ျပည္သူအမ်ားကန႔္ကြက္ေနသည့္ စာေမးပြဲ အခ်ိန္စာရင္း မ်ား ျပန္လည္ျပင္ဆင္ရန္ ဝန္ႀကီးသေဘာတူလုိက္ၿပီ ဟုဆို

ျပည္သူ အမ်ား ကန႔္ကြက္ေနေသာ ဝန္ႀကီးဌာန မွ ထုတ္ျပန္ထားသည့္ အေျခခံပညာ စာေမးပြဲ အခ်ိန္စာရင္းမ်ားကို ေျပာင္းလဲေပးရန္ ပညာေရးဝန္ႀကီးက သေဘာတူလိုက္ၿပီျဖစ္ေၾကာင္း အမ်ိဳးသား လႊတ္ေတာ္ ပညာေရးျမႇင့္တင္မႈေကာ္မတီထံမွ သိရသည္။

ထို႔ေၾကာင့္ အေျခခံပညာ အတန္းငယ္မ်ား၏ စာေမးပြဲကို ေလးတန္း၊ ရွစ္တန္း အစိုးရစစ္စာေမးပြဲႏွင့္ ဆယ္တန္းစာေမးပြဲ ႏွစ္ခု၏ၾကားတြင္ စစ္ေဆးသြားမည္ျဖစ္သည့္ အတြက္ မတ္ ၃ ရက္ႏွင့္ ၁၁ ရက္ၾကားတြင္ က်င္းပမည္ျဖစ္ေၾကာင္း အဆိုပါေကာ္မတီအတြင္းေရးမႉး ဦးေက်ာ္တုတ္က ေျပာသည္။

“ေလးတန္း ရွစ္တန္းနဲ႔ ဆယ္တန္းစာေမးပြဲၾကားကာလကို စစ္ဖို႔သေဘာတူတယ္။ ပုံစံက တိုင္းေဒသႀကီးျပည္နယ္ပညာေရးမႉး႐ုံးေတြနဲ႔ အစိုးရအဖြဲ႕ေတြရဲ႕ ညႇိႏႈိင္းမႈနဲ႔ မိမိအစီအစဥ္နဲ႔ ေဆာင္႐ြက္ရမယ္။ ဝန္ႀကီးဌာနကလည္း စာထြက္ပါလိမ့္မယ္”ဟု ၎ကဆိုသည္။

အေျခခံပညာအတန္းမ်ား၏ စာေမးပြဲအခ်ိန္စာရင္းမ်ားႏွင့္ပတ္သက္၍ ေဖေဖာ္ဝါရီ ၃ ရက္က အမ်ိဳးသားလႊတ္ေတာ္ ပညာေရးျမႇင့္တင္မႈေကာ္မတီႏွင့္ ပညာေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးတို႔ ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ရာတြင္ ယခုကဲ့သို႔ သေဘာတူခဲ့ျခင္းလည္းျဖစ္သည္။

လက္ရွိထုတ္ျပန္ထားသည့္ အခ်ိန္စာရင္းမ်ားအရ အေျခခံပညာ စတုတၳတန္းႏွင့္ အဌမတန္းစာေမးပြဲမ်ားကို ေဖေဖာ္ဝါရီလ ၂၄ ေန႔မွစတင္ကာ မတ္လ ၃ ရက္ေန႔အၿပီး စစ္ေဆးရမည္ျဖစ္ၿပီး တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ ၁၁ ရက္ေန႔တြင္ စတင္က်င္းပရန္ သတ္မွတ္ထားသည့္အတြက္ အတန္းငယ္မ်ား၏စာေမးပြဲမ်ားစစ္ေဆးရန္ ၾကားထဲတြင္ ရက္သတၱပတ္တစ္ပတ္ အခ်ိန္ရရွိမည္ျဖစ္သည္။

အမ်ိဳးသားလႊတ္ေတာ္ပညာေရးျမႇင့္တင္မႈေကာ္မတီႏွင့္ ပညာေရးဝန္ႀကီးတို႔ မေတြ႕ဆုံခင္အခ်ိန္ထိ လက္ရွိသတ္မွတ္ထားေသာ စာေမးပြဲအခ်ိန္စာရင္းမ်ားကို ေျပာင္းလဲမည္မဟုတ္ပဲ ဆက္လက္ေဆာင္႐ြက္မည္ဟု ေဖေဖာ္ဝါရီ ၁ ရက္က ဆရာသမဂၢမ်ားႏွင့္ေတြ႕ဆုံစဥ္ ပညာေရးဝန္ႀကီးက ေျပာၾကားေသာ္လည္း ယခုအခါတြင္မူ ျပန္လည္းေျပာင္းလဲရန္ သေဘာတူလိုက္ျခင္းလည္းျဖစ္သည္။

စာေမးပြဲအခ်ိန္မ်ားေျပာင္းလဲျခင္း၊ စာသင္ခ်ိန္တိုးျမႇင့္သတ္မွတ္လိုက္ျခင္းတို႔ေၾကာင့္ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈမ်ားျဖင့္ တစ္ႏိုင္ငံလုံး ကန႔္ကြက္မႈမ်ားရွိခဲ့သလို ပညာေရးေကာလိပ္ ေက်ာင္းသားေက်ာင္းသူမ်ား ကလည္း ဆက္တိုက္ ဆႏၵျပခဲ့ၾကေသးသည္။

