အချိန်၆လ အတွင်း ပိုက်ဆံစုပြီး ကိုယ်ပိုင်အိမ် ဝယ်နိုင်ခဲ့တဲ့ နည်းလမ်းကို ပြောပြလာတဲ့ အသက် ၂၀ စုံတွဲ

ဒီကနေ့ခေတ် မှာ အိမ်မပြောနဲ့ မြေတောင် မပိုင်တဲ့သူတွေ အများကြီးပါ…တိုက်ခန်း ဆိုတာကလည်း တော်ရုံအခြေခံလူတန်းစားတွေ လက်လှမ်းမီတာ မဟုတ်ပါဘူး… အိမ်ခြံမြေဆိုတာကလည်း တကယ့်ကို ပိုက်ဆံတတ်နိုင်မှ ဝယ်နိုင်တာဖြစ်ပါတယ်…ခုဖော်ပြမဲ့ စုံတွဲကတော့ မိဘတွေ ထောက်ပံ့မှုလုံးဝမပါဘဲ စုထားတဲ့ငွေလေးနဲ့ ၆ လအတွင်း အိမ်ဝယ်နိုင်ခဲ့တာဖြစ်ပါတယ်….

အချိန်၆လ အတွင်း ပိုက်ဆံစုပြီး ကိုယ်ပိုင်အိမ် ဝယ်နိုင်ခဲ့တဲ့ နည်းလမ်းကို ပြောပြလာတဲ့ အသက် ၂၀ စုံတွဲ


အချိန်၆လ အတွင်း ပိုက်ဆံစုပြီး ကိုယ်ပိုင်အိမ် ဝယ်နိုင်ခဲ့တဲ့ နည်းလမ်းကို ပြောပြလာတဲ့ အသက် ၂၀ စုံတွဲ


အချိန်၆လ အတွင်း ပိုက်ဆံစုပြီး ကိုယ်ပိုင်အိမ် ဝယ်နိုင်ခဲ့တဲ့ နည်းလမ်းကို ပြောပြလာတဲ့ အသက် ၂၀ စုံတွဲ


Unicode

ယနေ့ခေတ်cမှာ အိမ်မပြောနဲ့ မြေတောင်မပိုင်တဲ့သူတွေ အများကြီးပါ…တိုက်ခန်း ဆိုတာကလည်း တော်ရုံအခြေခံလူတန်းစားတွေ လက်လှမ်းမီတာ မဟုတ်ပါဘူး… အိမ်ခြံမြေဆိုတာကလည်း တကယ့်ကို ပိုက်ဆံတတ်နိုင်မှ ဝယ်နိုင်တာဖြစ်ပါတယ်…ခုဖော်ပြမဲ့ စုံတွဲကတော့ မိဘတွေ ထောက်ပံ့မှုလုံးဝမပါဘဲ စုထားတဲ့ငွေလေးနဲ့ ၆ လအတွင်း အိမ်ဝယ်နိုင်ခဲ့တာဖြစ်ပါတယ်….

အသက်၂၀ အရွယ် Joshua Shaw ဆိုတဲ့ ကောင်လေးနဲ့ Wiktoria Zaucha ဆိုတဲ့ ကောင်မလေးတို့ စုံတွဲဟာ ၆ လအတွင်း ပေါင် ၁၃၀၀၀ (မြန်မာငွေ သိန်း၂၅၀ကျော်) တန်ဖိုးရှိတဲ့ ၃ ထပ်အိမ်လေးကို ဝယ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ အိမ်မဝယ်နိုင်သေးခင် မိဘတွေနဲ့ ဆွေမျိုးတွေအိမ်မှာ နေထိုင်ခဲ့တာဖြစ်ပြီး အလုပ်ကြိုးစားခဲ့ကြတာပါ….Joshua Shaw ကတော့ သာမန်ဝန်ထမ်း တစ်ဦးဖြစ်ပြီး Wiktoria Zaucha ကတော့ လက်ထောက် မန်နေဂျာတစ်ဦး ဖြစ်ပါတယ်…

ဒီလို အိမ်ဝယ်နိုင်ဖို့ အတွက် နှစ်ယောက်လုံး ပိုက်ဆံကို သေသေချာချာစုပြီး ၆ လအတွင်း တစ်ခြားစုံတွဲတွေလို ဒိတ်လုပ်တာတွေ ဈေးကြီးတာတွေ ဝယ်စားတာတွေမလုပ်ဘဲ ပိုက်ဆံကိုပဲ စုနေခဲ့တာလို့ သိရပါတယ်….ဒါ့အပြင် Joshua Shaw ဟာ သူ့ရဲ့ ကားကို ရောင်းပြီး ဘတ်စ်ကား ဒါမှမဟုတ် မြေအောက်ရထားစီးပြီး အလုပ်သွားတယ်လို့ ဆိုပါတယ်….ပိုက်ဆံကိုလည်း မလိုအပ်ဘဲ မသုံးဘဲ အိုဗာတိုင်တွေဆင်းပြီး တစ်နေ့ကို ၁၆ နာရီ အလုပ်လုပ်တယ်လို့ သိရပါတယ်….အရမ်းပင်ပန်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ၆ လအတွင်း ခုလို ကိုယ်ပိုင်အိမ်လေးကို ဝယ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်…

ပရိသတ်ကြီးရေ..တကယ့်ကို အားကျစရာပါပဲနော်…ပရိသတ်ကြီးတို့လည်း ပိုက်ဆံကို မလိုအပ်ဘဲ မသုံးဘဲ စုဆောင်းထားမယ်ဆိုရင် တစ်နေ့နေ့ ကိုယ်လိုချင်တာလေးတွေကို ဝယ်ယူလာနိုင်မှာပဲ ဖြစ်ပါတယ်နော်… Source : Joshua Shaw

Add a Comment

Your email address will not be published. Required fields are marked *