ဖုန္း နဲ႕ ကြန္ျပဴတာမ်ား ကို အလ်င္အျမန္ ပ်က္စီး​ေစတဲ့ မွားယြင္းေနေသာ လုပ္ေဆာင္မႈမ်ား

ဖုန္း နဲ႕ ကြန္ျပဴတာ တစ္ခုမွ မရွိတဲ့ အိမ္ ဆိုတာ မရွိေလာက္ပါဘူး ။ ဖုန္းေတြဆိုတာ ကြၽန္ေတာ္တို႔ အတြက္ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႕ လိုအပ္ေနတဲ့ အရာေတြျဖစ္ပါတယ္။ ဒါေပမယ့္ ကိုယ့္ရဲ႕ အမွားေၾကာင္း ဒီပစၥည္းေတြ မၾကာခနပ်က္ဆီးေနရင္ေတာ့ ေငြကုန္ေၾကးက်မ်ားေန ရပါလိမ့္မယ္။ ဒီေတာ့ ဘယ္လိုလုပ္ေဆာင္ရင္ ပစၥည္းေတြ ပ်က္ဆီးမလဲ ၊ ဘယ္လိုမလုပ္ရဘူးဆိုတာကို ကြၽန္ေတာ္တို႔ေျပာျပသြားမွာပါ။

၁- ဖုန္းကို ေရခ်ိဳးခန္း ၊ အိမ္သာထဲသို႔ ယူသြားျခင္း

ဖုန္း ကို အိမ္သာထဲ ယူသြားမယ္ဆိုရင္ ပထမတစ္ခ်က္က လက္ေခ်ာ္ၿပီး အိမ္သာတြင္းထဲ က်သြားနိုင္တယ္ ။ တကယ္လို႔ အဲ့လိုက်သြားခဲ့လို မပ်က္ဆီးခဲ့ရင္ေတာင္ သင္ အဲ့ဒီဖုန္းကိုသုံးခ်င္မွာ မဟုတ္ေတာ့ပါဘူး။ ဒုတိယအခ်က္က ဖုန္းကို အားသြင္းႀကိဳးနဲ႕တြဲလ်က္ ေရခ်ိဳးခန္းထဲ ယူသြားမယ္ဆိုရင္ ဓါတ္လိုက္နိုင္ကိန္းရွိၿပီး အသက္အႏၲရာယ္ ရွိလာနိုင္ပါတယ္။ ထို႔အျပင္ အိမ္သာထဲကို ငါးမိနစ္ေလာက္သာ ဖုန္းယူသြားခဲ့ရင္ေတာင္ သင့္က်န္းမာေရးကို ထိခိုက္ေစနိုင္စြမ္း ရွိတယ္လို႔ သုေတသီေတြကေျပာျပထားပါတယ္။

၂ – ကြန္ျပဴတာေရွ႕မွာပဲ မနက္စာ စားျခင္း

သင္ စားေသာက္တာ ဘယ္ေလာက္ပဲသပ္ရပ္သပ္ရပ္ ၊ အနည္းဆုံးေတာ့ ေပါင္မုန႔္ႂကြပ္က အမုန္ေတြ ကီးဘုတ္ၾကားမွာ ညပ္က်န္ေနခဲ့နိုင္ပါတယ္။ ကီးဘုတ္ၾကားမွာ အမႈန္ေတြမ်ားလာတဲ့ အခါ ကီးေတြညပ္ၿပီး ရိုက္လို႔မရျဖစ္လာတတ္ပါတယ္။ ထို႔အျပင္ ေကာ္ဖီခြက္ေမွာက္သြားခဲံမယ္ ဆိုရင္လည္း သင့္ရဲ႕ အဖိုးတန္ကီးဘုတ္ေလး ပ်က္ဆီးသြားနိုင္ပါေသးတယ္။

