ခင်ပွန်းဖြစ်သူကြောင့် မြောက်ကိုရီးယားဗိုလ်ကြီးကား ဘယ်လောက်ကောင်းကောင်း မကြည့်ဘူးဆိုတဲ့ ပိုင်ဖြိုးသု


ခင်ပွန်းဖြစ်သူကြောင့် မြောက်ကိုရီးယားဗိုလ်ကြီးကား ဘယ်လောက်ကောင်းကောင်း မကြည့်ဘူးဆိုတဲ့ ပိုင်ဖြိုးသု


ဗိုလ်ကြီး


ခင်ပွန်းဖြစ်သူကြောင့် မြောက်ကိုရီးယားဗိုလ်ကြီးကား ဘယ်လောက်ကောင်းကောင်း မကြည့်ဘူးဆိုတဲ့ ပိုင်ဖြိုးသု


ခင်ပွန်းဖြစ်သူကြောင့် မြောက်ကိုရီးယားဗိုလ်ကြီးကား ဘယ်လောက်ကောင်းကောင်း မကြည့်ဘူးဆိုတဲ့ ပိုင်ဖြိုးသု

Unicode

ဒါရိုက်တာ ဏကြီး နဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသု က ချစ်ခင်ကြင်နာပြီး နားလည်မှု အပြည့်ရှိတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပိုင်ဖြိုးသု က ဏကြီးထက် အသက် (၉) နှစ်ငယ်ပြီး ခင်ပွန်းဖြစ်သူ ဏကြီးကို နွဲ့ဆိုးလေးဆိုး တတ်တာ ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံအကြောင်းကို စိတ်ဝင်စားကြပါတယ်။

ဒီနေ့မှာလည်း ပိုင်ဖြိုးသုက အခု လက်ရှိ မိန်းကလေးပရိသတ်တွေကြား ရေပန်းစားနေတဲ့ Crash Landing On You (မြောက်ကိုရီးယားဗိုလ်ကြီး) ရုပ်ရှင်ကို ဏကြီးကြောင့် လုံးဝမကြည့်တဲ့အကြောင်း အခုလိုပဲ ချစ်စဖွယ် ပြောထားပါတယ်။ “ဝတုတ်လူဆိုးကလေ….ဗိုလ်ကြီးကား ဘယ်လောက် နာမည်ကြီးကြီး မကြည့်ဘူးနော်….ဘာလို့လဲဆိုတော့ မြောက်ကိုရီးယားက ဗိုလ်ကြီးထက် အိမ်က ကိုကြီး ဏကြီးက ပိုချစ်ဖို့ကောင်းလို့ပါ ….😘 ဝတုတ်လူဆိုးလေးက လိမ္မာတယ်နော် 😁😁😁 😁”

“ဗိုက်ခွဲပြီး(၄)ရက်မြောက်နေ့မှာ အိမ်မှာမနေဘဲ အပြင်ထွက် အလှပြင်နေသည်မှာ ဦးရေခဲ အလုပ်ကပြန်ရောက်တဲ့ အထိ မိမိပြန်မရောက်သေး၍ပေါ်တင် ကျားကျားကိုလှမ်းချုပ်သည် 😁🙈🤪 ကလေးက လိမ်လိမ်မာမာ လှမ်းချုပ်ပြီးပြီနော်… အိမ်ရောက်ရင်ဆူနဲ့တော့ 🥰🥰🥰” ဆိုပြီး ဏကြီးကို အချွဲလေးပြောထားပါတယ်။

ပိုင်ဖြိုးသု ကတော့ ဗိုက်ခွဲပြီးခါစ အချိန်မှာ လျှောက်သွားနေတာကြောင့် အိမ်ပြန်ရောက်ရင် ဏကြီးဆီမှာ အဆူမခံရအောင် အချွဲလေး ပြောထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည် ပိုင်ဖြိုးသုရဲ့အဖြစ်ကြောင့် ရယ်ချင်နေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ Source: Paing Phyo Thu’s fb

Add a Comment

Your email address will not be published. Required fields are marked *