ေဝဠဳေက်ာ္ နဲ႔ အသံဖိုင္ စစ္ေဆးမႈ အေျခအေန ဇာတ္ရွိန္ ေကာင္းလာၿပီလို႔ သင္းသင္း ေျပာ

ကာမ လိမ္လည္မႈျဖင့္ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ကို တရားစြဲ ဆိုထားတဲ့ အမႈ႐ုံးခ်ိန္းမ်ားမွာေတာ့ တရားလိုျဖစ္သူ သင္းသင္းဘက္မွ သက္ေသခံ အသံဖိုင္မ်ားကို စစ္ေဆးလ်က္ရွိပါတယ္။ အဆိုပါ အသံဖိုင္မ်ားစြာကို စစ္ေဆးခဲ့ရာမွာ ဒီကေန႔ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔႐ုံးခ်ိန္း စစ္ေဆးမႈမွာေတာ့ ေဝဠဳေက်ာ္နဲ႔ သင္းသင္းတို႔ ႏွစ္ဦးရဲ႕ ျပႆနာတက္ၾကတဲ့ အသံဖိုင္ေနရာကို ေရာက္ေနၿပီလို႔ သင္းသင္းက ေျပာပါတယ္။ “အေျခအေနကေတာ့ အရင္ထက္စာရင္ေတာ့ နီးကပ္လာၿပီ။ ဒီေန႔ စစ္ေဆးတာေတာ့ တျဖည္းျဖည္း နဲ႔ ဇာတ္ရွိန္ေတြ ေကာင္းလာၿပီ။

ဒီကေန႔ ရံုးခ်ိန္း

ျပႆနာတက္တဲ့ ေနရာကို ေရာက္ေနၿပီ။ ေလာေလာဆယ္ေတာ့ က်မတို႔ ႏွစ္ေယာက္ရဲ႕အသံေတြပဲေပါ့” လို႔ တရားလိုျဖစ္သူ သင္းသင္းက ေျပာပါတယ္။ လက္ရွိမွာေတာ့ တရားလိုျဖစ္သူ သင္းသင္းဘက္မွ သက္ေသခံ အသံဖိုင္မ်ားကိုသာ စစ္ေဆးေနဆဲ ကာလျဖစ္ၿပီး ေနာက္႐ုံးခ်ိန္းမ်ား သိပ္မၾကာခင္မွာ ၿပီးစီးေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။ “အခုအခ်ိန္မွာေတာ့ က်မဘက္က သက္ေသေတြပဲ ရွိေသးတယ္။ က်မဘက္ကေတာ့ ေနာက္ ၂ ခ်ိန္း၊ ၃ ခ်ိန္းဆို ျပတ္ပါၿပီ”လို႔ သင္းသင္းက ေျပာပါတယ္။

သင္းသင္း အေနနဲ႔လည္း ဒီအမႈကို ရင္ဆိုင္တာဟာ တဖက္လူအေပၚ နစ္နာေစရန္ ဆႏၵ မရွိဘဲ အမွန္တရားတခု အတြက္သာ ရင္ဆိုင္ေနတာျဖစ္တယ္လို႔ ဆိုပါတယ္။ “ေမွ်ာ္လင့္ခ်က္ ဆိုတာေတာ့ အမွန္တရားတခုပါ။ သက္ေသဆိုလို႔ ဒါေလးေတြပဲ ရွိတာဆိုေတာ့ အားျဖစ္ရမယ့္ဟာက ဒါေလးပဲ ရွိတာဆိုေတာ့။ နစ္နာဖို႔ အတြက္ေတာ့ မဟုတ္ပါဘူး။ ကိုယ္က မိန္းကေလး တေယာက္အေနနဲ႔ နစ္နာတာကို အမွန္တရားေလးတခု ျဖစ္ရင္ ရပါၿပီ”လို႔ သင္းသင္းက ေျပာပါတယ္။

ဒီကေန႔ ရံုးခ်ိန္း

ေနာက္တပတ္ ႐ုံးခ်ိန္းမွာလည္း တရားလိုျဖစ္သူ သင္းသင္းဘက္မွ သက္ေသခံ အသံဖိုင္မ်ားကိုသာ ဆက္လက္ စစ္ေဆးသြားမွာျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ကို ျပန္လည္ ခ်ိန္းဆိုခဲ့ပါတယ္။ အဆိုပါ အမႈကိုေတာ့ ဇန္နဝါရီ ၈ ရက္ေန႔က တရားလိုျဖစ္သူ သင္းသင္းက ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ တရား႐ုံးမွာ စတင္ တရားစြဲဆိုခဲ့တာျဖစ္ၿပီး ေဝဠဳေက်ာ္အေနနဲ႔ ေငြက်ပ္ သိန္း ၅၀ နဲ႔ အာမခံ ရယူကာ အမႈရင္ဆိုင္ေနတာ ျဖစ္ပါတယ္။ လတ္တေလာ က်န္းမာေရးအေျခအေနကို ေျပာျပတဲ့ ေဝဠဳေက်ာ္“ေဝဠဳေက်ာ္ လာေရာက္ ညႇိႏႈိင္းခဲ့တဲ့ သက္ေသေတြ အကုန္ရွိတယ္”လို႔ သင္းသင္း ေျပာ“ေငြသာမက္လို႔ ညႇိမယ္ဆို ဒီကို ေရာက္လာစရာ အေၾကာင္း မရွိဘူး”လို႔ အလွမယ္ သင္းသင္း ေျပာ“ၿခိမ္းေျခာက္တိုင္းလည္း မေၾကာက္သလို၊ ေျမႇာက္တိုင္းလည္း မေျမာက္ဘူး”လို႔ ေျပာတဲ့ သင္းသင္း

