မႏၲေလး တြင္ ေသနတ္ျပကာ ေငြလႊဲခိုင္းသူ ကို ဆိုုင္ဝန္ထမ္း အမ်ိဳးသမီးက နပန္းလံုးဖမ္းဆီး

မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ ၿမိဳ႕နယ္ ရွိ ေ၀့ဗ္မန္းနီး ေငြလႊဲဆိုင္တြင္ အမ်ိဳးသား တစ္ဦးက ေငြလႊဲခိုင္းၿပီး ေသနတ္ျပ ၿခိမ္းေျခာက္ဟန္ျပဳစဥ္ ဆိုင္ရွင္ အမ်ိဳးသမီးက နပန္းလံုးကာ ဖမ္းဆီးခဲ့မႈ ေဖေဖာ္ဝါရီ (၃)ရက္ ညေနပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႔မွ သတင္းရရွိသည္။

ေဖေဖာ္ဝါရီ (၃)ရက္ ညေနပိုင္းက ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၅၈လမ္း၊ ေအလမ္းႏွင့္ဘီလမ္းၾကားရွိ Wave Money ေငြလႊဲဆိုင္သို႔ လူငယ္ အမ်ိဳးသားတစ္ဦး ေရာက္ရွိလာၿပီး ေငြ သုံးသိန္းက်ပ္ လႊဲခိုင္းခဲ့ေၾကာင္း၊ ဆိုင္ရွိအမ်ိဴသမီးက လႊဲေပးၿပီး လႊဲေငြတာင္းရာ အမ်ိဳးသားက ေငြမေပးဘဲ ေသနတ္ ထုတ္ျပသျဖင့္ အမ်ိဳးသမီးက ဝင္ေရာက္နပန္းလုံး ဖမ္းဆီးကာ ရဲလက္အပ္ခဲ့ျခင္း ျဖစ္သည္။

မႏၲေလး တြင္ ေသနတ္ျပကာ ေငြလႊဲခိုင္းသူ ကို ဆိုုင္ဝန္ထမ္း အမ်ိဳးသမီးက နပန္းလံုးဖမ္းဆီး

ေသနတ္ျပသည့္ အမ်ိဳးသားသည္ အသက္ (၂၃)ႏွစ္အရြယ္ ျဖစ္ၿပီး ေသနတ္မွာမူ မီးျခစ္ေသနတ္ျဖစ္ေၾကာင္း၊ ဆိုင္ရွိ အမ်ိဳးသမီးက နပန္းလံုးခဲ့ရာ အမ်ားျပည္သူမွ ဝိုင္းဝန္းဖမ္းဆီၿပီး ရဲတပ္ဖြဲ႕ထံ အပ္ခဲ့ျခင္းျဖစ္သည္ဟု ခ်မ္းျမသာစည္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ တာဝန္ရွိ ရဲအရာရွိတစ္ဦး ေျပာသည္။

“ဆိုင္ကယ္နဲ႔ လာတယ္၊ ေငြလႊဲခ်င္လို႔ဆိုၿပီး လာေျပာတယ္။ ဒီေကာင္က ဆိုဒ္က သားသားနားနားဆိုေတာ့ ေကာင္မေလးကလည္း ယုံၿပီး လႊဲေပးလိုက္တယ္။ ၿပီးေတာ့ ပိုက္ဆံေတာင္းတဲ့အခ်ိန္မွာ မေပးဘူး။ ဒီ‌ေကာင္က လုတာ မဟုတ္ဘူး။ လႊဲခိုင္းျပီး မေပးတာ။ မေပးေတာ့ ဘာလုပ္လဲဆို လည္သာအက်ီၤကို လွပ္ျပတယ္။ အထဲမွာ ေသနတ္တစ္လက္ ပါတယ္။ မေပးေတာ့ ဟိုေကာင္မေလးက အဲ့ေသနတ္လဲ မေၾကာက္ဘူး အဲ့ေကာင္ကို နပမ္းလုံးၿပီး ဖမ္းတယ္။ မိတယ္။ မိေတာ့ အဲ့ေသနတ္ကို စစ္လိုက္ေတာ့ မီးျခစ္ေသနတ္ျဖစ္ေနတယ္” ဟု အထက္ပါ ရဲအရာရွိက ေျပာသည္။

မႏၲေလး တြင္ ေသနတ္ျပကာ ေငြလႊဲခိုင္းသူ ကို ဆိုုင္ဝန္ထမ္း အမ်ိဳးသမီးက နပန္းလံုးဖမ္းဆီး

