ဆယ်နှစ်ကြာလက်တွဲလာခဲ့တဲ့ ချစ်သူကောင်လေးနဲ့ စသိခဲ့တဲ့ အမှတ်တရလေးတွေကို ပြောပြလာတဲ့ ခင်လေးနွယ်
ဆယ်နှစ်ကြာလက်တွဲလာခဲ့တဲ့ ချစ်သူကောင်လေးနဲ့ စသိခဲ့တဲ့ အမှတ်တရလေးတွေကို ပြောပြလာတဲ့ ခင်လေးနွယ်
ဆယ်နှစ်ကြာလက်တွဲလာခဲ့တဲ့ ချစ်သူကောင်လေးနဲ့ စသိခဲ့တဲ့ အမှတ်တရလေးတွေကို ပြောပြလာတဲ့ ခင်လေးနွယ်
ဆယ်နှစ်ကြာလက်တွဲလာခဲ့တဲ့ ချစ်သူကောင်လေးနဲ့ စသိခဲ့တဲ့ အမှတ်တရလေးတွေကို ပြောပြလာတဲ့ ခင်လေးနွယ်
ဆယ်နှစ်ကြာလက်တွဲလာခဲ့တဲ့ ချစ်သူကောင်လေးနဲ့ စသိခဲ့တဲ့ အမှတ်တရလေးတွေကို ပြောပြလာတဲ့ ခင်လေးနွယ်
Unicode
သရုပ်ဆောင် ခင်လေးနွယ် ကတော့ အနုပညာလောကမှာ ဆယ်စုနှစ် တစ်စုတိုင် အောင်မြင်မှုတွေ ရရှိနေတဲ့ နိုင်ငံကျော် မင်းသမီး တစ်လက်ဖြစ်ပါတယ်။ တိုင်းရင်းသူလေး တစ်ယောက်ဖြစ်တဲ့ သူမဟာ စကားပြောတဲ့အခါလည်း ပွင့်ပွင့်လင်းလင်း ဖော်ဖော်ရွေရွေနဲ့ ပြောဆို ဆက်ဆံတတ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာပါ။ ခင်လေးနွယ်ဟာ အနုပညာ အသိုင်းအဝန်းထဲမှာ အနုပညာ ညီအစ်ကိုမောင်နှမတွေနဲ့ အတူ ရင်းနှီးပျော်ရွှင်စွာ နေတတ်သူလည်းဖြစ်ပါတယ်။
သူမ ကတော့ ခရီးတွေထွက်ကာ ပေါ့ပေ့ါပါးပါးလေးနေထိုင်ကာ ပျော်ရွှင်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်..။ အခုတစ်ခါမှာတော့ ချစ်သူရည်းစား ရှိတယ်လို့ပြောခဲ့ပေမယ့် အတူတွဲချပြတာမျိုး မရှိသေးတဲ့ ခင်လေးနွယ် ဟာ ဖေဖော်ဝါရီလ(၄)ရက်နေ့မှာ ချစ်သူလေးနဲ့ ကြည်ကြည်နူးနူး ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်..။ ချပြလာတဲ့ပုံရိပ်တွေကြောင့် သူမရဲ့ ပရိသတ်တွေကတော့ တအံ့တသြဖြစ်ကာ ဝမ်းသာနေခဲ့ကြတာဖြစ်ပါတယ်..။
ဒီနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့မှာတော့ ချစ်သူနဲ့ သူမရဲ့ အမှတ်တရလေးတစ်ချို့ကို “ဟိုး ငယ်ငယ်ကထဲက ကျောင်းတူတူတက်ခဲ့တဲ့ သူငယ်ချင်း… ခုအသက်တွေကြီးလာတော့ ချစ်သူ… အသက်တွေ ဘယ်လောက်ကြီးကြီး.. ချစ်သူဖြစ်တာ ၁ နှစ်မပြည်သေးပေမယ့် ကိုယ့်လို လူဆိုးတစ်ယောက်ကို နားလည်ပြီး ချစ်ပေးတဲ့အတွက်… ကျေးဇူးပါ… ချစ်သူ..” ဆိုပြီး တင်လာခဲ့ပါတယ်..။ ဟိုးငယ်ငယ်တည်းက သိတဲ့ သူငယ်ချင်းနဲ့ ချစ်သူဖြစ်ခဲ့ကြတာမို့ နားလည်မှုတွေအပြည့် နဲ့ ချစ်သူစုံတွဲလေးဖြစ်မယ် ထင်ပါတယ်နော် ပရိသတ်ကြီးရေ..။ ပရိသတ်ကြီးထဲမှာရော ခင်လေးနွယ်လို ငယ်ငယ်တည်း ကသိတဲ့ သူငယ်ချင်းနဲ့ အကြောင်းပါကာ ချစ်သူရည်စားဖြစ်နေတဲ့သူတွေ ရှိလား??? Source:Khin Lay Nwe’s Facebook
Add a Comment
Your email address will not be published. Required fields are marked *