တမူထူးျခားတဲ့ ဇာတ္ေကာင္ ကာရိုက္တာေလးနဲ႔ ျမင္ေတြ႕ရေတာ့မယ့္ နန္းစႏၵာလွထြန္း

ပရိသတ္ႀကီးေရ နန္းစႏၵာလွထြန္း လို႔ ေျပာလိုက္တာနဲ႔ ေရဝတီေလးလို႔ တန္းျမင္ၾကမယ္ ထင္ပါတယ္ေနာ္။ ေရဝတီေလး ကေတာ့ “ ပၪၥလက္႐ြာ ”ဇာတ္လမ္းတြဲကေန ပရိသတ္ေတြ စတင္သတိထားမိလာၿပီး “ အရိပ္” ဇာတ္လမ္းတြဲမွာလည္း ပရိသတ္ေတြ ရင္ထဲကို နာ့စ္ဆရာမေလး သက္သက္ အျဖစ္ စြဲထင္က်န္ရစ္ေစခဲ့တဲ့ ဇာတ္လမ္းတြဲ မင္းသမီးေလးပဲ ျဖစ္ပါတယ္။ “ဝကၤပါရွင္းတမ္း” ဇာတ္လမ္းတြဲ မွာလည္း ” ဟန္နီ” ဆိုတဲ့ဇာတ္ေကာင္နဲ႔ ပရိသတ္ေတြကို ထပ္မံဆြဲေဆာင္ႏိုင္ခဲ့ျပန္ပါေသးတယ္။

တမူထူးျခားတဲ့ ဇာတ္ေကာင္ ကာရိုက္တာေလးနဲ႔ ျမင္ေတြ႕ရေတာ့မယ့္ နန္းစႏၵာလွထြန္း

ေရဝတီေလး ကေတာ့ ႐ိုက္ကူးခဲ့တဲ့ ဇာတ္လမ္းတြဲ ျဖစ္တဲ့ ဘယ္ဇာတ္႐ုပ္မဆို သဘာဝက်က် ပီျပင္ေအာင္ စိတ္ႏွစ္ ႐ိုက္ကူးတတ္တဲ့ သူမကေတာ့ Miss World Myanmar ( 2015 ) Second Runner Up အလွမယ္ တစ္ဦးပဲ ျဖစ္ပါတယ္။ ေယာက်ာ္းေလး ပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္ အားေပးခံရ႐ုံသာမက မိန္းကေလး ပရိသတ္ေတြကပါ အခ်စ္ပိုရတဲ့ ရွမ္းတိုင္းရင္းသူေလး တစ္ဦးပါ။ သူမရဲ႕အေျပာအဆို ဟန္ပန္အမူအရာေလးေတြက ပရိသတ္ေတြကို အားေပးခ်စ္ခင္ေစတဲ့ အဓိကအခ်က္လို႔ဆိုရမွာပါ။

တမူထူးျခားတဲ့ ဇာတ္ေကာင္ ကာရိုက္တာေလးနဲ႔ ျမင္ေတြ႕ရေတာ့မယ့္ နန္းစႏၵာလွထြန္း

လက္ရွိမွာေတာ့ ပရိသတ္ေတြေမွ်ာ္လင့္ေစာင့္စားေနတဲ့ သူမရဲ႕ဇာတ္လမ္းတြဲ အသစ္ေလးကို ပရိသတ္ေတြေရွ႕ ေရာက္ရွိလာေတာ့မွာလို႔ဆိုရမွာပါ။ ဇာတ္လမ္းတြဲ အမည္ေလးကေတာ့ လယ္တြင္းသားေစာခ်စ္ရဲ႕ “ ကြၽန္ေတာ္အမုန္းဆုံးကြၽန္ေတာ္ ” ဝတၳဳကို ႐ိုက္ကူးပုံေဖာ္ထားတာပါ။ ႐ိုးသားျဖဴစင္ကာ ေယာက်ာ္းအေပၚတြင္ သစၥာရွိသူျဖစ္ၿပီး ခင္ပြန္းအေပၚ ယုံၾကည္မႈလြန္ကဲတဲ့ ေက်ာင္းဆရာမေလး “ ေအးျဖဴ ”အျဖစ္ ပါဝင္ထားတယ္လို႔ သိရပါတယ္။ ပရိသတ္ႀကီးလည္း ေရဝတီေလးရဲ႕ ဇာတ္လမ္းတြဲအသစ္ေလးကို ၾကည့္ရႉဖို႔ အသင့္ပဲလားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

