မော်လမြိုင်မြို့က ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးဆုံတွေ့ခဲ့ကြတဲ့ ဖြိုးမြတ်အောင် နဲ့ အက်စတာ
မော်လမြိုင်မြို့က ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးဆုံတွေ့ခဲ့ကြတဲ့ ဖြိုးမြတ်အောင် နဲ့ အက်စတာ
မော်လမြိုင်မြို့က ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးဆုံတွေ့ခဲ့ကြတဲ့ ဖြိုးမြတ်အောင် နဲ့ အက်စတာ
မော်လမြိုင်မြို့က ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးဆုံတွေ့ခဲ့ကြတဲ့ ဖြိုးမြတ်အောင် နဲ့ အက်စတာ
မော်လမြိုင်မြို့က ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးဆုံတွေ့ခဲ့ကြတဲ့ ဖြိုးမြတ်အောင် နဲ့ အက်စတာ
Unicode
မြန်မာနိုင်ငံ ရဲ့ အအောင်မြင်ဆုံး၊ အကြီးကျယ်ဆုံး သီချင်းဆို ပြိုင်ပွဲကြီးဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲက နှစ်စဉ်နှစ်တိုင်း ခမ်းနားစွာ ကျင်းပခဲ့ရာ အခုဆိုရင် (၄) နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်ပါတယ်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှတဆင့် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ အရည်အချင်းရှိသူတွေ ပေါ်ထွက်လာခဲ့တာ ပရိသတ်ကြီးရဲ့ မျက်မြင် ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေကလည်း ပြိုင်ပွဲကြီးပြီးဆုံးသွားပေမယ့် သူတို့ဝါသနာပါရာ အနုပညာလမ်းမပေါ်မှာ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။
Myanmar Idol Season (3) Winner ဖြိုးမြတ်အောင်နဲ့ Myanmar Idol Season (4) Winner အက်စတာဒေါ့သ်ချင်းဆုန်တို့ကလည်း ပရိသတ်တွေနဲ့ နီးနီးကပ်ကပ် ဆုံတွေ့နိုင်တဲ့ ပွဲတွေကို တက်ရောက်နေကြတာ တွေ့ရပါတယ်။ ဖြိုးမြတ်အောင်နဲ့ အက်စတာဒေါ့သ်ချင်းဆုန် က မနေ့က ဖေဖော်ဝါရီလ (၃) ရက်နေ့မှာတော့ မော်လမြိုင်မြို့မှာ ကျင်းပပြုလုပ်တဲ့ “စိန်နန်းတော်” စိန်ရွှေရတနာဆိုင်ရဲ့ နှစ်သစ်ကူး ဈေးရောင်းပွဲတော်ကြီးမှာ သီဆိုဖျော်ဖြေပေးခဲ့တာ ဖြစ်ပါတယ်။
ဖြိုးမြတ်အောင်နဲ့ အက်စတာဒေါ့သ်ချင်းဆုန်က မော်လမြိုင်မြို့မှာ သီချင်းဆိုဖျော်ဖြေရင်း ချစ်ရတဲ့ ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီး ဆုံတွေ့ခဲ့တာကို တွေ့ရပါတယ်။ ဖြိုးမြတ်အောင်နဲ့ အက်စတာဒေါ့သ်ချင်းဆုန် တို့ မောင်နှမနှစ်ယောက်ကတော့ မော်လမြိုင်မြို့မှာ တော်တော်လေး ပျော်ရွှင်ခဲ့ပုံပဲနော်။ ပရိသတ်ကြီးလည်း ဖြိုးမြတ်အောင်နဲ့ အက်စတာရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ Source: Sein Nan Daw
Add a Comment
Your email address will not be published. Required fields are marked *