ဝူဟန်ဗိုင်းရပ် နဲ့ ပတ်သက်ပြီး တခွန်းထဲပြောလိုက်တဲ့ လွင်မိုး


ဝူဟန်ဗိုင်းရပ် နဲ့ ပတ်သက်ပြီး တခွန်းထဲပြောလိုက်တဲ့ လွင်မိုး



ဝူဟန်ဗိုင်းရပ် နဲ့ ပတ်သက်ပြီး တခွန်းထဲပြောလိုက်တဲ့ လွင်မိုး


Unicode

လက်ရှိ အချိန်မှာတော့ ကမ္ဘာနဲ့ အဝန်း တုန်လှုပ်ခြောက်ခြားနေကြပြီး ကမ္ဘာကြီးကို ခြောက်လန့်နေတာကတော့ ဝူဟန်ဗိုင်းရပ်ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကနေ စပြီး ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကမ္ဘာအနှံ့က နိုင်ငံတွေဆီကို တစ်ယောက်စ နှစ်ယောက်စ နဲ့ ကူးစက် ပျံ့နှံ့နေတာပဲ ဖြစ်ပါတယ်။ ဒီကြောက်စရာကောင်းတဲ့ ဗိုင်းရပ် ကတော့ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို ကူးစက်နှုန်းမြန်တဲ့ ရောဂါ မြန်မာနိုင်ငံကို ရောက်ရှိလာတာကြောင့် တော်တော်များများ စိတ်ပူနေကြပြီး ဆိုးဆိုးရွားရွားတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေရော အနုပညာရှင်တွေပါ စိုးရိမ်နေကြတဲ့ ဒီဗိုင်းရပ်ပိုးနဲ့ ပတ်သက်ပြီး သေချာတိကျတဲ့ အဖြေတွေကိုတော့ ကျန်းမာရေးမှ တာဝန်ရှိသူတွေကတော့ မထုတ်ပြန်သေးပါဘူး။

ဒါကြောင့် သရုပ်ဆောင် လွင်မိုးကတော့ သူပြောနေကြအတိုင်း သတိပေးမှု တခုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လွင်မိုးကတော့ သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာ “တခွန်းထဲ ပြောမယ် ကျန်းမာရေးမှ တာဝန်ရှိသူများ တရက် ၂ ကြိမ် Virus အခြေအနေ ကြော်ငြာပေးပါ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်၊

ဒီကိစ္စကြောင့် မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေ တော်တော်များများလည်း ထိတ်လန့်နေကြပြီ ဖြစ်သလို လွင်မိုးတယောက် ပြောတဲ့ စကားတွေကတော့ လက်ခံစရာကောင်းနေပါတယ်။ ပရိသတ်ကြီးထဲမှာလည်း မင်းသားလွင်မိုး ပြောတဲ့စကားကို လက်ခံကြမယ်လို့ ထင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *