စိတ်ဓါတ်ခွန်အားတွေ အပြည့်အဝရစေတဲ့ တန်ခွန်ကျော် ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းအသစ်လေး
စိတ်ဓါတ်ခွန်အားတွေ အပြည့်အဝရစေတဲ့ တန်ခွန်ကျော် ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းအသစ်လေး
စိတ်ဓါတ်ခွန်အားတွေ အပြည့်အဝရစေတဲ့ တန်ခွန်ကျော် ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းအသစ်လေး
Unicode
တန်ခွန်ကျော် ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူ တစ်ယောက်ပါ။ တန်ခွန်ကျော် ကပြိုင်ပွဲကြီးပြီးဆုံးသွားပြီး နောက်မှာတော့ ဖျော်ဖြေရေးပွဲတွေကို ဖျော်ဖြေပေးနေရပြီး လက်ရှိမှာတော့ မျက်နှာသစ် တက်သစ်စ အဆိုတော်တစ်ယောက် အနေနဲ့ အောင်မြင်တွေ စတင်ရရှိနေပြီပဲဖြစ်ပါတယ်။
လတ်တလော မှာလည်း တန်ခွန်ကျော်က သူကိုယ်တိုင်ရေးသားထားပြီး ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းအသစ်လေး တစ်ပုဒ်ကို ချစ်ရတဲ့ပရိသတ်တွေ နားဆင်ဖို့အတွက် သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ တစ်ဆင့်ဖော်ပြလာခဲ့ပါတယ်။ သီချင်းလေးရဲ့ နာမည်ကိုတော့ “အားတင်းထားပါ သူငယ်ချင်း”လို့ ပေးထားပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကာ စိတ်ညစ်နေရတဲ့ သူတွေအတွက် နားထောင်ပြီးရင် ခွန်အားတွေတက်စေတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။
တန်ခွန်ကျော် ကတော့ သီချင်းသီဆိုတဲ့ အခါမှာလည်း ပရိသတ်တွေရဲ့ သဘောကျနှစ်သက်မှုကိုရရှိခဲ့တာကြောင့် ပြိုင်ပွဲတစ်ခုမှာ တစ်ကြိမ်သာရရှိခဲ့တဲ့ Wild Card Winner ဆုကြီးကိုရရှိခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး အခုတစ်ခေါက်မှာလည်း သီချင်းဆိုကောင်းတဲ့စွမ်းရည်အပြင် သီချင်းရေးတဲ့ အပိုင်းမှာလည်း ထူးချွန်တဲ့သူ တစ်ယောက်ဖြစ်တာကို ထပ်မံသက်သေပြလိုက်ပြန်ပါပြီ။ ပရိသတ်ကြီးရေ တန်ခွန်ကျော်ရဲ့ သီချင်းကောင်းလေးကို နားဆင်ခံစားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။ Source – TAN KHUN KYAW
Add a Comment
Your email address will not be published. Required fields are marked *