၃- တစ္ညလုံး ဖုန္းအားသြင္းထားျခင္း

သင့္ဖုန္းကို သိပ္ၿပီးေတာ့ တန္ဖိုးမထားရင္ေတာ့ တစ္ႏွစ္ပတ္လုံး အားသြင္းထားလည္း ကိစၥမရွိပါဘူး။ ဒါေပမ့ယ္ သင့္ဖုန္းကို လ်င္လ်င္ျမန္ျမန္ မပ်က္ဆီးခ်င္ရင္ေတာ့ တစ္ညလုံး အားသြင္းထားတာမ်ိဳး မလုပ္တာ အေကာင္းဆုံးပါပဲ။ ညဘက္အိပ္တဲ့အခါ အားသြင္းထားၿပီး မနက္နိုးလာတဲ့အခါမွာ ဖုန္းကိုၾကည့္ရင္ အားျပည့္ေနေတာ့ အလြန္အဆင္ေျပလြန္းတဲ့ နည္းလမ္းဆိုေပမယ့္ ဖုန္းရဲ႕ဘတၳရီအတြက္ေတာ့ သိပ္ေကာင္းတဲ့ နည္းလမ္းမဟုတ္ပါဘူး။ လစ္သီယန္ အိုင္ယြန္ ဘတၳရီေတြ ဟာဆိုရင္ ဘတၳရီအားအျပည့္သြင္းရင္ အပ်က္ျမန္တဲ့ ဘတၳရီအမ်ိဳးအစားေတြ ပဲျဖစ္ပါတယ္။

၄- ဖုန္းအား အကုန္သုံးပစ္ျခင္း

စမတ္ဖုန္းေတြကို မီးအား ရာႏႈန္းျပည့္သုံးစြဲလို႔ရေအာင္ ပရိုဂရမ္ ထည့္သြင္းထားေပမယ့္ ၀ ရာခိုင္ႏႈန္း အထိသုံးမယ္ဆိုရင္ ဘတၳရီလ်င္လ်င္ျမန္ျမန္ ပ်က္ဆီးေစပါတယ္။ ဒီေတာ့ ဘတၳရီကို အနိမ့္ဆုံး ၂၀ ရာခိုင္ႏႈန္း အထိသာသုံးၿပီး ျပန္လည္အားျဖည့္ေပးသင့္ပါတယ္။

၅- Laptop ကို LCD မွကိုင္ၿပီး မျခင္း

Laptop ပ်က္ဆီးျခင္း ရဲ႕ ၁၇ ရာခိုင္ႏႈန္းဟာ LCD ပ်က္ဆီးတာပဲျဖစ္ပါတယ္။ Laptop LCD ကိုဖိၿပီးမ မယ္ဆိုရင္ အမဲစက္ေတြ ထင္လာနိုင္ၿပီး အဆိုးဆုံးအေျခအေနမွာ LCD ေပါက္တဲ့ အထိျဖစ္နိုင္ပါတယ္။ ထို႔အျပင္ Laptop LCD ကို အေပါစားေဆးေတြနဲ႕ သန႔္ရွင္းေရး မလုပ္သင့္ပါဘူး။

၆- ကားထဲမွာ ဖုန္းေတြ Laptop ေတြထားခဲ့ျခင္း

ေနပူထဲမွာ ရပ္ထားတဲ့ကားထဲမွာဆိုရင္ အပူလြန္ကဲမႈ အၿမဲတမ္းျဖစ္ေနေလ့ ရွိပါတယ္။ ဒီလိုအခ်ိန္မွာ ဖုန္းေတြ Laptop ေတြကို ကားထဲမွာထားခဲ့မယ္ဆိုရင္ CPU ေတြေလာင္သြားၿပီး ပ်က္ဆီးသြားနိုင္ပါတယ္။ ထို႔အျပင္ အလြန္ေအးခဲေနတဲ့ အခ်ိန္မ်ိဳးမွာ ဖုန္းေတြကို ကားထဲမွာ ထားခဲ့မယ္ဆိုရင္လည္း ဘတၳရီေတြ ပ်က္ဆီးသြားနိုင္ပါတယ္။

၇- ေတြ႕ကရာ အားသြင္းႀကိဳးအသုံးျပဳျခင္း

သင့္သူငယ္ခ်င္း အိမ္ေရာက္တုန္း သင့္ဖုန္းေတြ လက္ေတာ့ေတြ အားသြင္းဖူးမွာပါ။ မီးအားဝင္တယ္ဆိုေပမယ့္ သင့္ရဲ႕ပစၥည္းေတြကို အားသြင္းဖို႔ လုံးဝမသင့္ေတာ္ပါဘူး။ ဖုန္းေတြ လက္ေတာ့ေတြ မွာပါဝင္တဲ့ ဆားကစ္ေတြဟာ သူ႕ရဲ႕အားသြင္းစနစ္နဲ႕ပဲ ကိုက္ညီေအာင္ ထုတ္ထားတာျဖစ္တဲ့အတြက္ တျခားအားသြင္းႀကိဳးနဲ႕ သြင္းမယ္ဆိုရင္ ပ်က္ဆီးသြားနိုင္ေခ်ရွိလာနိုင္ပါတယ္။

