သူမရဲ့ကေလးေတြ ျမန္မာကား မၾကည့္ဘူးဆိုတာကို ဘာလုိ႔ အဲ့ေလာက္နာေနတာလဲ ဆိုတဲ့ နႏၵာလိႈင္

သရုပ္ေဆာင္ မင္းသမီးႀကီး နႏၵာလိႈင္ ဟာ ျမန္မာနို္င္ငံရဲ႕ ထိပ္ထိပ္ၾကဲ မင္းသမီး တစ္လက္ျဖစ္ျပီး အခုေနာက္ပုိင္းမွာေတာ့ အနုပညာ အလုပ္ေတြ သိပ္မလုပ္ေတာ့ပဲ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးနဲ႔ ကုသိုလ္ေတြလုပ္ရင္း ေအးေအးခ်မ္းခ်မ္းေနထိုင္ေန ခဲ့တာပါ။ မၾကာေသးမီက နႏၵာလိႈင္က မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ကေလးေတြက ျမန္မာကားမၾကည့္ပဲ ကာတြန္းကားပဲ ၾကည့္တယ္လို႔ ေျဖခဲ့ပါတယ္။ Facebook သံုးစြဲသူ တစ္ဦးက နႏၵာလိႈင္ အဲဒီလိုေျဖသြားတာနဲ႔ ပတ္သက္ျပီး ျမန္မာမင္းသမီး တစ္ေယာက္ရဲ႕ ကေလးေတြကိုယ္တိုင္က ျမန္မာကားမၾကည့္ဘူးလို႔ ျပန္တင္ထားခဲ့ျပီး အဲဒီပုိစ့္ေအာက္မွာ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ေဝဖန္ထားၾကတာလည္းေတြ႕ရပါတယ္။

သူမရဲ့ကေလးေတြ ျမန္မာကား မၾကည့္ဘူးဆိုတာကို ဘာလုိ႔ အဲ့ေလာက္နာေနတာလဲ ဆိုတဲ့ နႏၵာလိႈင္

အဲဒီ Facebook သံုးစြဲသူက အင္တာဗ်ဴးေျဖသြားတဲ့ နႏၵာလိႈင္ရဲ႕ ဓာတ္ပံုနဲ႔ အတူ “မင္းသမီးေဟာင္း Nanda Hlaing ရဲ႕အိမ္မွာလဲ သူ႔ကေလး ၃ ေယာက္က ျမန္မာကားမၾကည့္ဘူးတဲ့။ ႏိုင္ငံျခားကားပဲၾကည့္တာတဲ့။ျမန္မာမင္းသမီး တေယာက္ရဲ႕ ကေလးေတြ ကိုယ္တိုင္က ျမန္မာကားမၾကည့္တာေနာ္ ပက္စက္တယ္။ မင္းသမီး ကိုယ္တိုင္ကလဲ သူ႔ကေလးေတြ ျမန္မာကားမၾကည့္တာကို ဘယ္လိုမွ ခံစားရဟန္မတူဘူး။ ေအးထာဖဲ။ ျပန္စဥ္းစားၾကည့္ေတာ့လဲ အဓိပၸာယ္ရွိတယ္။ မူးယစ္ရာဇာေတြရဲ႕ က်င့္ဝတ္လိုေပါ့။ ေဆးေရာင္းသူက ေဆးဘယ္ေတာ့မွ မသုံးဘူး။ စီးပြားေရး သက္သက္လုပ္တာတဲ့”လို႔ တင္ထားခဲ့တာပါ။ အဲဒီ ပို႔စ္ကုိ နႏၵာလိႈင္က ျပန္ share ထားျပီး ကေလးေတြျမန္မာကား မၾကည့္ေပမယ့္ နုိင္ငံျခားကားၾကည့္တယ္လို႔ မေျဖထားေၾကာင္း၊ နုိင္ငံျခားကားလည္း မၾကည့္ၾကေၾကာင္းနဲ႔ ကာတြန္းကားပဲၾကည့့္တယ္လို႔ ေျဖရွင္းထားခဲ့တာပါ။

သူမရဲ့ကေလးေတြ ျမန္မာကား မၾကည့္ဘူးဆိုတာကို ဘာလုိ႔ အဲ့ေလာက္နာေနတာလဲ ဆိုတဲ့ နႏၵာလိႈင္