ဖမ္းဆီးမိသည့္ အဆိုပါ အမ်ိဳးသားကို ရဲတပ္ဖြဲ႕က စစ္ေဆးရာ ဆိုင္ကယ္အတြင္းမွ ဓား‌ေျမႇာင္တစ္လက္ႏွင့္ ဇက္ေသာ့ခ်ိဳးထားသည့္ ဆိုင္ကယ္ကို စစ္ေဆးေတြ႕ရွိခဲ့သည္ဟု ဆိုသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မီးျခစ္ေသနတ္ျပကာ လိမ္လည္ေငြလႊဲခိုင္းသည့္ အမ်ိဳးသားကို ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေအာင္ပင္လယ္နယ္ေျမရဲစခန္းတြင္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ၃၈၀/၅၄ လက္နက္အက္ဥပေဒပုဒ္မ ၁၉(င) ျဖင့္ အမႈဖြင့္ဖမ္းဆီးထားေၾကာင္း သတင္းရရွိသည္။ Ref – MIN

Unicode

မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ရှိ ဝေ့ဗ်မန်းနီး ငွေလွှဲဆိုင်တွင် အမျိုးသား တစ်ဦးက ငွေလွှဲခိုင်းပြီး သေနတ်ပြ ခြိမ်းခြောက်ဟန်ပြုစဉ် ဆိုင်ရှင် အမျိုးသမီးက နပန်းလုံးကာ ဖမ်းဆီးခဲ့မှု ဖေဖော်ဝါရီ (၃)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖေဖော်ဝါရီ (၃)ရက် ညနေပိုင်းက ချမ်းမြသာစည်မြို့နယ် ၅၈လမ်း၊ အေလမ်းနှင့်ဘီလမ်းကြားရှိ Wave Money ငွေလွှဲဆိုင်သို့ လူငယ် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ငွေ သုံးသိန်းကျပ် လွှဲခိုင်းခဲ့ကြောင်း၊ ဆိုင်ရှိအမျိူသမီးက လွှဲပေးပြီး လွှဲငွေတာင်းရာ အမျိုးသားက ငွေမပေးဘဲ သေနတ် ထုတ်ပြသဖြင့် အမျိုးသမီးက ဝင်ရောက်နပန်းလုံး ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ခြင်း ဖြစ်သည်။

သေနတ်ပြသည့် အမျိုးသားသည် အသက် (၂၃)နှစ်အရွယ် ဖြစ်ပြီး သေနတ်မှာမူ မီးခြစ်သေနတ်ဖြစ်ကြောင်း၊ ဆိုင်ရှိ အမျိုးသမီးက နပန်းလုံးခဲ့ရာ အများပြည်သူမှ ဝိုင်းဝန်းဖမ်းဆီပြီး ရဲတပ်ဖွဲ့ထံ အပ်ခဲ့ခြင်းဖြစ်သည်ဟု ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိတစ်ဦး ပြောသည်။

“ဆိုင်ကယ်နဲ့ လာတယ်၊ ငွေလွှဲချင်လို့ဆိုပြီး လာပြောတယ်။ ဒီကောင်က ဆိုဒ်က သားသားနားနားဆိုတော့ ကောင်မလေးကလည်း ယုံပြီး လွှဲပေးလိုက်တယ်။ ပြီးတော့ ပိုက်ဆံတောင်းတဲ့အချိန်မှာ မပေးဘူး။ ဒီ‌ကောင်က လုတာ မဟုတ်ဘူး။ လွှဲခိုင်းပြီး မပေးတာ။ မပေးတော့ ဘာလုပ်လဲဆို လည်သာအကျီၤကို လှပ်ပြတယ်။ အထဲမှာ သေနတ်တစ်လက် ပါတယ်။ မပေးတော့ ဟိုကောင်မလေးက အဲ့သေနတ်လဲ မကြောက်ဘူး အဲ့ကောင်ကို နပမ်းလုံးပြီး ဖမ်းတယ်။ မိတယ်။ မိတော့ အဲ့သေနတ်ကို စစ်လိုက်တော့ မီးခြစ်သေနတ်ဖြစ်နေတယ်” ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

ဖမ်းဆီးမိသည့် အဆိုပါ အမျိုးသားကို ရဲတပ်ဖွဲ့က စစ်ဆေးရာ ဆိုင်ကယ်အတွင်းမှ ဓား‌မြှောင်တစ်လက်နှင့် ဇက်သော့ချိုးထားသည့် ဆိုင်ကယ်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီးခြစ်သေနတ်ပြကာ လိမ်လည်ငွေလွှဲခိုင်းသည့် အမျိုးသားကို ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၈၀/၅၄ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ Ref – MIN

Add a Comment

Your email address will not be published. Required fields are marked *