Unicode

ဖုန်း နဲ့ကွန်ပြူတာ တစ်ခုမှ မရှိတဲ့ အိမ်ဆိုတာ မရှိလောက်ပါဘူး ။ ဖုန်းတွေဆိုတာ ကျွန်တော်တို့ အတွက် နည်းလမ်းအမျိုးမျိုးနဲ့ လိုအပ်နေတဲ့ အရာတွေဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အမှားကြောင်း ဒီပစ္စည်းတွေ မကြာခနပျက်ဆီးနေရင်တော့ ငွေကုန်ကြေးကျများနေ ရပါလိမ့်မယ်။ ဒီတော့ ဘယ်လိုလုပ်ဆောင်ရင် ပစ္စည်းတွေ ပျက်ဆီးမလဲ ၊ ဘယ်လိုမလုပ်ရဘူးဆိုတာကို ကျွန်တော်တို့ပြောပြသွားမှာပါ။

၁- ဖုန်းကို ရေချိုးခန်း ၊ အိမ်သာထဲသို့ ယူသွားခြင်း

ဖုန်း ကို အိမ်သာထဲ ယူသွားမယ်ဆိုရင် ပထမတစ်ချက်က လက်ချော်ပြီး အိမ်သာတွင်းထဲ ကျသွားနိုင်တယ် ။ တကယ်လို့ အဲ့လိုကျသွားခဲ့လို မပျက်ဆီးခဲ့ရင်တောင် သင် အဲ့ဒီဖုန်းကိုသုံးချင်မှာ မဟုတ်တော့ပါဘူး။ ဒုတိယအချက်က ဖုန်းကို အားသွင်းကြိုးနဲ့တွဲလျက် ရေချိုးခန်းထဲ ယူသွားမယ်ဆိုရင် ဓါတ်လိုက်နိုင်ကိန်းရှိပြီး အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။ ထို့အပြင် အိမ်သာထဲကို ငါးမိနစ်လောက်သာ ဖုန်းယူသွားခဲ့ရင်တောင် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်စွမ်း ရှိတယ်လို့ သုတေသီတွေကပြောပြထားပါတယ်။

၂ – ကွန်ပြူတာရှေ့မှာပဲ မနက်စာ စားခြင်း

သင် စားသောက်တာ ဘယ်လောက်ပဲသပ်ရပ်သပ်ရပ် ၊ အနည်းဆုံးတော့ ပေါင်မုန့်ကြွပ်က အမုန်တွေ ကီးဘုတ်ကြားမှာ ညပ်ကျန်နေခဲ့နိုင်ပါတယ်။ ကီးဘုတ်ကြားမှာ အမှုန်တွေများလာတဲ့ အခါ ကီးတွေညပ်ပြီး ရိုက်လို့မရဖြစ်လာတတ်ပါတယ်။ ထို့အပြင် ကော်ဖီခွက်မှောက်သွားခဲံမယ် ဆိုရင်လည်း သင့်ရဲ့ အဖိုးတန်ကီးဘုတ်လေး ပျက်ဆီးသွားနိုင်ပါသေးတယ်။

