သေကံမှ ကယ်ခဲ့တဲ့ ဖြိုးပြည့်စုံ ရဲ့ ကျေးဇူးကိုမမေ့သေးပါဘူး ဆိုတဲ့ ရွှေထူး


ရွှေထူး


ဖြိုးပြည့်စုံ


Unicode

နိုင်ငံကျော် အဆိုတော် ရွှေထူးကတော့ လွန်ခဲ့တဲ့(၃)နှစ်ကျော် က သေကံမှ ကယ်ခဲ့တဲ့ ဖြိုးပြည့်စုံရဲ့ ကျေးဇူးကို မမေ့သေးတဲ့ အကြောင်းကို “ကိုဖြိုးရေ မှတ်မိသေးလား… ထန်းရည်အသောက်လွန်ပြီး… သီချင်းဆိုခါနီးမှ သေမလိုဖြစ်တော့ ကိုဖြိုး ဆေးထိုးပေးလိုက် ရတာလေ… ကျေးဇူးမမေ့… တကယ့် အမှတ်တရပါ.” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နာမှာ လွန်ခဲ့တဲ့(၃)နှစ်ကျော် က ထန်းရည်ဆိုင်မှ Live လွင့်ပြီး ပရိသတ်တွေကို သီချင်းဆိုပြနေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေထားပါတယ်။

ရွှေထူး ကတော့ သီချင်းတွေကို ခံစားချက် အပြည့်ဖြင့် ရေးစပ်သီဆိုလေ့ရှိတဲ့ နိုင်ငံကျော် အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို သာမက ယောက်ျားလေး ပရိသတ်တွေရဲ့ အပြည့် အဝ အားပေးဝန်းရံမှုကို ရရှိထားတဲ့ အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။ ဖြိုးပြည့်စုံကတော့ အဆွေးသီချင်းလေး သီဆိုရင် ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက် အဖြစ်ရပ်တည်နေသလို့ မိခင်ဖြစ်စေချင်တဲ့ ဆရာဝန်ကောင်း တစ်ယောက်အဖြစ်လည်း ရပ်တည်နေသူပါတယ်။ ရွှေထူးနဲ့ ဖြိုးပြည့်စုံ တို့ဟာ ပရိသတ်တွေ ရင်ထဲရောက်အောင် သီချင်းတွေကိုသီဆိုရင်း ပရိသတ် အခိုင်အမာ အသီးသီးရရှိနေကြတာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ လူတွေဟာ ကျေးဇူးရှင်တွေ ကျေးဇူးကို မမေ့သင့်ပါဘူး၊ ကျေးဇူးတွေထဲကမှ အသက်သခင် ကျေးဇူးရှင်ကိုဆို ပိုလို့ပင်မမေ့သင့်တာ အမှန်ပါ ။ နိုင်ငံကျော် အဆိုတော်ရွှေထူးကတော့ လွန်ခဲ့တဲ့(၃)နှစ်ကျော်က သေကံမှကယ်ခဲ့တဲ့ အသက်သခင်ကျေးဇူးရှင် ဖြိုးပြည့်စုံရဲ့ ကျေးဇူးကိုမမေ့သေးပါဘူးတဲ့နော်။

Add a Comment

Your email address will not be published. Required fields are marked *