၁၉၁၈ ခုႏွစ္ က ျမန္မာျပည္မွာ လူဦးေရ (၄) သိန္းခန္႕ ေသဆံုးခဲ့ရတဲ့ တုပ္ေကြးေရာဂါ ကပ္ႀကီး

လြန္ခဲ့တဲ့ ႏွစ္ေပါင္း တစ္ရာနီးပါးေလာက္ ၁၉၁၈ ပထမ ကမာၻစစ္ႀကီး ၿပီးမယ့္ႏွစ္ က ျမန္မာႏိုင္ငံမွာ တုပ္ေကြးေရာဂါ ကပ္ႀကီး ဆိုက္ခဲ့ပါတယ္။ ရန္ကုန္ နဲ႔ ႏိုင္ငံတလႊားမွာ ခ်ထားတဲ့ စစ္တပ္ေတြ ကေန ေရာဂါကူးစက္သြားတာ ဆိုသလို အိႏၵိယက ေ႐ႊ႕ေျပာင္းလာသူေတြ ဆီကေန ကူးစက္တယ္လို႔လည္း ေရးသားၾကပါတယ္။ ၁၉၁၈ ဇြန္လက ဘုံေဘၿမိဳ႕မွာ စေတြ႕ရတဲ့ ဒီေရာဂါ ဗိုင္းရပ္စ္ပိုးဟာ ၃ လ အတြင္း ျမန္မာျပည္အႏွံ႔ ေရာက္ရွိသြားတဲ့အထိ ကူးစက္မႈက ျမန္ပါတယ္။

ဒီတုပ္ေကြးကပ္ႀကီးဟာ အဲဒီအခ်ိန္မွာ ကမာၻအႏွံ႔ ျဖစ္ေနတဲ့ စပိန္တုပ္ေကြးလို႔ ေခၚတဲ့ တုပ္ေကြးႀကီးနဲ႔ ဆက္စပ္ပါတယ္။ ကမာၻ႔တိုက္ႀကီး ၄ တိုက္ထိ ကူးစက္ခဲ့တဲ့ ဒီတုပ္ေကြးေၾကာင့္ ျမန္မာႏိုင္ငံမွာလည္း ေသဆုံးသူ ၃ သိန္းကေန ၄ သိန္းေလာက္ထိ ရွိခဲ့တယ္လို႔ ကိုလိုနီေခတ္ ျမန္မာျပည္ရဲ႕ ေရာဂါေဗဒ သမိုင္း စာအုပ္ျပဳစုသူ ဂ်ဴးဒစ္သ္ ရစ္ခ်ဲက ေရးသားပါတယ္။

ဒါဟာ အဲဒီတုန္းက ၁၃ သန္းသာ ရွိတဲ့ ျမန္မာျပည္ လူဦးေရရဲ႕ ၃ ရာခိုင္ႏႈန္း (လူ ၄ သိန္းခန္႕) ေသဆုံး တိမ္းပါး ခဲ့တာပါ။ ျမန္မာျပည္ ပါဝင္တဲ့ အိႏၵိယ အင္ပါယာ တခုလုံး အေနနဲ႔ ေသသူ ၁၂ သန္းခြဲေလာက္ထိ ရွိတယ္လို႔ သိရပါတယ္။

ဘာလို႔ အဲဒီေလာက္ အေသအေပ်ာက္ မ်ားခဲ့သလဲ ဆိုေတာ့ ေရာဂါ ဗိုင္းရပ္စ္ ပိုးအမ်ိဳးသစ္ ျဖစ္ၿပီး ေရာဂါလကၡဏာ ျပင္းထန္တဲ့အတြက္ ကူးစက္ခံရသူေတြ အားအင္ဆုတ္ယုတ္ၿပီး ေနာက္ဆက္တြဲ ေရာဂါေတြ ဝင္လာတာေၾကာင့္ပါ။ ေနာက္ အဲဒီအခ်ိန္က အုပ္ခ်ဳပ္သူ ကိုလိုနီ အစိုးရ အေနနဲ႔ ေရာဂါကာကြယ္ ႏွိမ္နင္းေရးအတြက္ ထိေရာက္တဲ့ စီမံမႈေတြ မရွိခဲ့ဘူးလို႔ သုံးသပ္ၾကပါတယ္။