တမူထူးျခားတဲ့ ဇာတ္ေကာင္ ကာရိုက္တာေလးနဲ႔ ျမင္ေတြ႕ရေတာ့မယ့္ နန္းစႏၵာလွထြန္း

Unicode

ပရိသတ်ကြီးရေ နန်းစန္ဒာလှထွန်း လို့ ပြောလိုက်တာနဲ့ ရေဝတီလေးလို့ တန်းမြင်ကြမယ် ထင်ပါတယ်နော်။ ရေဝတီလေး ကတော့ “ ပဉ္စလက်ရွာ ”ဇာတ်လမ်းတွဲကနေ ပရိသတ်တွေ စတင်သတိထားမိလာပြီး “ အရိပ်” ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေ ရင်ထဲကို နာ့စ်ဆရာမလေး သက်သက် အဖြစ် စွဲထင်ကျန်ရစ်စေခဲ့တဲ့ ဇာတ်လမ်းတွဲ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ “ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲ မှာလည်း ” ဟန်နီ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေကို ထပ်မံဆွဲဆောင်နိုင်ခဲ့ပြန်ပါသေးတယ်။

ရေဝတီလေး ကတော့ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲ ဖြစ်တဲ့ ဘယ်ဇာတ်ရုပ်မဆို သဘာဝကျကျ ပီပြင်အောင် စိတ်နှစ် ရိုက်ကူးတတ်တဲ့ သူမကတော့ Miss World Myanmar ( 2015 ) Second Runner Up အလှမယ် တစ်ဦးပဲ ဖြစ်ပါတယ်။ ယောကျာ်းလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခံရရုံသာမက မိန်းကလေး ပရိသတ်တွေကပါ အချစ်ပိုရတဲ့ ရှမ်းတိုင်းရင်းသူလေး တစ်ဦးပါ။ သူမရဲ့အပြောအဆို ဟန်ပန်အမူအရာလေးတွေက ပရိသတ်တွေကို အားပေးချစ်ခင်စေတဲ့ အဓိကအချက်လို့ဆိုရမှာပါ။

လက်ရှိမှာတော့ ပရိသတ်တွေမျှော်လင့်စောင့်စားနေတဲ့ သူမရဲ့ဇာတ်လမ်းတွဲ အသစ်လေးကို ပရိသတ်တွေရှေ့ ရောက်ရှိလာတော့မှာလို့ဆိုရမှာပါ။ ဇာတ်လမ်းတွဲ အမည်လေးကတော့ လယ်တွင်းသားစောချစ်ရဲ့ “ ကျွန်တော်အမုန်းဆုံးကျွန်တော် ” ဝတ္ထုကို ရိုက်ကူးပုံဖော်ထားတာပါ။ ရိုးသားဖြူစင်ကာ ယောကျာ်းအပေါ်တွင် သစ္စာရှိသူဖြစ်ပြီး ခင်ပွန်းအပေါ် ယုံကြည်မှုလွန်ကဲတဲ့ ကျောင်းဆရာမလေး “ အေးဖြူ ”အဖြစ် ပါဝင်ထားတယ်လို့ သိရပါတယ်။ ပရိသတ်ကြီးလည်း ရေဝတီလေးရဲ့ ဇာတ်လမ်းတွဲအသစ်လေးကို ကြည့်ရှူဖို့ အသင့်ပဲလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Add a Comment

Your email address will not be published. Required fields are marked *