အဆိုတော်ကြီး လွှမ်းမိုး ရဲ့ သီချင်းကို ဗားရှင်းပြောင်းပြီး သီဆိုခဲ့လို့ ပြင်းထန်စွာ ဝေဖန်ခံနေရတဲ့ Project K အဖွဲ့


အဆိုတော်ကြီး လွှမ်းမိုး ရဲ့ သီချင်းကို ဗားရှင်းပြောင်းပြီး သီဆိုခဲ့လို့ ပြင်းထန်စွာ ဝေဖန်ခံနေရတဲ့ Project K အဖွဲ့



အဆိုတော်ကြီး လွှမ်းမိုး ရဲ့ သီချင်းကို ဗားရှင်းပြောင်းပြီး သီဆိုခဲ့လို့ ပြင်းထန်စွာ ဝေဖန်ခံနေရတဲ့ Project K အဖွဲ့
အဆိုတော်ကြီး လွှမ်းမိုး ရဲ့ သီချင်းကို ဗားရှင်းပြောင်းပြီး သီဆိုခဲ့လို့ ပြင်းထန်စွာ ဝေဖန်ခံနေရတဲ့ Project K အဖွဲ့


အဆိုတော်ကြီး လွှမ်းမိုး ရဲ့ သီချင်းကို ဗားရှင်းပြောင်းပြီး သီဆိုခဲ့လို့ ပြင်းထန်စွာ ဝေဖန်ခံနေရတဲ့ Project K အဖွဲ့
အဆိုတော်ကြီး လွှမ်းမိုး ရဲ့ သီချင်းကို ဗားရှင်းပြောင်းပြီး သီဆိုခဲ့လို့ ပြင်းထန်စွာ ဝေဖန်ခံနေရတဲ့ Project K အဖွဲ့

Project K သီဆိုဖျော်ဖြေခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးလွှမ်းမိုး ရဲ့ “ရန်ကုန်သားလေးကျွန်တော်” သီချင်းဗီဒီယိုလေးကိုလည်း အောက်မှာပြန်လည်ဖော်ပြပေးလိုက်ရပါတယ်…ပရိသတ်ကြီးတို့လည်း ဗီဒီယိုလေးကြည့်ပြီး မိမိတို့အမြင်ကို ရေးသားခဲ့နိုင်ပါတယ်နော်.. ရုပ်သံဖိုင်အားကြည့်ရန် Video Source : Myanmar Idol Season 4

Unicode

ယောက်ကျားလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ Project K အဖွဲ့ ဟာ မြန်မာနိုင်ငံမှာ အောင်မြင်ကျော်ကြား တဲ့ အဖွဲ့ဖြစ်ပြီး ကိုရီးယားလို နိုင်ငံတွေမှာလည်း ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ရင်း ဆုတွေရရှိခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်…. သီချင်းဆိုရာမှာ အကလေးတွေ နဲ့ ဖျော်ဖြေ သီဆိုတာကြောင့် မြန်မာပြည်က ပရိသတ်တွေကလည်း Project K အဖွဲ့ကို နှစ်သက်အားပေးကြပြီး အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေက ပိုမိုအားပေးကြတာဖြစ်ပါတယ်….

ပီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ City FM ရဲ့ (၁၈)နှစ်ပြည့် နှစ်ပတ်လည်နဲ့ ဆုပေးပွဲအခမ်းအနားမှာ Project K အဖွဲ့ဟာ တစ်ချိန်က နာမည်ကျော် အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ လွှမ်းမိုးကိုယ်တိုင်ရေးထားပြီး ကိုယ်တိုင်ဆိုထားတဲ့ “ရန်ကုန်သားလေးကျွန်တော်” သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်…သီချင်း ကို ဆန်းသစ်ထားပြီး မြူးကြွတဲ့ စတိုင်…ပျော်စရာ အကလေးတွေနဲ့ ဖျော်ဖြေခဲ့တာပါ……

Project K အနေနဲ့ နာမည်ကြီး အဆိုတော် လွှမ်းမိုးရဲ့ သီချင်းကို ပုံစံတစ်မျိုးနဲ့ သီဆိုဖျော်ဖြေခဲ့ပေမယ့်လည်း မူလသီချင်းအရသာ ပျက်တယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်….. ယခု သီဆိုဖျော်ဖြေတဲ့ ပုံစံက မူလသီချင်းကို အနည်းငယ် ဆန်းသစ်ထားပြီး တေးသရုပ်ဖော် အကလေးတွေနဲ့ ဆိုခဲ့တာကြောင့် အရင်ပုံစံကို သဘောကျတဲ့သူတွေရဲ့ မနှစ်ခြိုက်ဝေဖန်မှုတွေ ခုလိုရှိလာခဲ့တာပါ…တချို့ကတော့ လူငယ်တွေရဲ့ ဆန်းသစ်မှုကို သဘောကျတယ်လို့ ချီးမွမ်းမှုတွေလည်းရှိခဲ့တာကို မှတ်ချက်တွေမှာတွေ့ရပါတယ်…..

Project K သီဆိုဖျော်ဖြေခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးလွှမ်းမိုး ရဲ့ “ရန်ကုန်သားလေးကျွန်တော်” သီချင်းဗီဒီယိုလေးကိုလည်း အောက်မှာပြန်လည်ဖော်ပြပေးလိုက်ရပါတယ်…ပရိသတ်ကြီးတို့လည်း ဗီဒီယိုလေးကြည့်ပြီး မိမိတို့အမြင်ကို ရေးသားခဲ့နိုင်ပါတယ်နော်..

Add a Comment

Your email address will not be published. Required fields are marked *