“လႊတ္ေတာ္ဘက္မွ ေျပာခဲ့တဲ့အတြက္ အဲ့ဒီမွာေတာ့ အတည္ျပဳႏိုင္မွာပါ။ အကိုတို႔ကေတာ့ ဝန္ႀကီးဌာနက တရားဝင္စာမထြက္ေသးတဲ့ အတြက္ အတည္ျပဳႏိုင္တဲ့ အေျခအေန မရွိေသးပါဘူး။ ျပန္ေျပာင္းေပးမယ္ဆိုရင္ေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြေရာ၊ ဝန္ႀကီးဌာနေရာကို ေက်းဇူးတင္ရမွာပါ” ဟု အေျခခံပညာပညာေရး လုပ္သားမ်ားသမဂၢျဖစ္ေျမာက္ေရးေကာ္မတီမွ ကိုၿဖိဳးေဝေအာင္က ေျပာသည္။

ယခင္ႏွစ္မ်ားကမူ အေျခခံပညာေက်ာင္းသားမ်ား၏ စာေမးပြဲမွာ ေလးတန္း၊ ရွစ္တန္း အစိုးရစစ္ စာေမးပြဲ မတိုင္မီျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ေဖေဖာ္ဝါရီလအတြင္း အၿပီးစစ္ေဆးခဲ့ျခင္းျဖစ္သည္။

ေလးစားစြာျဖင့္ ခရစ္ဒက္ …… thevoicemyanmar

Unicode

ပြည်သူအများ ကန့်ကွက်နေသော ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အခြေခံပညာစာမေးပွဲ အချိန်စာရင်းများကို ပြောင်းလဲပေးရန် ပညာရေးဝန်ကြီးက သဘောတူလိုက်ပြီဖြစ်ကြောင်း အမျိုးသား လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီထံမှ သိရသည်။

ထို့ကြောင့် အခြေခံပညာ အတန်းငယ်များ၏ စာမေးပွဲကို လေးတန်း၊ ရှစ်တန်း အစိုးရစစ်စာမေးပွဲနှင့် ဆယ်တန်းစာမေးပွဲ နှစ်ခု၏ကြားတွင် စစ်ဆေးသွားမည်ဖြစ်သည့် အတွက် မတ် ၃ ရက်နှင့် ၁၁ ရက်ကြားတွင် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါကော်မတီအတွင်းရေးမှူး ဦးကျော်တုတ်က ပြောသည်။

“လေးတန်း ရှစ်တန်းနဲ့ ဆယ်တန်းစာမေးပွဲကြားကာလကို စစ်ဖို့သဘောတူတယ်။ ပုံစံက တိုင်းဒေသကြီးပြည်နယ်ပညာရေးမှူးရုံးတွေနဲ့ အစိုးရအဖွဲ့တွေရဲ့ ညှိနှိုင်းမှုနဲ့ မိမိအစီအစဉ်နဲ့ ဆောင်ရွက်ရမယ်။ ဝန်ကြီးဌာနကလည်း စာထွက်ပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။

အခြေခံပညာအတန်းများ၏ စာမေးပွဲအချိန်စာရင်းများနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၃ ရက်က အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီနှင့် ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ရာတွင် ယခုကဲ့သို့ သဘောတူခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိထုတ်ပြန်ထားသည့် အချိန်စာရင်းများအရ အခြေခံပညာ စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲများကို ဖေဖော်ဝါရီလ ၂၄ နေ့မှစတင်ကာ မတ်လ ၃ ရက်နေ့အပြီး စစ်ဆေးရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပရန် သတ်မှတ်ထားသည့်အတွက် အတန်းငယ်များ၏စာမေးပွဲများစစ်ဆေးရန် ကြားထဲတွင် ရက်သတ္တပတ်တစ်ပတ် အချိန်ရရှိမည်ဖြစ်သည်။

အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီနှင့် ပညာရေးဝန်ကြီးတို့ မတွေ့ဆုံခင်အချိန်ထိ လက်ရှိသတ်မှတ်ထားသော စာမေးပွဲအချိန်စာရင်းများကို ပြောင်းလဲမည်မဟုတ်ပဲ ဆက်လက်ဆောင်ရွက်မည်ဟု ဖေဖော်ဝါရီ ၁ ရက်က ဆရာသမဂ္ဂများနှင့်တွေ့ဆုံစဉ် ပညာရေးဝန်ကြီးက ပြောကြားသော်လည်း ယခုအခါတွင်မူ ပြန်လည်းပြောင်းလဲရန် သဘောတူလိုက်ခြင်းလည်းဖြစ်သည်။

စာမေးပွဲအချိန်များပြောင်းလဲခြင်း၊ စာသင်ချိန်တိုးမြှင့်သတ်မှတ်လိုက်ခြင်းတို့ကြောင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုများဖြင့် တစ်နိုင်ငံလုံး ကန့်ကွက်မှုများရှိခဲ့သလို ပညာရေးကောလိပ် ကျောင်းသားကျောင်းသူများ ကလည်း ဆက်တိုက် ဆန္ဒပြခဲ့ကြသေးသည်။

“လွှတ်တော်ဘက်မှ ပြောခဲ့တဲ့အတွက် အဲ့ဒီမှာတော့ အတည်ပြုနိုင်မှာပါ။ အကိုတို့ကတော့ ဝန်ကြီးဌာနက တရားဝင်စာမထွက်သေးတဲ့ အတွက် အတည်ပြုနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ ပြန်ပြောင်းပေးမယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ဝန်ကြီးဌာနရောကို ကျေးဇူးတင်ရမှာပါ” ဟု အခြေခံပညာပညာရေး လုပ်သားများသမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ ကိုဖြိုးဝေအောင်က ပြောသည်။

ယခင်နှစ်များကမူ အခြေခံပညာကျောင်းသားများ၏ စာမေးပွဲမှာ လေးတန်း၊ ရှစ်တန်း အစိုးရစစ် စာမေးပွဲ မတိုင်မီပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း အပြီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။

လေးစားစွာဖြင့် ခရစ်ဒက် …… thevoicemyanmar

Add a Comment

Your email address will not be published. Required fields are marked *