ဒါကလည္း စစ္အတြင္း ကာလျဖစ္လို႔ ဆရာဝန္နဲ႔ ေဆးဝန္ထမ္း အလုံအေလာက္ မရွိတာလည္း ပါပါတယ္။ ေနာက္ အစိုးရဟာ သူတို႔ မ်က္ႏွာျဖဴ အမ်ိဳးသားေတြ ပါတဲ့ စစ္တပ္ေတြကိုပဲ ဦးစားေပးၿပီး ကာကြယ္ ေစာင့္ေရွာက္မႈေတြ လုပ္တယ္၊ တိုင္းရင္းသား တပ္ေတြနဲ႔ တျခားလူမ်ိဳးစုတပ္ေတြကို ဒီေလာက္ မကာကြယ္ခဲ့ဘူးလို႔ အဲဒီအခ်ိန္က ထုတ္ေဝတဲ့ အစီရင္ခံစာေတြမွာ ေဝဖန္ထားပါတယ္။

ေရာဂါကူးစက္မႈေၾကာင့္ ေသဆုံးရတဲ့အထဲ ဆင္းရဲၿပီး ေနရာထိုင္ခင္းျပည့္က်ပ္ေနတဲ့ ၿမိဳ႕ျပေန ဆင္းရဲသားေတြ ပိုထိခိုက္ ေသဆုံးၿပီး ေငြေၾကးခ်မ္းသာၿပီး အိမ္ေကာင္းေကာင္းနဲ႔ ေနႏိုင္သူ၊ ၿပီးေတာ့ အေနာက္တိုင္း ေဆးပညာကို လက္လွမ္းမီ အားကိုးတတ္တဲ့ ခ်မ္းသာသူေတြ ကေတာ့ အေသအေပ်ာက္ ရာႏႈန္းပိုနည္းတယ္လို႔ ဆိုပါတယ္။ ေနာက္ၿပီး ေနမေကာင္းသူေတြကို ျပဳစုရတဲ့ အမ်ိဳးသမီး ေတြမွာလည္း သူတို႔နဲ႔အသက္တူတဲ့ အမ်ိဳးသားေတြထက္ ေသႏႈန္းပိုျမင့္ပါတယ္။

လူမ်ိဳးအရ ဆိုရင္ေတာ့ ျပည္ပက ဝင္လာတဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြ မ်ားတဲ့ အိႏၵိယ ႏြယ္ဖြား ဟိႏၵဴ ဘာသာဝင္ေတြဟာ ဗုဒၶဘာသာဝင္ေတြထက္ ႏွစ္ဆ ပိုေသဆုံးခဲ့ပါတယ္။ ရန္ကုန္ကို ဝင္လာတဲ့ လူစီးသေဘၤာေတြကို ေသခ်ာမထိန္းခ်ဳပ္ ႏိုင္ခဲ့ေတာ့ သေဘၤာေပၚမွာတင္ ေသဆုံးသူေတြ ေတာ္ေတာ္မ်ားပါတယ္။

ေနာက္ပိုင္း ဒီလို ကူးစက္ေရာဂါျဖစ္ခဲ့ရင္ ရန္ကုန္ျမစ္ဝမွာ သီးျခားခြဲထားတဲ့ စခန္းဖြင့္ၿပီး ေရာဂါသည္ေတြကို ကုသဖို႔ စဥ္းစားခဲ့ၾကေပမယ့္ ေရာဂါျဖစ္တဲ့ႏွစ္ေတြအတြင္းမွာေတာ့ တုပ္ေကြးနဲ႔ ဝင္လာသူေတြကို ေသခ်ာ ကုသမေပးႏိုင္ဘဲ ခ်က္ခ်င္းအဖ်ားသက္သာတာနဲ႔ ေနာက္လူနာအတြက္ ဆင္းခိုင္းတာေတြ ရွိခဲ့ေတာ့ ေရာဂါကူးစက္မႈက ထိန္းလို႔ မရျဖစ္ခဲ့ပါတယ္။

ေနာက္ရာသီအလိုက္ က်င္းပတဲ့ ပြဲေတာ္ေတြကို မတားျမစ္ခဲ့တဲ့အတြက္ ပြဲေတာ္ေတြက ကူးစက္တာေတြ လည္း ရွိခဲ့ပါတယ္။ မႏၲေလး မွာ ႏွစ္စဥ္က်င္းပတဲ့ မဟာမုနိ ဘုရားႀကီးပြဲကအျပန္ ကူးစက္မႈေတြေၾကာင့္ ေရာဂါဟာ ရွမ္းျပည္ေတာင္ပိုင္း ေျမာက္ပိုင္းေတြနဲ႔ အညာေဒသေတြမွာ ေရာက္ရွိသြားပါတယ္။

ေရာဂါသည္ေတြကို ကုသဖို႔ ေဆးဝါးမလုံေလာက္တဲ့အျပင္ တခ်ိဳ႕အခ်ိန္ေတြမွာ ရန္ကုန္ေဆး႐ုံႀကီးက ဝန္ထမ္း တဝက္ေလာက္ ေရာဂါကူးစက္ခံရလို႔ ေဆးကုသမႈ ေႏွာင့္ေႏွးတာေတြ ရွိခဲ့ပါတယ္။ အဲဒီအခ်ိန္က ေရာဂါကာကြယ္ ကုသဖို႔ အစြမ္းထက္တဲ့ေဆးေတြ ေကာင္းေကာင္း မေပၚေသးတဲ့အျပင္ ျမန္မာျပည္သား ေတြကလည္း အေနာက္တိုင္း ေဆးအေပၚ ယုံၾကည္မႈ သိပ္မမ်ားေသးပါဘူး။

ေရာဂါတိုက္ဖ်က္ေရးမွာလည္း တိက်တဲ့ ဗဟို စီမံခ်က္ရယ္ လို႔ မရွိတဲ့အျပင္ ရန္ကုန္အျပင္ဘက္က ၿမိဳ႕ေတြက ေဆး႐ုံ ေတြမွာ လူနာေတြပုံၿပီး ကုသမႈက ဖ႐ိုဖရဲျဖစ္ခဲ့ပါတယ္။ ေနာက္ ေရာဂါသတိေပးတဲ့ ေၾကညာခ်က္ေတြကလည္း ေရာဂါကူးစက္ခ်ိန္က်မွ ထုတ္သလိုျဖစ္ခဲ့ၿပီး ပြဲလမ္းသဘင္ေတြ လူစုေဝးတာေတြကို ပိတ္ပင္တာေတြေတာ့ လုပ္လာခဲ့ပါတယ္။

၁၉၁၈ က စခဲ့တဲ့ ဒီတုပ္ေကြးႀကီးေၾကာင့္ ေသဆုံးထိခိုက္မႈေတြ ျမန္မာႏိုင္ငံမွာ ၃ ႏွစ္ေလာက္ခံစားခဲ့ရၿပီး ႐ြာလုံးကြၽတ္ ထိခိုက္ဖိတ္စင္မႈေတြေၾကာင့္ လယ္ယာစိုက္ပ်ိဳးေရးေတြ ပ်က္စီးထိခိုက္ခဲ့ရပါတယ္။ တုပ္ေကြးကို ကမာၻနာ ေရာဂါဆိုးႀကီး တခုလို သေဘာမ်ိဳး ေရးတဲ့ တိုင္းရင္းေဆး ကုထုံးေတြ ေပၚလာသလို အႏၲရာယ္ကင္း ပရိတ္႐ြတ္ဆိုတာလို ယုံၾကည္မႈနဲ႔ ကုသတာေတြ ရွိခဲ့ပါတယ္။

