ခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြ ကို တန္ဖိုးထား ဆက္ဆံတတ္ေၾကာင္း သက္ေသျပလိုက္တဲ့ ၿဖိဳးရာဇာႏိုင္

Posted on

ၿဖိဳးရာဇာႏိုင္ ကေတာ့ ေမာင္ျမင့္ အျဖစ္ ” မ်က္လုံးမွာအလြမ္း ႏႈတ္ခမ္းမွာမာန ” ဇာတ္လမ္းတြဲထဲမွာ ေမာင္ျမင့္ ဇာတ္ေကာင္အေနနဲ႔ ပရိတ္သတ္ အႀကိဳက္ေတြ႕ခဲ့တဲ့ MRTV–4 ဇာတ္လမ္းတြဲ မင္းသားတစ္လက္ပါ။ ေခ်ာေမာတဲ့ ႐ုပ္သြင္ကိုပိုင္ဆိုင္ထားၿပီး ေယာက်ာ္းပီသတဲ့ သြင္ျပင္ေၾကာင့္ ပရိသတ္ေတြ သတိထားမိလာသူလို႔လည္း ဆိုရမွာပါ။

ခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြ ကို တန္ဖိုးထား ဆက္ဆံတတ္ေၾကာင္း သက္ေသျပလိုက္တဲ့ ၿဖိဳးရာဇာႏိုင္

သူရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြက အႏုပညာေက်ာင္းဆင္း တစ္ေယာက္ျဖစ္တာနဲ႔ အတူ သ႐ုပ္ေဆာင္ခ်က္ေတြက ေရာက္တဲ့ေနရာမွာ က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ၿပီး အလားအလာရွိသူ တစ္ဦးလည္းျဖစ္ပါတယ္။သူ႔ရဲ႕ အႏုပညာ လႈပ္ရွားမႈနဲ႔ ေန႔စဥ္လႈပ္ရွားမႈေတြ ကို သူ႔ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာမွာ အၿမဲ ေဝမွ်ေလ့ရွိပါတယ္။

ခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြ ကို တန္ဖိုးထား ဆက္ဆံတတ္ေၾကာင္း သက္ေသျပလိုက္တဲ့ ၿဖိဳးရာဇာႏိုင္

ေၾကာ္ျငာေတြ စတင္႐ိုက္ကူးခဲ့ၿပီး ဇာတ္လမ္းတြဲေတြပါ ႐ိုက္ကူးေနၿပီျဖစ္တာမို႔ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ စတင္ေလွ်ာက္လွမ္းေနၿပီလို႔ ေျပာရမွာပဲ ျဖစ္ပါတယ္။ တက္သစ္စ ျဖစ္ေပမယ့္ ဇာတ္လမ္းတြဲမွာ ေခါင္းေဆာင္ မင္းသားေနရာေတာင္ မဟုတ္ေသးဘဲ ပရိသတ္ေတြ အားေပးဝန္းရံခံ ေနရသူပဲျဖစ္ပါတယ္။

ခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြ ကို တန္ဖိုးထား ဆက္ဆံတတ္ေၾကာင္း သက္ေသျပလိုက္တဲ့ ၿဖိဳးရာဇာႏိုင္

” မ်က္လုံးမွာအလြမ္း ႏႈတ္ခမ္း မွာမာန ” ဇာတ္လမ္းတြဲမွာေတာ့ ဒ႐ိုင္ဘာ ေမာင္ျမင့္အျဖစ္ သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ အပိုအလိုမရွိပဲ က်ရာ ဇာတ္႐ုပ္မွာ အေကာင္း ဆုံး သ႐ုပ္ေဆာင္ႏိုင္ခဲ့လို႔ ပရိသတ္ခ်စ္ခင္အားေပးမႈကိုရရွိခဲ့ျပန္ပါေသးတယ္။ လက္ရွိမွာလည္း သူ႔ကိုအားေပးတဲ့ ပရိသတ္တစ္ေယာက္ ရဲ႕ေမြးေန႔ကိုတူတူျဖတ္သန္းကာ ေမြးေန႔ကိတ္ေလးနဲ႔ Surprise လုပ္ေပးခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ္ခ်စ္တဲ့ ပရိသတ္ တစ္ေယာက္ခ်င္းစီတိုင္းကို ေပ်ာ္ေစခ်င္တယ္။ ” ဆိုတဲ့စာသားေလးနဲ႔ သူ႔ရဲ႕ My Day မွာေဝမွ်ခဲ့တာပါ။ ပရိသတ္ႀကီးလည္း ၿဖိဳးရာဇာႏိုင္ရဲ႕ ပရိသတ္အေပၚ အေလးထားတဲ့ စိတ္ဓာတ္ေလးကိုခ်စ္ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။ Source : Phyo Yazar Naing

ခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြ ကို တန္ဖိုးထား ဆက္ဆံတတ္ေၾကာင္း သက္ေသျပလိုက္တဲ့ ၿဖိဳးရာဇာႏိုင္

Unicode

ဖြိုးရာဇာနိုင် ကတော့ မောင်မြင့် အဖြစ် ” မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန ” ဇာတ်လမ်းတွဲထဲမှာ မောင်မြင့် ဇာတ်ကောင်အနေနဲ့ ပရိတ်သတ် အကြိုက်တွေ့ခဲ့တဲ့ MRTV–4 ဇာတ်လမ်းတွဲ မင်းသားတစ်လက်ပါ။ ချောမောတဲ့ ရုပ်သွင်ကိုပိုင်ဆိုင်ထားပြီး ယောကျာ်းပီသတဲ့ သွင်ပြင်ကြောင့် ပရိသတ်တွေ သတိထားမိလာသူလို့လည်း ဆိုရမှာပါ။

သူရဲ့ သရုပ်ဆောင်ချက်တွေက အနုပညာကျောင်းဆင်း တစ်ယောက်ဖြစ်တာနဲ့ အတူ သရုပ်ဆောင်ချက်တွေက ရောက်တဲ့နေရာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး အလားအလာရှိသူ တစ်ဦးလည်းဖြစ်ပါတယ်။သူ့ရဲ့ အနုပညာ လှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုတွေ ကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ အမြဲ ဝေမျှလေ့ရှိပါတယ်။ ကြော်ငြာတွေ စတင်ရိုက်ကူးခဲ့ပြီး ဇာတ်လမ်းတွဲတွေပါ ရိုက်ကူးနေပြီဖြစ်တာမို့ အောင်မြင်မှုလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းနေပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ တက်သစ်စ ဖြစ်ပေမယ့် ဇာတ်လမ်းတွဲမှာ ခေါင်းဆောင် မင်းသားနေရာတောင် မဟုတ်သေးဘဲ ပရိသတ်တွေ အားပေးဝန်းရံခံ နေရသူပဲဖြစ်ပါတယ်။

” မျက်လုံးမှာအလွမ်း နှုတ်ခမ်း မှာမာန ” ဇာတ်လမ်းတွဲမှာတော့ ဒရိုင်ဘာ မောင်မြင့်အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။ အပိုအလိုမရှိပဲ ကျရာ ဇာတ်ရုပ်မှာ အကောင်း ဆုံး သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်ချစ်ခင်အားပေးမှုကိုရရှိခဲ့ပြန်ပါသေးတယ်။ လက်ရှိမှာလည်း သူ့ကိုအားပေးတဲ့ ပရိသတ်တစ်ယောက် ရဲ့မွေးနေ့ကိုတူတူဖြတ်သန်းကာ မွေးနေ့ကိတ်လေးနဲ့ Surprise လုပ်ပေးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်ချစ်တဲ့ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကို ပျော်စေချင်တယ်။ ” ဆိုတဲ့စာသားလေးနဲ့ သူ့ရဲ့ My Day မှာဝေမျှခဲ့တာပါ။ ပရိသတ်ကြီးလည်း ဖြိုးရာဇာနိုင်ရဲ့ ပရိသတ်အပေါ် အလေးထားတဲ့ စိတ်ဓာတ်လေးကိုချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ Source : Phyo Yazar Naing

Leave a Reply

Your email address will not be published. Required fields are marked *