နန်းစုရတီစိုး ဆီက ကံကောင်းခြင်းလက်ဆောင် တစ်ခု ရရှိခဲ့တယ်လို့ဆိုလာတဲ့ ဝေကြီး

တေးရေးဆရာ ဝေကြီးကတော့ စာသား အမိုက်စားတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ထိစေမယ့် သီချင်းလေးတွေကို ရေးစပ်သီကုံးရာမှာ သူများနဲ့မတူ ထူးခြားတဲ့ ပါရမီရှိသူလို့ပြောရင် မှားမယ် မထင်ပါဘူးနော်..။ ဝေကြီးရဲ့ အဆိုတော်ကော်နီ သီဆိုထားတဲ့ “ဆေး”သီချင်းဟာ လည်း ပရိသတ်တွေရဲ့ကြားမှာ ရေပန်းစား လူကြိုက်များသွးတဲ့ သီချင်းတွေထဲက တစ်ပုဒ်ပဲဖြစ်ပါတယ်..။ ဝေကြီးရဲ့ သီချင်းတွေဟာ ကောင်းလွန်းတာကြောင့် အနုပညာရှင် တစ်ချို့ကတောင် သီချင်းရေးဖို့ အတွက် ကမ်းလှမ်းခြင်းတွေ မပြတ်လက်ခံနေရတဲ့ တေးရေးဆရာ တစ်ဦးလို့ပြောရမှာပါ..။

ဝေကြီးကတော့ ကိုယ်တိုင် သီချင်းရေးသလို သီချင်းတွေကိုလည်း သီဆိုသူ တစ်ဦးလည်းဖြစ်ပါတယ်..။ ဝေကြီးရဲ့ “လိုင်းပေါ်မတင်ပါနဲ့” သီချင်းဟာလည်း ပရိသတ်တွေရဲ့ အကြိုက်တွေ့တဲ့ သီချင်းတစ်ပုဒ်လို့ဆိုရမှာပါ..။ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပိုစ့်တင်ခဲတဲ့ ဝေကြီးကတော့ ဖေဖော်ဝါရီလ(၄)ရက်နေ့ မှာ နန်းစုရတီစိုးဆီကနေ တရုတ်နှစ်ကူး လက်ဆောင်နဲ့ အန်ပေါင်းကို ရရှိခဲ့တဲ့ အကြောင်းလေးကို “ တရုတ်နှစ်ကူးလက်ဆောင်နဲ့အန်ပေါင်း..။ တကူးတက သတိတရ လာပို့ပေးတဲ့ အတွက်..ကျေးဇူးပါ..နန်းစုရေ…ဒီထပ်ဒီ့ထပ်အောင်မြင်မှုတွေ ထပ်တိုးရရှိပါစေဗျား….”ဆိုပြီး နန်းစုနဲ့ တွဲရိုက်ထားတဲ့ ပုံရိပ်လေးကို သူ့ရဲ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

နန်းစုရဲ့ တကူးတက လာပို့တဲ့ တရုတ်နှစ်သစ်ကူး လက်ဆောင်နဲ့အတူ တေးရေးဝေကြီးတစ်ယောက် (၂၀၂၀)ခုနှစ်မှာ ကံကောင်းခြင်းတွေကို ရရှိတော့မှာ အသေအချာပါပဲနော် ပရိသတ်ကြီးရေ..။ ပရိသတ်ကြီးရော နန်းစုရတီစိုးကနေ တရုတ်နှစ်ကူး လက်ဆောင်နဲ့ အန်ပေါင်းရတဲ့ ဝေကြီးကို အားကျနေပြီလား??? Source:Nyein Chan Thaw’s Facebook

Unicode

Add a Comment

Your email address will not be published. Required fields are marked *