ဝူဟန်မြို့မှာ ပိတ်မိနေခဲ့တဲ့ ကျောင်းသား ၆၂ ယောက်မှာ ၅၉ ယောက် ပြန်လည်လိုက်ပါလာ


ဝူဟန်မြို့မှာ ပိတ်မိနေခဲ့တဲ့ ကျောင်းသား ၆၂ ယောက်မှာ ၅၉ ယောက် ပြန်လည်လိုက်ပါလာ


ဝူဟန်မြို့မှာ ပိတ်မိနေခဲ့တဲ့ ကျောင်းသား ၆၂ ယောက်မှာ ၅၉ ယောက် ပြန်လည်လိုက်ပါလာ
ဖျားနာသူ ၂ ဦးနဲ့ passport ပျောက် ၁ ဦးကျန်ခဲ့ပါတယ်တဲ့

Unicode

မပြည့်စုံတဲ့ နိုင်ငံမှာ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့ကြတယ်လို့ ဆိုရပါမယ်၊ ကြန့်ကြာမှု အနည်းငယ်ကလွဲရင် Operation ချောချောမောမောဖြစ်ခဲ့ပါတယ်၊ ကျောင်းသား ၆၂ ယောက်မှာ ၅၉ ယောက် ပြန်လည်လိုက်ပါလာပါတယ်၊အသေးစိတ်ကို ဆိုင်ရာကထုတ်ပြန်ပါလိမ့် မယ်၊ ဒီခရီးစဉ်မှာ မိမိကိုယ်ကို Volunteer အဖြစ် ဆန္ဒပြုပြီး လိုက်ပါသွားတဲ့ Crew အဖွဲ့ဝင်တွေထဲက တစ်ချို့ကတော့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်စစ်ဆေးခံဘို့ လိုက်ပါသွားကြပါပြီ၊

လေယာဉ်မောင်းခန်း ထဲမှာ PPE ဝတ်စုံအပြည့် ဝတ်ဆင်မောင်းနှင်ပြီး အပြင်ကို လုံးဝမထွက်ခဲ့တဲ့ လေယာဉ်မှူးကြီးနဲ့ အဖွဲ့သားများကိုတော့ အိမ်မှာ နားစေပြီး Home Quarantine လုပ်မယ်လို့ သိရပါတယ်၊ လေယာဉ်ကို ပိုးသတ်အဖွဲ့နဲ့ စနစ်တကျပိုးသတ်ပြီးပါပြီ၊ အနည်းဆုံး ၁၀ နာရီ ထားပြီးမှ ပြန်သုံးလို့ ရမယ်လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *