မေမေ ယွန်းဝတီလွင်မိုး နဲ့ တူအောင် ပုံစံလေးတွေ မျိုးစုံလိုက်လုပ်နေတဲ့ LIAM လေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေး


သားအဖနှစ်ဦး


ချစ်စရာမိသားစုလေး


Unicode

ပရိသတ်ကြီးရေ ယွန်းဝတီလွင်မိုး ကတော့ ပြည်သူချစ် အနုပညာရှင် မင်းသားကြီး လွင်မိုး ရဲ့ သမီးအကြီးဖြစ်ပြီး အမျိုးသားထုကြီးရဲ့ အချစ်တွေကို သိမ်းပိုက်နိုင်ခဲ့သူကြီးပါ။ (၂၀၁၈)ခုနှစ်မှာ အိမ်ထောင်ကျခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကိုယ်ပိုင် မိသားစုဘဝလေးကို တည်ထောင်ထားနိုင်ပြီး ပရိသတ်တွေကလည်း ချစ်ခင် အားပေးဝန်းရံလျက်ရှိဆဲပါပဲနော်။ သူမရဲ့သားလေး Liam လေးကတော့ ပရိသတ်တွေရဲ့ အသည်းကျော် လေး ဖြစ်ပြီး မြင်သူတိုင်း အသဲယားလောက်ရတဲ့ထိ ချစ်စရာကောင်းတာပဲ ဖြစ်ပါတယ်။

သားသားလေး နဲ့ခွဲကာ ခင်ပွန်းသည်နဲ့အတူ ကျောင်းသွားတက်နေတဲ့ ယွန်းဝတီလွင်မိုး ကတော့ မြန်မာနိုင်ငံကို ပြန်ရောက်နေတာပါ။ မြန်မာပြည်ကိုပြန်လာခဲ့တဲ့ အချိန်မှာလည်း သားလေး Liam လေးကိုတွေ့ရမှာဖြစ်တာကြောင့် တစ်ညလုံးအိပ်မပျော်ခဲ့ဘဲ ရင်တွေ အရမ်းခုန်နေခဲ့တာပဲ ဖြစ်ပြီး သားလေးနဲ့အခုချိန်မှာ အရမ်းကိုရင်းနှီးနေပြီပဲ ဖြစ်ပါတယ်။

မြန်မာပြည်ကို ပြန်ရောက်လာတဲ့ အချိန်အတွင်းမှာ ရသမျှအချိန်ကို တန်ဖိုးထားပြီး Liam လေးကိုပဲ အချိန်တွေပေးနေတာဖြစ်ပါတယ်။ အခုဆိုရင် Liam လေးဟာ မေမေဖြစ်သူ ယွန်းဝတီလွင်မိုးနဲ့အတူ TikTok လေးတွေဆော့လာ တာတွေ့ရပါတယ်။ မေမေ ယွန်းဝတီလွင်မိုးနဲ့ တူအောင် ပုံစံလေးတွေ မျိုးစုံလိုက်လုပ်နေတဲ့ Liam လေးကတော့ မြင်သူတိုင်း အသည်းတယားယားဖြစ်စေတာ အမှန်ပါပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ခေးနဲ့ Laim လေးတို့ရဲ့ TikTok ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ Source : Yoon Waddy Lwin Moe

Add a Comment

Your email address will not be published. Required fields are marked *