အ၀ှာကားရိုက်ရင်ကောင်းမလားဆိုပြီး တင်မိတာကို ဝေဖန်သူတွေကြောင့် အပျင်းပြေရတယ် ဆိုတဲ့ သင်ဇာဝင့်ကျော်


မတ်မတ် သင်ဇာ


မတ်မတ် သင်ဇာ


မတ်မတ် သင်ဇာ


မတ်မတ် သင်ဇာ

Unicode

အပြာကား ရိုက်ရင်ကောင်းမလား ဆိုပြီး Myday မှာ တင်မိတာကို ဝေဖန်သူတွေကြောင့် အပျင်းပြေရတယ်လို့ သင်ဇာဝင့်ကျော်ကပြောလာပါတယ်။ ရန်ကုန်မြို့ က JCGV မှာ ဇန်န၀ါရီ ၃၀ ရက်ကကျင်းပတဲ့ “မြမြ” ရုပ်ရှင်ဇာတ်ကား Press Show မှာ အခုလိုဖြေကြားပေးခဲ့တာဖြစ်ပါတယ်။

“ ကိုယ်က အပြာကားလေး ရိုက်ရင်ကောင်းမလား ဆိုပြီး Story လေးပဲတင်လိုက်တာကို အဲဒီလိုမျိုး ခေါင်းစဉ်ကြီးတွေ အကြီးကြီး တပ်လိုက်တယ်ဆိုတော့ ရယ်တော့ရယ်ရသားနော်။ ဒါပေမဲ့လည်း အပျင်းပြေပါတယ်” လို့ သင်ဇာဝင့်ကျော် ကပြောပါတယ်။ သင်ဇာဝင့်ကျော် ဟာ သူမလက်ရှိအသုံးပြုနေတဲ့ Facebook account ရဲ့ Myday မှာ “အပြာကားရိုက်ရင်ကောင်းမလား” ဆိုပြီးရေးသားမိရာကနေ ဝေဖန်ခံမှုတွေ နဲ့ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သူမဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း အရည်ကျိတ်တည်နေတဲ့ အတွက်ကြောင့် ဆေးရုံတက်ပြီး ခွဲစိတ်ကုသမှုခံယူထားရတယ်လို့သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *