ယခုေဖာ္ျပပါ အေျခအေနမ်ိဳးမွ လြဲ၍ ျပည္သူမ်ား ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (Mask) တပ္စရာ မလိုပါဘူးလို႔ သကၠမိုးညိဳေျပာဆို

ေလာကႀကီးမွာ အေၾကာက္တရား ဆိုတာ ႏွစ္ဖက္သြား ဓား လိုပါပဲ။ တဖက္မွာ ေဒါသနဲ႕ ဖ်က္ဆီးတဲ့ဘက္ကို ေရာက္သြားႏိုင္သလို တျခားတဖက္ မွာလည္း စြမ္းအား အျပည့္နဲ႕ မွန္ကန္တဲ့ဆီကို ေရာက္ဖို႕ တြန္းအားေတြ ရိွေနပါတယ္။ ၀ူဟန္ဗိုင္းရပ္စ္ ကိစၥမွာ ျပည္သူေတြ အေနနဲ႕ ေၾကာက္ဖို႕ ေကာင္းတာကို သိရိွၿပီးေတာ့ ဒီအေၾကာက္တရားကေန တဆင့္ အမူအက်င့္ေကာင္းေတြကို ေလ့က်င့္ေပးရပါမယ္။

ဒီေနရာမွာ ဟိုလူ မလုပ္ရေကာင္းလား၊ ဒီလူ မလုပ္ရေကာင္းလားလို႕ အျပစ္တင္ေနမယ့္အစား (တခ်ိဳ႕က ဘာလုပ္ရမွန္း မသိတာ ျဖစ္ႏိုင္သလို လုပ္ဖို႕ သိရင္လည္း ေနာက္မွာ တြဲဆိုင္းထားတဲ့ အေျခအေနအရ လုပ္မရတာလည္း ရိွႏိုင္ပါတယ္) ကိုယ္ႏိုင္သေလာက္ေလးကို လုပ္ဖို႕ လိုပါတယ္။

ယခုေဖာ္ျပပါ အေျခအေနမ်ိဳးမွ လြဲ၍ ျပည္သူမ်ား ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (Mask) တပ္စရာ မလိုပါဘူးလို႔ သကၠမိုးညိဳေျပာဆို

ကိုယ့္ျပည္ထဲက လူေတြ အက်င့္လား မသိဘူး။ သူတပါး ဒုကၡေရာက္တာကို နင္းၿပီးေတာ့ အၾကပ္ကိုင္ အျမတ္ထုတ္ခ်င္သူ ၀ိသမ ေလာဘသားေတြကလည္း ေတာေၾကာင္ေတြလို ေစာင့္ေနၾကတာ။ ၅၀ တန္ surgical mask ေလးတစ္ခုကို ၅၀၀ ေစ်းတင္ေရာင္းတယ္။ ဟို အရင္တခါ virus outbreak တုန္းကလည္း N95 တခု တေထာင္ တေထာင့္ငါးရာကို တေသာင္း တေသာင္းခြဲ တင္ေရာင္းၾကေလရဲ႕။

ယခုေဖာ္ျပပါ အေျခအေနမ်ိဳးမွ လြဲ၍ ျပည္သူမ်ား ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (Mask) တပ္စရာ မလိုပါဘူးလို႔ သကၠမိုးညိဳေျပာဆို

ဒါေၾကာင့္ အခုလို mask မလိုရင္ တပ္စရာမလိုဘူးဆိုတာကို ျပည္သူကို အသိေပးပါ။ ကိုယ့္မိတ္ေဆြနဲ႕ စကားႀကံဳရင္ ေျပာပါ။ ေစ်း၀ယ္ရင္း ေစ်းသည္ကို ရွင္းျပခဲ့ပါ။ ေနာက္ လက္ကို ခနခနေဆးဖို႕လည္း ရွင္းျပခဲ့ပါ။ ဆပ္ျပာနဲ႕ ေရနဲ႕ မေဆးႏိုင္ရင္ hand jel နဲ႕ ေဆးဖို႕ ေျပာပါ။

ဒါက သာမန္ျပည္သူေတြ အတြက္ပါ။ social influencer ျဖစ္ျဖစ္၊ အမ်ားျပည္သူအၾကား ေက်ာ္ၾကားသူ ဆယ္လီ ျဖစ္ျဖစ္ ႀကံဳရင္ ႀကံဳသလို ျပည္သူကို အသိေပးဖို႕ လိုပါတယ္။ ဘယ္သူမွ မခိုင္းေပမယ့္ တာ၀န္ ယူေပးပါ။ အထူးသျဖင့္ ဆရာ၀န္ ဆယ္လီေတြ ပို လုပ္သင့္ပါတယ္။ နန္းေမြစံတို႕၊ ခင္ဆုရည္တို႕၊ ဟဲ… ပိုင္ၿဖိဳးသုတို႕… ဆက္ေျပာရင္ မိန္းမက သတ္ေတာ့မယ္။ လူပိုသိေအာင္လို႔ပါ…