နႏၵာလိႈင္က သူမရဲ႕ လူမႈကြန္ယက္မွာ အဲဒီပို႔စ္ကုိ share ျပီး “ ၁၀ ႏွစ္ ၈ ႏွစ္ ၅ ႏွစ္ သမီးေလးေတြ ျမန္မာကားမၾကည့္တာ ဘာျဖစ္လို႔ အဲေလာက္နာေနရတာလဲဟင္ နားမလည္ဘူး ။ ႏိုင္ငံျခားကားေတြဘဲ ၾကည့္တယ္လို႔လဲ မေျပာမိပါဘူးေနာ္ ၾကည့္လဲမၾကည့္ပါဘူး ကာတြန္းကားၾကည့္တယ္လို႔ေတာ့ေျပာလိုက္ပါတယ္။ ဘာလို႔ အဲေလာက္ရန္လိုေနတာလဲဟင္ ပ်င္းလို႔ဖြသည္”လို႔ ေျဖရွင္းထားခဲ့တာပါ။ နႏၵာလိႈင္ရဲ႕ ခင္ပြန္းျဖစ္သူ ေဇသီဟကလည္း “သမီးေတြကို ႐ုပ္ရွင္ ေပးမၾကည့္ေသးတာ ငယ္ေသးလို႔ပါ။ အထူးသျဖင့္ ျမန္မာဇာတ္ကားေတြဟာ ကေလးငယ္ေတြ အတြက္ ဆိုးက်ိဳးျဖစ္ေစမဲ့ စကားလုံးေတြ အျပဳအမူေတြ အ႐ြယ္နဲ႔မလိုက္တဲ့ စိတ္ခံစားမႈ အျပင္းစားေတြ ပါဝင္ေနပါတယ္။ ဒါေတြဟာ မိဘေတြအတြက္ ထိန္းေက်ာင္းေနတဲ့ ပုံစံအခ်ိဳ႕နဲ႔ ကြဲထြက္ေနၿပီး တခ်ိဳ႕ဟာ ဆန႔္က်င့္ဘက္ျဖစ္ေနပါတယ္။ ကေလးဘဝေပ်ာ္႐ႊင္စရာေတြ အမ်ားႀကီးရွိေနတာကို TV တလုံးေရွ႕မွာ လူႀကီးေတြကဲ့သို႔ ဇာတ္လမ္းတြဲေတြ၊ အတုယူမႈအမွားေတြၾကားမွာ မကုန္ဆုံးေစခ်င္ပါဘူး”လို႔ မိဘတစ္ေယာက္ရဲ႕ ဆႏၵကုိ comment မွာ ဝင္ေျဖၾကားထားခဲ့တာ လည္းေတြ႕ရပါတယ္။ နႏၵာလိႈင္ရဲ႕ ပုိစ့္ေအာက္မွာ ပရိသတ္ေတြက နႏၵာလိႈင္ကုိ အားေပးထားၾကတဲ့ comment ေတြလည္းေတြ႕ရပါတယ္။

ပရိသတ္ၾကီးေရာ နႏၵာလိႈင္ကုိ အားေပးခဲ့ၾကလား။ နႏၵာလိႈင္ရဲ႕ ရုပ္ရွင္ဇာတ္ကားေတြကုိေရာ နွစ္သက္ၾကလား။ မိဘရဲ႕ ကေလးေတြကုိ ျပဳစုပ်ိဳးေထာင္တဲ့ အုပ္ထိန္းမႈအေနနဲ႔ ျမန္မာကားေတြေပးမၾကည့္တာကိုေရာ ဘယ္လုိျမင္ၾကလဲ။ ထင္ျမင္ခ်က္ေလးေတြ ေဝမွ်ခဲ့ၾကပါဦး။

Unicode

သရုပ်ဆောင် မင်းသမီးကြီး နန္ဒာလှိုင် ဟာ မြန်မာနိုင်ငံရဲ့ ထိပ်ထိပ်ကြဲ မင်းသမီး တစ်လက်ဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အနုပညာ အလုပ်တွေ သိပ်မလုပ်တော့ပဲ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးနဲ့ ကုသိုလ်တွေလုပ်ရင်း အေးအေးချမ်းချမ်းနေထိုင်နေ ခဲ့တာပါ။ မကြာသေးမီက နန္ဒာလှိုင်က မီဒီယာတွေနဲ့ အင်တာဗျူးမှာ ကလေးတွေက မြန်မာကားမကြည့်ပဲ ကာတွန်းကားပဲ ကြည့်တယ်လို့ ဖြေခဲ့ပါတယ်။ Facebook သုံးစွဲသူ တစ်ဦးက နန္ဒာလှိုင် အဲဒီလိုဖြေသွားတာနဲ့ ပတ်သက်ပြီး မြန်မာမင်းသမီး တစ်ယောက်ရဲ့ ကလေးတွေကိုယ်တိုင်က မြန်မာကားမကြည့်ဘူးလို့ ပြန်တင်ထားခဲ့ပြီး အဲဒီပိုစ့်အောက်မှာ ပရိသတ်တော်တော်များများက ဝေဖန်ထားကြတာလည်းတွေ့ရပါတယ်။