အဲဒီေခတ္က ေပၚတဲ့ အၿငိမ့္သဘင္ သီခ်င္းေတြမွာ လည္း ဘယာတုပ္ေကြး က ေဝးလို႔ကင္းကြာ၊ သက္ရွည္က်န္းမာၿပီ ဆိုတဲ့ အသုံးအႏႈန္းေတြနဲ႔ သီခ်င္းစပ္ဆိုတာေတြလည္း ရွိခဲ့ပါတယ္။ ျမန္မာႏိုင္ငံ ေဝးလံတဲ့ တခ်ိဳ႕အရပ္ေတြက သခ်ႋဳင္း တခ်ိဳ႕မွာ တုပ္ေကြးႀကီးျဖင့္ ကြယ္လြန္သည္ ဆိုတဲ့ စာသားပါ အုတ္ဂူေတြ ကိုလည္း ခုထိ ေတြ႕ႏိုင္ပါတယ္။ လူေတြက ေမ့ေပ်ာက္ေနၾကေပမယ့္ ျမန္မာႏိုင္ငံမွာ တခ်ိန္က တုပ္ေကြးကို ေၾကာက္႐ြံ႕ခဲ့ရတဲ့ ကာလတခု ရွိခဲ့ဖူးတယ္ဆိုတာကို မွတ္တမ္းေတြက ျပေနပါတယ္။ Thant Zaw Win

Unicode

၁၉၁၈ ပထမ ကမ္ဘာစစ်ကြီး ပြီးမယ့်နှစ် က မြန်မာနိုင်ငံမှာ တုပ်ကွေးရောဂါ ကပ်ကြီး ဆိုက်ခဲ့ပါတယ်။ ရန်ကုန် နဲ့ နိုင်ငံတလွှားမှာ ချထားတဲ့ စစ်တပ်တွေ ကနေ ရောဂါကူးစက်သွားတာ ဆိုသလို အိန္ဒိယက ရွှေ့ပြောင်းလာသူတွေ ဆီကနေ ကူးစက်တယ်လို့လည်း ရေးသားကြပါတယ်။ ၁၉၁၈ ဇွန်လက ဘုံဘေမြို့မှာ စတွေ့ရတဲ့ ဒီရောဂါ ဗိုင်းရပ်စ်ပိုးဟာ ၃ လ အတွင်း မြန်မာပြည်အနှံ့ ရောက်ရှိသွားတဲ့အထိ ကူးစက်မှုက မြန်ပါတယ်။

ဒီတုပ်ကွေးကပ်ကြီးဟာ အဲဒီအချိန်မှာ ကမ္ဘာအနှံ့ ဖြစ်နေတဲ့ စပိန်တုပ်ကွေးလို့ ခေါ်တဲ့ တုပ်ကွေးကြီးနဲ့ ဆက်စပ်ပါတယ်။ ကမ္ဘာ့တိုက်ကြီး ၄ တိုက်ထိ ကူးစက်ခဲ့တဲ့ ဒီတုပ်ကွေးကြောင့် မြန်မာနိုင်ငံမှာလည်း သေဆုံးသူ ၃ သိန်းကနေ ၄ သိန်းလောက်ထိ ရှိခဲ့တယ်လို့ ကိုလိုနီခေတ် မြန်မာပြည်ရဲ့ ရောဂါဗေဒ သမိုင်း စာအုပ်ပြုစုသူ ဂျူးဒစ်သ် ရစ်ချဲက ရေးသားပါတယ်။

ဒါဟာ အဲဒီတုန်းက ၁၃ သန်းသာ ရှိတဲ့ မြန်မာပြည် လူဦးရေရဲ့ ၃ ရာခိုင်နှုန်း (လူ ၄ သိန်းခန့်) သေဆုံး တိမ်းပါး ခဲ့တာပါ။ မြန်မာပြည် ပါဝင်တဲ့ အိန္ဒိယ အင်ပါယာ တခုလုံး အနေနဲ့ သေသူ ၁၂ သန်းခွဲလောက်ထိ ရှိတယ်လို့ သိရပါတယ်။

ဘာလို့ အဲဒီလောက် အသေအပျောက် များခဲ့သလဲ ဆိုတော့ ရောဂါ ဗိုင်းရပ်စ် ပိုးအမျိုးသစ် ဖြစ်ပြီး ရောဂါလက္ခဏာ ပြင်းထန်တဲ့အတွက် ကူးစက်ခံရသူတွေ အားအင်ဆုတ်ယုတ်ပြီး နောက်ဆက်တွဲ ရောဂါတွေ ဝင်လာတာကြောင့်ပါ။ နောက် အဲဒီအချိန်က အုပ်ချုပ်သူ ကိုလိုနီ အစိုးရ အနေနဲ့ ရောဂါကာကွယ် နှိမ်နင်းရေးအတွက် ထိရောက်တဲ့ စီမံမှုတွေ မရှိခဲ့ဘူးလို့ သုံးသပ်ကြပါတယ်။

ဒါကလည်း စစ်အတွင်း ကာလဖြစ်လို့ ဆရာဝန်နဲ့ ဆေးဝန်ထမ်း အလုံအလောက် မရှိတာလည်း ပါပါတယ်။ နောက် အစိုးရဟာ သူတို့ မျက်နှာဖြူ အမျိုးသားတွေ ပါတဲ့ စစ်တပ်တွေကိုပဲ ဦးစားပေးပြီး ကာကွယ် စောင့်ရှောက်မှုတွေ လုပ်တယ်၊ တိုင်းရင်းသား တပ်တွေနဲ့ တခြားလူမျိုးစုတပ်တွေကို ဒီလောက် မကာကွယ်ခဲ့ဘူးလို့ အဲဒီအချိန်က ထုတ်ဝေတဲ့ အစီရင်ခံစာတွေမှာ ဝေဖန်ထားပါတယ်။

ရောဂါကူးစက်မှုကြောင့် သေဆုံးရတဲ့အထဲ ဆင်းရဲပြီး နေရာထိုင်ခင်းပြည့်ကျပ်နေတဲ့ မြို့ပြနေ ဆင်းရဲသားတွေ ပိုထိခိုက် သေဆုံးပြီး ငွေကြေးချမ်းသာပြီး အိမ်ကောင်းကောင်းနဲ့ နေနိုင်သူ၊ ပြီးတော့ အနောက်တိုင်း ဆေးပညာကို လက်လှမ်းမီ အားကိုးတတ်တဲ့ ချမ်းသာသူတွေ ကတော့ အသေအပျောက် ရာနှုန်းပိုနည်းတယ်လို့ ဆိုပါတယ်။ နောက်ပြီး နေမကောင်းသူတွေကို ပြုစုရတဲ့ အမျိုးသမီး တွေမှာလည်း သူတို့နဲ့အသက်တူတဲ့ အမျိုးသားတွေထက် သေနှုန်းပိုမြင့်ပါတယ်။

လူမျိုးအရ ဆိုရင်တော့ ပြည်ပက ဝင်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ များတဲ့ အိန္ဒိယ နွယ်ဖွား ဟိန္ဒူ ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေထက် နှစ်ဆ ပိုသေဆုံးခဲ့ပါတယ်။ ရန်ကုန်ကို ဝင်လာတဲ့ လူစီးသငေ်္ဘာတွေကို သေချာမထိန်းချုပ် နိုင်ခဲ့တော့ သငေ်္ဘာပေါ်မှာတင် သေဆုံးသူတွေ တော်တော်များပါတယ်။

နောက်ပိုင်း ဒီလို ကူးစက်ရောဂါဖြစ်ခဲ့ရင် ရန်ကုန်မြစ်ဝမှာ သီးခြားခွဲထားတဲ့ စခန်းဖွင့်ပြီး ရောဂါသည်တွေကို ကုသဖို့ စဉ်းစားခဲ့ကြပေမယ့် ရောဂါဖြစ်တဲ့နှစ်တွေအတွင်းမှာတော့ တုပ်ကွေးနဲ့ ဝင်လာသူတွေကို သေချာ ကုသမပေးနိုင်ဘဲ ချက်ချင်းအဖျားသက်သာတာနဲ့ နောက်လူနာအတွက် ဆင်းခိုင်းတာတွေ ရှိခဲ့တော့ ရောဂါကူးစက်မှုက ထိန်းလို့ မရဖြစ်ခဲ့ပါတယ်။