Unicode

ကာမ လိမ်လည်မှုဖြင့် သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲ ဆိုထားတဲ့ အမှုရုံးချိန်းများမှာတော့ တရားလိုဖြစ်သူ သင်းသင်းဘက်မှ သက်သေခံ အသံဖိုင်များကို စစ်ဆေးလျက်ရှိပါတယ်။ အဆိုပါ အသံဖိုင်များစွာကို စစ်ဆေးခဲ့ရာမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ရုံးချိန်း စစ်ဆေးမှုမှာတော့ ဝေဠုကျော်နဲ့ သင်းသင်းတို့ နှစ်ဦးရဲ့ ပြဿနာတက်ကြတဲ့ အသံဖိုင်နေရာကို ရောက်နေပြီလို့ သင်းသင်းက ပြောပါတယ်။ “အခြေအနေကတော့ အရင်ထက်စာရင်တော့ နီးကပ်လာပြီ။ ဒီနေ့ စစ်ဆေးတာတော့ တဖြည်းဖြည်း နဲ့ ဇာတ်ရှိန်တွေ ကောင်းလာပြီ။

ပြဿနာတက်တဲ့ နေရာကို ရောက်နေပြီ။ လောလောဆယ်တော့ ကျမတို့ နှစ်ယောက်ရဲ့အသံတွေပဲပေါ့” လို့ တရားလိုဖြစ်သူ သင်းသင်းက ပြောပါတယ်။ လက်ရှိမှာတော့ တရားလိုဖြစ်သူ သင်းသင်းဘက်မှ သက်သေခံ အသံဖိုင်များကိုသာ စစ်ဆေးနေဆဲ ကာလဖြစ်ပြီး နောက်ရုံးချိန်းများ သိပ်မကြာခင်မှာ ပြီးစီးတော့မှာဖြစ်တယ်လို့ သိရပါတယ်။ “အခုအချိန်မှာတော့ ကျမဘက်က သက်သေတွေပဲ ရှိသေးတယ်။ ကျမဘက်ကတော့ နောက် ၂ ချိန်း၊ ၃ ချိန်းဆို ပြတ်ပါပြီ”လို့ သင်းသင်းက ပြောပါတယ်။ သင်းသင်း အနေနဲ့လည်း ဒီအမှုကို ရင်ဆိုင်တာဟာ တဖက်လူအပေါ် နစ်နာစေရန် ဆန္ဒ မရှိဘဲ အမှန်တရားတခု အတွက်သာ ရင်ဆိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ “မျှော်လင့်ချက် ဆိုတာတော့ အမှန်တရားတခုပါ။ သက်သေဆိုလို့ ဒါလေးတွေပဲ ရှိတာဆိုတော့ အားဖြစ်ရမယ့်ဟာက ဒါလေးပဲ ရှိတာဆိုတော့။ နစ်နာဖို့ အတွက်တော့ မဟုတ်ပါဘူး။ ကိုယ်က မိန်းကလေး တယောက်အနေနဲ့ နစ်နာတာကို အမှန်တရားလေးတခု ဖြစ်ရင် ရပါပြီ”လို့ သင်းသင်းက ပြောပါတယ်။

နောက်တပတ် ရုံးချိန်းမှာလည်း တရားလိုဖြစ်သူ သင်းသင်းဘက်မှ သက်သေခံ အသံဖိုင်များကိုသာ ဆက်လက် စစ်ဆေးသွားမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။ အဆိုပါ အမှုကိုတော့ ဇန်နဝါရီ ၈ ရက်နေ့က တရားလိုဖြစ်သူ သင်းသင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။ လတ်တလော ကျန်းမာရေးအခြေအနေကို ပြောပြတဲ့ ဝေဠုကျော်“ဝေဠုကျော် လာရောက် ညှိနှိုင်းခဲ့တဲ့ သက်သေတွေ အကုန်ရှိတယ်”လို့ သင်းသင်း ပြော“ငွေသာမက်လို့ ညှိမယ်ဆို ဒီကို ရောက်လာစရာ အကြောင်း မရှိဘူး”လို့ အလှမယ် သင်းသင်း ပြော“ခြိမ်းခြောက်တိုင်းလည်း မကြောက်သလို၊ မြှောက်တိုင်းလည်း မမြောက်ဘူး”လို့ ပြောတဲ့ သင်းသင်း

Add a Comment

Your email address will not be published. Required fields are marked *