၃- တစ်ညလုံး ဖုန်းအားသွင်းထားခြင်း

သင့်ဖုန်းကို သိပ်ပြီးတော့ တန်ဖိုးမထားရင်တော့ တစ်နှစ်ပတ်လုံး အားသွင်းထားလည်း ကိစ္စမရှိပါဘူး။ ဒါပေမ့ယ် သင့်ဖုန်းကို လျင်လျင်မြန်မြန် မပျက်ဆီးချင်ရင်တော့ တစ်ညလုံး အားသွင်းထားတာမျိုး မလုပ်တာ အကောင်းဆုံးပါပဲ။ ညဘက်အိပ်တဲ့အခါ အားသွင်းထားပြီး မနက်နိုးလာတဲ့အခါမှာ ဖုန်းကိုကြည့်ရင် အားပြည့်နေတော့ အလွန်အဆင်ပြေလွန်းတဲ့ နည်းလမ်းဆိုပေမယ့် ဖုန်းရဲ့ဘတ္ထရီအတွက်တော့ သိပ်ကောင်းတဲ့ နည်းလမ်းမဟုတ်ပါဘူး။ လစ်သီယန် အိုင်ယွန် ဘတ္ထရီတွေ ဟာဆိုရင် ဘတ္ထရီအားအပြည့်သွင်းရင် အပျက်မြန်တဲ့ ဘတ္ထရီအမျိုးအစားတွေ ပဲဖြစ်ပါတယ်။

၄- ဖုန်းအား အကုန်သုံးပစ်ခြင်း

စမတ်ဖုန်းတွေကို မီးအား ရာနှုန်းပြည့်သုံးစွဲလို့ရအောင် ပရိုဂရမ် ထည့်သွင်းထားပေမယ့် ၀ ရာခိုင်နှုန်း အထိသုံးမယ်ဆိုရင် ဘတ္ထရီလျင်လျင်မြန်မြန် ပျက်ဆီးစေပါတယ်။ ဒီတော့ ဘတ္ထရီကို အနိမ့်ဆုံး ၂၀ ရာခိုင်နှုန်း အထိသာသုံးပြီး ပြန်လည်အားဖြည့်ပေးသင့်ပါတယ်။

၅- Laptop ကို LCD မှကိုင်ပြီး မခြင်း

Laptop ပျက်ဆီးခြင်း ရဲ့ ၁၇ ရာခိုင်နှုန်းဟာ LCD ပျက်ဆီးတာပဲဖြစ်ပါတယ်။ Laptop LCD ကိုဖိပြီးမ မယ်ဆိုရင် အမဲစက်တွေ ထင်လာနိုင်ပြီး အဆိုးဆုံးအခြေအနေမှာ LCD ပေါက်တဲ့ အထိဖြစ်နိုင်ပါတယ်။ ထို့အပြင် Laptop LCD ကို အပေါစားဆေးတွေနဲ့ သန့်ရှင်းရေး မလုပ်သင့်ပါဘူး။

၆- ကားထဲမှာ ဖုန်းတွေ Laptop တွေထားခဲ့ခြင်း

နေပူထဲမှာ ရပ်ထားတဲ့ကားထဲမှာဆိုရင် အပူလွန်ကဲမှု အမြဲတမ်းဖြစ်နေလေ့ ရှိပါတယ်။ ဒီလိုအချိန်မှာ ဖုန်းတွေ Laptop တွေကို ကားထဲမှာထားခဲ့မယ်ဆိုရင် CPU တွေလောင်သွားပြီး ပျက်ဆီးသွားနိုင်ပါတယ်။ ထို့အပြင် အလွန်အေးခဲနေတဲ့ အချိန်မျိုးမှာ ဖုန်းတွေကို ကားထဲမှာ ထားခဲ့မယ်ဆိုရင်လည်း ဘတ္ထရီတွေ ပျက်ဆီးသွားနိုင်ပါတယ်။

၇- တွေ့ကရာ အားသွင်းကြိုးအသုံးပြုခြင်း

သင့်သူငယ်ချင်း အိမ်ရောက်တုန်း သင့်ဖုန်းတွေ လက်တော့တွေ အားသွင်းဖူးမှာပါ။ မီးအားဝင်တယ်ဆိုပေမယ့် သင့်ရဲ့ပစ္စည်းတွေကို အားသွင်းဖို့ လုံးဝမသင့်တော်ပါဘူး။ ဖုန်းတွေ လက်တော့တွေ မှာပါဝင်တဲ့ ဆားကစ်တွေဟာ သူ့ရဲ့အားသွင်းစနစ်နဲ့ပဲ ကိုက်ညီအောင် ထုတ်ထားတာဖြစ်တဲ့အတွက် တခြားအားသွင်းကြိုးနဲ့ သွင်းမယ်ဆိုရင် ပျက်ဆီးသွားနိုင်ချေရှိလာနိုင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *