မကၠဆီကို သမၼတစီးတဲ့ ဘိုးရင္း 787 ေလယာဥ္ႀကီး ကို ျမန္မာေငြက်ပ္ ေလးေသာင္းေက်ာ္ ( ၂၅ ေဒၚလာ ) ထဲနဲ႕ ရရွိနိုင္မယ့္ အခြင့္အေရး

Posted on

မကၠဆီကို သမၼတ အန္ဒရီ မန္န်ဴရယ္ လိုပက္ဇ္ အိုဘရာဒိုဟာ လူဦးေရ တစ္ဝက္ေက်ာ္ ဆင္းရဲတဲ့ နိုင္ငံအတြက္ ယခင္ သမၼတေဟာင္း စီးနင္းသြားတဲ့ ဇိမ္ခံေလယာဥ္ႀကီးဟာ စရိတ္စက ႀကီးလြန္းတယ္ဆိုၿပီး ေရာင္းထုတ္ဖို႔ အမ်ိဳးမ်ိဳး လုပ္ေနခဲ့ရာမွာ ခုေနာက္ဆုံးအႀကံ အျဖစ္ သမၼတေလယာဥ္ကို ကံစမ္းမဲေဖာက္ၿပီး ေရာင္းခ်ေတာ့မယ္လို႔ ေသာၾကာေန႕မွာ ေၾကညာလာပါေတာ့တယ္။

ဘိုးရင္း 787 ေလယာဥ္ႀကီး ကို ျမန္မာေငြက်ပ္ ေလးေသာင္းေက်ာ္ ( ၂၅ ေဒၚလာ ) ထဲနဲ႕ ရရွိနိုင္မယ့္ အခြင့္အေရး

လိုပက္ဇ္ အိုဘရာဒိုသည္ ကံစမ္းမဲ လက္မွတ္တစ္ေစာင္ကို အေမရိကန္ေဒၚလာ အစိတ္ႏႈန္းနဲ႕ လက္မွတ္ေစာင္ေရ ေျခာက္သန္း ေရာင္းခ်သြားမွာျဖစ္ၿပီး ေလယာဥ္ႀကီးကို ကံစမ္းမဲ လက္မွတ္ေပါက္သူဟာ လုပ္ငန္း လည္ပတ္နိုင္ေအာင္ ေငြမတတ္နိုင္ရင္ တစ္ႏွစ္တိတိ မတည္ေဖးမေပးသြားမယ္လို႔ သမၼတ အိုဘရာဒိုက ေျပာပါတယ္။

ဘိုးရင္း 787 ေလယာဥ္ႀကီး ကို ျမန္မာေငြက်ပ္ ေလးေသာင္းေက်ာ္ ( ၂၅ ေဒၚလာ ) ထဲနဲ႕ ရရွိနိုင္မယ့္ အခြင့္အေရး

အရင္ သမၼတ အန္းရစ္ ပီနာနီတိုး အသုံးျပဳခဲ့တဲ့ ဘိုးရင္း ၇၈၇ Dreamliner ေလယာဥ္ႀကီးဟာ အေမရိကန္ေဒၚလာ သန္း ၁၃၀ တန္ဖိုးရွိၿပီး ေရာင္းခ်နိဳင္ဖို႔အတြက္ အေမရိကန္နိုင္ငံကို ပို႔ထားရာမွာ ထိန္းသိမ္းကုန္က်စရိတ္က ၁ ဒသမ ၅ သန္းရွိတာေၾကာင့္ အကုန္အက်မ်ားသေလာက္ အသုံးမဝင္ဘူးလို႔ လုပ္ငန္းရွင္ေတြနဲ႕ ေတြ႕ဆုံရာမွာ ၎က ေျပာပါတယ္။

ဘိုးရင္း 787 ေလယာဥ္ႀကီး ကို ျမန္မာေငြက်ပ္ ေလးေသာင္းေက်ာ္ ( ၂၅ ေဒၚလာ ) ထဲနဲ႕ ရရွိနိုင္မယ့္ အခြင့္အေရး

အိပ္ခန္းတစ္ခန္း၊ သီးသန႔္သန႔္စင္ခန္းတို႔ ပါၿပီး လူ ၈၀ သာ လိုက္ပါစီးနင္းနိုင္တဲ့ အဲဒီ သမၼတေလယာဥ္ကို လူ ၃၃၀ ဆန႔္ ခရီးသည္တင္ ေလယာဥ္အျဖစ္ ျပင္ဆင္မယ္ဆိုရင္ စရိတ္အေတာ္ေလး ေထာင္းမွာျဖစ္ေၾကာင္း ကြၽမ္းက်င္သူေတြက ေျပာပါတယ္။ ဒီေလယာဥ္ႏွင့္ က်န္းမာေရးသုံးပစၥည္းေတြ အလဲအလွယ္ လုပ္ဖို႔ကိုလည္း အိုဘရာဒိုက အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဆီ ကမ္းလွမ္းထားပါေသးတယ္။

ဘိုးရင္း 787 ေလယာဥ္ႀကီး ကို ျမန္မာေငြက်ပ္ ေလးေသာင္းေက်ာ္ ( ၂၅ ေဒၚလာ ) ထဲနဲ႕ ရရွိနိုင္မယ့္ အခြင့္အေရး

ဒီ ေလယာဥ္ကို အေမရိကန္ေဒၚလာ ၁၂၅ သန္းနဲ႕ အေမရိကန္နိုင္ငံသားတစ္ေယာက္က ဝယ္ယူခ်င္ေနတယ္လို႔လည္း သမၼတက ေျပာပါတယ္။ အခု သမၼတေလယာဥ္သာ ေရာင္းထြက္သြားရင္ ရတဲ့ေငြကို ျပည္သူ႕က်န္းမာေရးလုပ္ငန္းေတြအတြက္ လိုအပ္ အေထာက္အကူျပဳပစၥည္းေတြ ဝယ္ယူသြားမယ္လို႔ သမၼတက ေျပာခဲ့ပါတယ္။Rf; Time

ဘိုးရင္း 787 ေလယာဥ္ႀကီး ကို ျမန္မာေငြက်ပ္ ေလးေသာင္းေက်ာ္ ( ၂၅ ေဒၚလာ ) ထဲနဲ႕ ရရွိနိုင္မယ့္ အခြင့္အေရး

Unicode

မက္ကဆီကို သမ္မတ အန်ဒရီ မန်နျူရယ် လိုပက်ဇ် အိုဘရာဒိုဟာ လူဦးရေ တစ်ဝက်ကျော် ဆင်းရဲတဲ့ နိုင်ငံအတွက် ယခင် သမ္မတဟောင်း စီးနင်းသွားတဲ့ ဇိမ်ခံလေယာဉ်ကြီးဟာ စရိတ်စက ကြီးလွန်းတယ်ဆိုပြီး ရောင်းထုတ်ဖို့ အမျိုးမျိုး လုပ်နေခဲ့ရာမှာ ခုနောက်ဆုံးအကြံ အဖြစ် သမ္မတလေယာဉ်ကို ကံစမ်းမဲဖောက်ပြီး ရောင်းချတော့မယ်လို့ သောကြာနေ့မှာ ကြေညာလာပါတော့တယ်။

လိုပက်ဇ် အိုဘရာဒိုသည် ကံစမ်းမဲ လက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ အစိတ်နှုန်းနဲ့ လက်မှတ်စောင်ရေ ခြောက်သန်း ရောင်းချသွားမှာဖြစ်ပြီး လေယာဉ်ကြီးကို ကံစမ်းမဲ လက်မှတ်ပေါက်သူဟာ လုပ်ငန်း လည်ပတ်နိုင်အောင် ငွေမတတ်နိုင်ရင် တစ်နှစ်တိတိ မတည်ဖေးမပေးသွားမယ်လို့ သမ္မတ အိုဘရာဒိုက ပြောပါတယ်။

အရင် သမ္မတ အန်းရစ် ပီနာနီတိုး အသုံးပြုခဲ့တဲ့ ဘိုးရင်း ၇၈၇ Dreamliner လေယာဉ်ကြီးဟာ အမေရိကန်ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိပြီး ရောင်းချနိုင်ဖို့အတွက် အမေရိကန်နိုင်ငံကို ပို့ထားရာမှာ ထိန်းသိမ်းကုန်ကျစရိတ်က ၁ ဒသမ ၅ သန်းရှိတာကြောင့် အကုန်အကျများသလောက် အသုံးမဝင်ဘူးလို့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ၎င်းက ပြောပါတယ်။

အိပ်ခန်းတစ်ခန်း၊ သီးသန့်သန့်စင်ခန်းတို့ ပါပြီး လူ ၈၀ သာ လိုက်ပါစီးနင်းနိုင်တဲ့ အဲဒီ သမ္မတလေယာဉ်ကို လူ ၃၃၀ ဆန့် ခရီးသည်တင် လေယာဉ်အဖြစ် ပြင်ဆင်မယ်ဆိုရင် စရိတ်အတော်လေး ထောင်းမှာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒီလေယာဉ်နှင့် ကျန်းမာရေးသုံးပစ္စည်းတွေ အလဲအလှယ် လုပ်ဖို့ကိုလည်း အိုဘရာဒိုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီ ကမ်းလှမ်းထားပါသေးတယ်။

ဒီ လေယာဉ်ကို အမေရိကန်ဒေါ်လာ ၁၂၅ သန်းနဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်က ဝယ်ယူချင်နေတယ်လို့လည်း သမ္မတက ပြောပါတယ်။ အခု သမ္မတလေယာဉ်သာ ရောင်းထွက်သွားရင် ရတဲ့ငွေကို ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေအတွက် လိုအပ် အထောက်အကူပြုပစ္စည်းတွေ ဝယ်ယူသွားမယ်လို့ သမ္မတက ပြောခဲ့ပါတယ်။Rf; Time

Leave a Reply

Your email address will not be published. Required fields are marked *