ျပည္သူ႕က်န္းမာေရး အေရးေပၚ အေျခအေနကို ေက်ာ္လြန္ဖို႕ ဆိုတာက ျပည္သူအားလံုးက ပါ၀င္မွပါ။ ျပည္သူ အားလံုးပါဖို႕ ဆိုရင္ မပါသူေတြအတြက္ ပါႏိုင္သူေတြက ပိုအားစိုက္ ေခၚငင္ေပးရမွာပါ။ အစိုးရကလည္း ျပည္သူ ယံုၾကည္မွဳ ပိုလာေအာင္ ပိုမို အားထုတ္ရပါလိမ့္မယ္။ အပ်က္စကားေတြနဲ႕ တြန္းပို႕မယ့္ အစား ခြန္အားေတြ စုစည္းဖို႕ လိုပါတယ္။ ေရးသားသူ – သကၠမိုးညိဳ

Unicode

အကြောက်တရား ဆိုတာ နှစ်ဖက်သွား ဓား လိုပါပဲ။ တဖက်မှာ ဒေါသနဲ့ ဖျက်ဆီးတဲ့ဘက်ကို ရောက်သွားနိုင်သလို တခြားတဖက် မှာလည်း စွမ်းအား အပြည့်နဲ့ မှန်ကန်တဲ့ဆီကို ရောက်ဖို့ တွန်းအားတွေ ရှိနေပါတယ်။ ဝူဟန်ဗိုင်းရပ်စ် ကိစ္စမှာ ပြည်သူတွေ အနေနဲ့ ကြောက်ဖို့ ကောင်းတာကို သိရှိပြီးတော့ ဒီအကြောက်တရားကနေ တဆင့် အမူအကျင့်ကောင်းတွေကို လေ့ကျင့်ပေးရပါမယ်။

ဒီနေရာမှာ ဟိုလူ မလုပ်ရကောင်းလား၊ ဒီလူ မလုပ်ရကောင်းလားလို့ အပြစ်တင်နေမယ့်အစား (တချို့က ဘာလုပ်ရမှန်း မသိတာ ဖြစ်နိုင်သလို လုပ်ဖို့ သိရင်လည်း နောက်မှာ တွဲဆိုင်းထားတဲ့ အခြေအနေအရ လုပ်မရတာလည်း ရှိနိုင်ပါတယ်) ကိုယ်နိုင်သလောက်လေးကို လုပ်ဖို့ လိုပါတယ်။

ကိုယ့်ပြည်ထဲက လူတွေ အကျင့်လား မသိဘူး။ သူတပါး ဒုက္ခရောက်တာကို နင်းပြီးတော့ အကြပ်ကိုင် အမြတ်ထုတ်ချင်သူ ဝိသမ လောဘသားတွေကလည်း တောကြောင်တွေလို စောင့်နေကြတာ။ ၅၀ တန် surgical mask လေးတစ်ခုကို ၅၀၀ ဈေးတင်ရောင်းတယ်။ ဟို အရင်တခါ virus outbreak တုန်းကလည်း N95 တခု တထောင် တထောင့်ငါးရာကို တသောင်း တသောင်းခွဲ တင်ရောင်းကြလေရဲ့။

ဒါကြောင့် အခုလို mask မလိုရင် တပ်စရာမလိုဘူးဆိုတာကို ပြည်သူကို အသိပေးပါ။ ကိုယ့်မိတ်ဆွေနဲ့ စကားကြုံရင် ပြောပါ။ ဈေးဝယ်ရင်း ဈေးသည်ကို ရှင်းပြခဲ့ပါ။ နောက် လက်ကို ခနခနဆေးဖို့လည်း ရှင်းပြခဲ့ပါ။ ဆပ်ပြာနဲ့ ရေနဲ့ မဆေးနိုင်ရင် hand jel နဲ့ ဆေးဖို့ ပြောပါ။

ဒါက သာမန်ပြည်သူတွေ အတွက်ပါ။ social influencer ဖြစ်ဖြစ်၊ အများပြည်သူအကြား ကျော်ကြားသူ ဆယ်လီ ဖြစ်ဖြစ် ကြုံရင် ကြုံသလို ပြည်သူကို အသိပေးဖို့ လိုပါတယ်။ ဘယ်သူမှ မခိုင်းပေမယ့် တာဝန် ယူပေးပါ။ အထူးသဖြင့် ဆရာဝန် ဆယ်လီတွေ ပို လုပ်သင့်ပါတယ်။ နန်းမွေစံတို့၊ ခင်ဆုရည်တို့၊ ဟဲ… ပိုင်ဖြိုးသုတို့… ဆက်ပြောရင် မိန်းမက သတ်တော့မယ်။ လူပိုသိအောင်လို့ပါ…

ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေကို ကျော်လွန်ဖို့ ဆိုတာက ပြည်သူအားလုံးက ပါဝင်မှပါ။ ပြည်သူ အားလုံးပါဖို့ ဆိုရင် မပါသူတွေအတွက် ပါနိုင်သူတွေက ပိုအားစိုက် ခေါ်ငင်ပေးရမှာပါ။ အစိုးရကလည်း ပြည်သူ ယုံကြည်မှု ပိုလာအောင် ပိုမို အားထုတ်ရပါလိမ့်မယ်။ အပျက်စကားတွေနဲ့ တွန်းပို့မယ့် အစား ခွန်အားတွေ စုစည်းဖို့ လိုပါတယ်။ ရေးသားသူ – သက္ကမိုးညို

Add a Comment

Your email address will not be published. Required fields are marked *