လှေခါးပေါ် က ပြုတ်ကျကာ ဒူးဒဏ်ရာ ရရှိခဲ့တဲ့ မင်းသမီးကြီး ခင်ဇာခြည်ကျော်


လှေခါးပေါ် က ပြုတ်ကျကာ ဒူးဒဏ်ရာ ရရှိခဲ့တဲ့ မင်းသမီးကြီး ခင်ဇာခြည်ကျော်


လှေခါးပေါ် က ပြုတ်ကျကာ ဒူးဒဏ်ရာ ရရှိခဲ့တဲ့ မင်းသမီးကြီး ခင်ဇာခြည်ကျော်


လှေခါးပေါ် က ပြုတ်ကျကာ ဒူးဒဏ်ရာ ရရှိခဲ့တဲ့ မင်းသမီးကြီး ခင်ဇာခြည်ကျော်

Unicode

ခင်ဇာခြည်ကျော် ကတော့ ပရိသတ်တွေ ဆယ်စုနှစ်တစ်ခု အကြာကနေ အားပေးလာကြတဲ့ မင်သမီးကြီး တစ်လက်ပါနော်။ ပရိသတ်တွေ သည်းသည်းလှုပ် ချစ်ခင်အားပေးတဲ့ သားနဲ့ သမီးကိုလည်း ပိုင်ဆိုင်ထားပြီး Single Mother အဖြစ်နဲ့ ရပ်တည်ကာ သားနဲ့ သမီးကို ပြုစုစောင့်ရှောက်နေတဲ့သူ ဆိုလည်း မမှားပါဘူးနော်။ လက်ရှိ အချိန်မှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ကာ ပရိသတ်တွေ အချစ်ပိုနေဆဲ ဝါရင့်မင်းသမီး တစ်လက်လို့ဆိုရမှာပါ။

သားဖြစ်သူ ဘုန်းမင်းနေလဟာ ရွှေကြိုမောင် တစ်ယောက်ဖြစ်ပြီး အနုပညာ အလုပ်တွေကို တောက်လျှောက်လုပ်ကိုင်နေရပြီပဲ ဖြစ်ပါတယ်။ သားချောလေးအပြင် သမီးလေး ထင်သစ္စာ ဟာဆိုရင်လည်း မိခင်ဖြစ်သူ ခင်ဇာခြည်ကျော်နဲ့ အနုပညာ ပွဲတက်တွေကို အတူတူတက်ရောက်ကာ အနုပညာလောကထဲကို ခြေလှမ်းသစ်တွေ စလှမ်းနေပြီလို့ဆိုရမှာပါ။

လက်ရှိမှာတော့ ခင်ဇာခြည်ကျော် တစ်ယောက် လှေခါးပေါ်ကချော်ကျကာ ဒူးကို ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာ မိုင်ဒေးမှာလည်း “ လှေခါးပေါ်ကချော်ကျ ဒူးရောင် ” ဆိုတဲ့ စာသားလေးနဲ့ ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ ဒဏ်ရာလေး ပုံရိပ်လေးနဲ့အတူ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်ဇာခြည်ကျော် တစ်ယောက် ဒူးဒဏ်ရာ မြန်မြန်သက်သာစေဖို့ ဆုတောင်းပေးခဲ့ပါဦးနော်။ Source: KhinZarChiKyaw

Add a Comment

Your email address will not be published. Required fields are marked *