အဲဒီ Facebook သုံးစွဲသူက အင်တာဗျူးဖြေသွားတဲ့ နန္ဒာလှိုင်ရဲ့ ဓာတ်ပုံနဲ့ အတူ “မင်းသမီးဟောင်း Nanda Hlaing ရဲ့အိမ်မှာလဲ သူ့ကလေး ၃ ယောက်က မြန်မာကားမကြည့်ဘူးတဲ့။ နိုင်ငံခြားကားပဲကြည့်တာတဲ့။မြန်မာမင်းသမီး တယောက်ရဲ့ ကလေးတွေ ကိုယ်တိုင်က မြန်မာကားမကြည့်တာနော် ပက်စက်တယ်။ မင်းသမီး ကိုယ်တိုင်ကလဲ သူ့ကလေးတွေ မြန်မာကားမကြည့်တာကို ဘယ်လိုမှ ခံစားရဟန်မတူဘူး။ အေးထာဖဲ။ ပြန်စဉ်းစားကြည့်တော့လဲ အဓိပ္ပာယ်ရှိတယ်။ မူးယစ်ရာဇာတွေရဲ့ ကျင့်ဝတ်လိုပေါ့။ ဆေးရောင်းသူက ဆေးဘယ်တော့မှ မသုံးဘူး။ စီးပွားရေး သက်သက်လုပ်တာတဲ့”လို့ တင်ထားခဲ့တာပါ။ အဲဒီ ပို့စ်ကို နန္ဒာလှိုင်က ပြန် share ထားပြီး ကလေးတွေမြန်မာကား မကြည့်ပေမယ့် နိုင်ငံခြားကားကြည့်တယ်လို့ မဖြေထားကြောင်း၊ နိုင်ငံခြားကားလည်း မကြည့်ကြကြောင်းနဲ့ ကာတွန်းကားပဲကြည့်တယ်လို့ ဖြေရှင်းထားခဲ့တာပါ။

နန္ဒာလှိုင်က သူမရဲ့ လူမှုကွန်ယက်မှာ အဲဒီပို့စ်ကို share ပြီး “ ၁၀ နှစ် ၈ နှစ် ၅ နှစ် သမီးလေးတွေ မြန်မာကားမကြည့်တာ ဘာဖြစ်လို့ အဲလောက်နာနေရတာလဲဟင် နားမလည်ဘူး ။ နိုင်ငံခြားကားတွေဘဲ ကြည့်တယ်လို့လဲ မပြောမိပါဘူးနော် ကြည့်လဲမကြည့်ပါဘူး ကာတွန်းကားကြည့်တယ်လို့တော့ပြောလိုက်ပါတယ်။ ဘာလို့ အဲလောက်ရန်လိုနေတာလဲဟင် ပျင်းလို့ဖွသည်”လို့ ဖြေရှင်းထားခဲ့တာပါ။ နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ဇေသီဟကလည်း “သမီးတွေကို ရုပ်ရှင် ပေးမကြည့်သေးတာ ငယ်သေးလို့ပါ။ အထူးသဖြင့် မြန်မာဇာတ်ကားတွေဟာ ကလေးငယ်တွေ အတွက် ဆိုးကျိုးဖြစ်စေမဲ့ စကားလုံးတွေ အပြုအမူတွေ အရွယ်နဲ့မလိုက်တဲ့ စိတ်ခံစားမှု အပြင်းစားတွေ ပါဝင်နေပါတယ်။ ဒါတွေဟာ မိဘတွေအတွက် ထိန်းကျောင်းနေတဲ့ ပုံစံအချို့နဲ့ ကွဲထွက်နေပြီး တချို့ဟာ ဆန့်ကျင့်ဘက်ဖြစ်နေပါတယ်။ ကလေးဘဝပျော်ရွှင်စရာတွေ အများကြီးရှိနေတာကို TV တလုံးရှေ့မှာ လူကြီးတွေကဲ့သို့ ဇာတ်လမ်းတွဲတွေ၊ အတုယူမှုအမှားတွေကြားမှာ မကုန်ဆုံးစေချင်ပါဘူး”လို့ မိဘတစ်ယောက်ရဲ့ ဆန္ဒကို comment မှာ ဝင်ဖြေကြားထားခဲ့တာ လည်းတွေ့ရပါတယ်။ နန္ဒာလှိုင်ရဲ့ ပိုစ့်အောက်မှာ ပရိသတ်တွေက နန္ဒာလှိုင်ကို အားပေးထားကြတဲ့ comment တွေလည်းတွေ့ရပါတယ်။

ပရိသတ်ကြီးရော နန္ဒာလှိုင်ကို အားပေးခဲ့ကြလား။ နန္ဒာလှိုင်ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုရော နှစ်သက်ကြလား။ မိဘရဲ့ ကလေးတွေကို ပြုစုပျိုးထောင်တဲ့ အုပ်ထိန်းမှုအနေနဲ့ မြန်မာကားတွေပေးမကြည့်တာကိုရော ဘယ်လိုမြင်ကြလဲ။ ထင်မြင်ချက်လေးတွေ ဝေမျှခဲ့ကြပါဦး။

Add a Comment

Your email address will not be published. Required fields are marked *