သူမရဲ့ အနုပညာ အရည်အချင်းအပြင် နောက်ထပ်အရည်အချင်းတွေကို ချပြလိုက်တဲ့ မအေးသောင်း


သူမရဲ့ အနုပညာ အရည်အချင်းအပြင် နောက်ထပ်အရည်အချင်းတွေကို ချပြလိုက်တဲ့ မအေးသောင်း


သူမရဲ့ အနုပညာ အရည်အချင်းအပြင် နောက်ထပ်အရည်အချင်းတွေကို ချပြလိုက်တဲ့ မအေးသောင်း
သူမရဲ့ အနုပညာ အရည်အချင်းအပြင် နောက်ထပ်အရည်အချင်းတွေကို ချပြလိုက်တဲ့ မအေးသောင်း


သူမရဲ့ အနုပညာ အရည်အချင်းအပြင် နောက်ထပ်အရည်အချင်းတွေကို ချပြလိုက်တဲ့ မအေးသောင်း

Unicode

ပရိတ်သတ်အချစ်နော် မအေးသောင်း တစ်ယောက်ကတော့ မြန်မာဆန်ဆန် အလှတရားများနဲ့ ယဉ်ပြီးလှတဲ့ မင်းသမီးချော တစ်လက်ပဲဖြစ်ပါတယ်..။ အနုပညာ အရည်အချင်းတွေ အပြည့်အဝရှိနေပေမယ့် အသက်နဲ့ပတ်သက်တဲ့ ရိုက်ခတ်မှုလေးတွေကြောင့် အနုပညာလောကကနေ ခဏရပ်နားသွားခဲ့ပေမယ့် အခုချိန်မှာတော့ အနုပညာ အလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးများကိုလည်း ရိုက်ကူးနေပြီဖြစ်ပါတယ်..။ “မုန်းစွဲ”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အကယ်ဒမီရဖို့ ခန့်မှန်းခံရအောင်အထိ သူမရဲ့ ကာရိုက်တာအပေါ် ခံစားသက်ဝင် သရုပ်ဆောင်မှုတွေဟာ ပီပြင်နေခဲ့တာပါ..။

မအေးသောင်းဟာ လတ်တလောမှာ ဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် Mask လေးတွေကို အများပြည်သူတွေဆီ ဝေမျှဖို့ စီစဉ်နေတယ်လို့သိရပါတယ်…။ လက်ရှိမှာ ကြော်ငြာများကို ရိုက်ကူးနေပြီး မအားမလပ်နိုင်အောင် အလုပ်တွေ အပြည့်နဲ့ လုပ်ကိုင်နေတဲ့ အေးသောင်းကတော့ အလုပ်လောဘကြီးတဲ့သူ ပီပီ အနုပညာ အလုပ်အပြင် အပြင်စီးပွားရေးကိုလည်း လုပ်ကိုင်ဖို့အတွက် အရည်အချင်းအပြည့်ရှိတယ်ဆိုတဲ့ အကြောင်းကို သူမရဲ့ မိုင်ဒေးမှာ “အလုပ်လေးဘာလေး လျှောက်အုန်းမှပါ.”ဆိုပြီး နောက်ထပ်ကျွမ်းကျင်တဲ့ အရည်အချင်းတွေကို ချပြလာပါတယ်..။

(၂၀၁၀) ခုနှစ်မှာ ရရှိထားတဲ့ “Financial Accounting , System Analysis & Design” Certificate တွေကို ချပြလာတာပဲဖြစ်ပါတယ်..။ အေးသောင်းဟာ အဆင်းရော အချင်းပါ ပြည့်စုံတယ်လို့ ပြောရင်မှားမယ် မထင်ပါဘူးနော် ပရိသတ်ကြီးရေ..။ အနုပညာ အလုပ်တွေမှာလည်း ကျွမ်းကျင်တဲ့ မင်းသမီးတစ်လက်ဖြစ်သလို ပညာရေးပိုင်းမှာလည်း ထူးချွန်တဲ့ အေးသောင်းရဲ့ Certificate လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ Source: Aye Thaung’s My Day

Add a Comment

Your email address will not be published. Required fields are marked *