နောက်ရာသီအလိုက် ကျင်းပတဲ့ ပွဲတော်တွေကို မတားမြစ်ခဲ့တဲ့အတွက် ပွဲတော်တွေက ကူးစက်တာတွေ လည်း ရှိခဲ့ပါတယ်။ မန္တလေး မှာ နှစ်စဉ်ကျင်းပတဲ့ မဟာမုနိ ဘုရားကြီးပွဲကအပြန် ကူးစက်မှုတွေကြောင့် ရောဂါဟာ ရှမ်းပြည်တောင်ပိုင်း မြောက်ပိုင်းတွေနဲ့ အညာဒေသတွေမှာ ရောက်ရှိသွားပါတယ်။

ရောဂါသည်တွေကို ကုသဖို့ ဆေးဝါးမလုံလောက်တဲ့အပြင် တချို့အချိန်တွေမှာ ရန်ကုန်ဆေးရုံကြီးက ဝန်ထမ်း တဝက်လောက် ရောဂါကူးစက်ခံရလို့ ဆေးကုသမှု နှောင့်နှေးတာတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်က ရောဂါကာကွယ် ကုသဖို့ အစွမ်းထက်တဲ့ဆေးတွေ ကောင်းကောင်း မပေါ်သေးတဲ့အပြင် မြန်မာပြည်သား တွေကလည်း အနောက်တိုင်း ဆေးအပေါ် ယုံကြည်မှု သိပ်မများသေးပါဘူး။

ရောဂါတိုက်ဖျက်ရေးမှာလည်း တိကျတဲ့ ဗဟို စီမံချက်ရယ် လို့ မရှိတဲ့အပြင် ရန်ကုန်အပြင်ဘက်က မြို့တွေက ဆေးရုံ တွေမှာ လူနာတွေပုံပြီး ကုသမှုက ဖရိုဖရဲဖြစ်ခဲ့ပါတယ်။ နောက် ရောဂါသတိပေးတဲ့ ကြေညာချက်တွေကလည်း ရောဂါကူးစက်ချိန်ကျမှ ထုတ်သလိုဖြစ်ခဲ့ပြီး ပွဲလမ်းသဘင်တွေ လူစုဝေးတာတွေကို ပိတ်ပင်တာတွေတော့ လုပ်လာခဲ့ပါတယ်။

၁၉၁၈ က စခဲ့တဲ့ ဒီတုပ်ကွေးကြီးကြောင့် သေဆုံးထိခိုက်မှုတွေ မြန်မာနိုင်ငံမှာ ၃ နှစ်လောက်ခံစားခဲ့ရပြီး ရွာလုံးကျွတ် ထိခိုက်ဖိတ်စင်မှုတွေကြောင့် လယ်ယာစိုက်ပျိုးရေးတွေ ပျက်စီးထိခိုက်ခဲ့ရပါတယ်။ တုပ်ကွေးကို ကမ္ဘာနာ ရောဂါဆိုးကြီး တခုလို သဘောမျိုး ရေးတဲ့ တိုင်းရင်းဆေး ကုထုံးတွေ ပေါ်လာသလို အန္တရာယ်ကင်း ပရိတ်ရွတ်ဆိုတာလို ယုံကြည်မှုနဲ့ ကုသတာတွေ ရှိခဲ့ပါတယ်။

အဲဒီခေတ်က ပေါ်တဲ့ အငြိမ့်သဘင် သီချင်းတွေမှာ လည်း ဘယာတုပ်ကွေး က ဝေးလို့ကင်းကွာ၊ သက်ရှည်ကျန်းမာပြီ ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ သီချင်းစပ်ဆိုတာတွေလည်း ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ ဝေးလံတဲ့ တချို့အရပ်တွေက သချႋုင်း တချို့မှာ တုပ်ကွေးကြီးဖြင့် ကွယ်လွန်သည် ဆိုတဲ့ စာသားပါ အုတ်ဂူတွေ ကိုလည်း ခုထိ တွေ့နိုင်ပါတယ်။ လူတွေက မေ့ပျောက်နေကြပေမယ့် မြန်မာနိုင်ငံမှာ တချိန်က တုပ်ကွေးကို ကြောက်ရွံ့ခဲ့ရတဲ့ ကာလတခု ရှိခဲ့ဖူးတယ်ဆိုတာကို မှတ်တမ်းတွေက ပြနေပါတယ်။ Thant Zaw Win

Add a Comment

Your email address will not be published. Required fields are marked *