာ (၂၀၁၉)နိုဝင်ဘာလ(၄)ရက်နေ့မှာ စစ်ခဲ့တဲ့ ဆေးစစ်ဆေးမှုမှာတော့ ညာဘက် ဦးခေါင်းခွံအနောက်ဘက် မှာရှိတဲ့ ကင်ဆာဆဲလ်တွေ မရှိတော့သလို ခြေထောက်နာတာကလည်း ကင်ဆာ ကာကွယ်ဆေးတွေသောက်ရလို့ နာတာဖြစ်ကြောင်း ဆေးစစ်ချက်ထွက်လာခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ အဆိုတော် မီးမီးခဲကတော့ ကင်ဆာရောဂါဝေဒနာ အတွက် (၃) လ (၁) ခါ ဆေးစစ် ၊ ကုသမှုကို ခံယူနေရတာဖြစ်ပြီး ယနေ့မှာတော့ ကင်ဆာရောဂါဝေဒနာ အတွက် ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့ရပါတယ်တဲ့။ ပရိသတ်တွေကို မနက်ဖြန်ထွက်မယ့် ဆေးစစ်ချင်အဖြေအတွက်လည်း ဝိုင်းဝန်းဆုတောင်းပေးဖို့ တောင်းဆိုထားပါတယ်။ Source: The Real Mee Mee Khel-မီးမီးခဲ

Add a Comment

Your email address will not be published. Required fields are marked *