နေမကောင်းဖြစ်နေ တဲ့ ခင်ပွန်းဖြစ်သူကို ရင်ခွင်ထဲမှာ ထွေးပွေ့ကာ ပြုစုပေးနေတဲ့ ရွှေမှုံရတီ


နေမကောင်းဖြစ်နေ တဲ့ ခင်ပွန်းဖြစ်သူကို ရင်ခွင်ထဲမှာ ထွေးပွေ့ကာ ပြုစုပေးနေတဲ့ ရွှေမှုံရတီ


နေမကောင်းဖြစ်နေ တဲ့ ခင်ပွန်းဖြစ်သူကို ရင်ခွင်ထဲမှာ ထွေးပွေ့ကာ ပြုစုပေးနေတဲ့ ရွှေမှုံရတီ


နေမကောင်းဖြစ်နေ တဲ့ ခင်ပွန်းဖြစ်သူကို ရင်ခွင်ထဲမှာ ထွေးပွေ့ကာ ပြုစုပေးနေတဲ့ ရွှေမှုံရတီ

Unicode

အားပေးတဲ့ပရိတ်သတ်တွေက ရွှေနှစ်ရွှေလို့ ချစ်စနိုးခေါ်နေကြတဲ့ ရွှေထူး နဲ့ ရွှေမှုံရတီ တို့ဟာ ပရိသတ်တွေ ချစ်ကြတဲ့ နာမည်ကြီး အနုပညာရှင် စုံတွဲတစ်တွဲပဲဖြစ်ပါတယ်..။ နှစ်ယောက်စလုံးဟာ အနုပညာနဲ့ပတ်သက်ရင် အဆိုပိုင်းမှာရော ၊ သရုပ်ဆောင်မှု ပိုင်းမှာပါ ကျွမ်းကျင်ကြတဲ့ သူတွေလို့ ပြောရမှာပါ..။ ရွှေနှစ်ရွှေ အတွဲကတော့ တကယ်ကို လိုက်ဖက်ညီပြီး ရိုလွန်းလို့ ပရိသတ်တွေ အားကျနေရတဲ့ စုံတွဲတစ်တွဲလို့ပြောရင် မှားမယ်မထင်ပါဘူး….။ ကလေးလို စိတ်အမြဲကောက်တတ်တဲ့ ရွှေမှုံလေးကို စိတ်ရှည်ရှည်နဲ့ လိုက်ချော့တတ်တဲ့ ရွှေထူးလေးကြောင့် အရိုစုံတွဲလို့တောင် ပရိသတ်တွေက နာမည်ပေးထားရတဲ့ အထိကို ရိုနိုင်တဲ့စုံတွဲလေး တစ်တွဲလေးပါပဲနော်..။

ရွှေနှစ်ရွှေ အတွဲလေးဟာ “ဧည့်သည်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ လိုက်ဖက်ညီညီ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုတွေကို ရရှိခဲ့ပါတယ်.။ ဒုတိယမြောက် ဇာတ်ကားအေနေနဲ့ “ကမ်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ရွှေထူးနဲ့ ရွှေမှုံရတီတို့ နှစ်ယောက်အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေပြီဖြစ်ပါတယ်.။ တစ်ယောက်နဲ့တစ်ယောက် မအားမလပ်နိုင်အောင် schedule တွေအပြည့်နဲ့ အနုပညာ အလုပ်လေးတွေကို လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ ရွှေမှုံရတီက ခင်ပွန်းဖြစ်သူ ရွှေထူး အလုပ်ပန်းပြီး နေမကောင်းဖြစ်နေတဲ့ အကြောင်းလေးကို “သူနေမကောင်းတော့ ကိုယ်လည်း စိတ်တွေဆင်းရဲ”ဆိုပြီး ပုံလေးတစ်ပုံနဲ့ အတူ သူမရဲ့မိုင်ဒေးမှာ တင်လာခဲ့ပါတယ်..။

ပုံလေးကတော့ ရွှေထူးက ရွှေမှုံလေးကို ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ပုံလေးပဲဖြစ်ပါတယ်..။ ကားရိုက်တွေများကာ ပင်ပန်းသွားတဲ့ ရွှေထူးကတော့ ဇနီးဖြစ်သူ ရွှေမှုံရတီကို ဖက်ကာ အိပ်ပျော်နေတဲ့ပုံလေးက ကလေးလေး တစ်ယောက်လိုပါပဲနော် ပရိသတ်ကြီးရေ..။ ပရိသတ်ကြီးလည်း နေမကောင်းဖြစ်နေတဲ့ ရွှေထူးအတွက် နေမြန်မြန်ပြန်ကောင်းအောင် ဆုတောင်းပေးသွားပါဦးနော်..။

Add a Comment

Your email address will not be published. Required fields are marked *