ဒီနေ့ကစပီး တရုတ်ပြည် ကနေ လာတဲ့သူတွေ အားလုံးကို မြန်မာပြည် ဝင်ခွင့် ပိတ်လိုက်ပြီ
တရုတ်ပြည် ကနေ လာတဲ့သူတွေ အားလုံးကို ဒီကနေ့ မြန်မာပြည် ဝင်ခွင့် ပိတ်လိုက်ပြီ
တရုတ်ပြည် ကနေ လာတဲ့သူတွေ အားလုံးကို ဒီကနေ့ မြန်မာပြည် ဝင်ခွင့် ပိတ်လိုက်ပြီ
Unicode
တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားခဲ့သည့် 2019 CoronaVirus (2019n-CoV) ကြောင့် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ၃၀-၁-၂၀၂၀ ရက်နေ့မှ စတင်၍ ကြေညာခဲ့ပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုရန်နှင့် ကာကွယ် ကုသ ထိန်းချုပ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ကြရန် ထုတ်ပြန်ခဲ့ပါတယ်။
ယင်းသို့ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အထူး စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာခြင်းကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ ပြည်သူပြည်သားများ၏ ကျန်းမာရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန် အတွက် လည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ကမ္ဘာလှည့် ခရီးသွားများအား ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီ ရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနများသို့ ယနေ့ အကြောင်းကြားထားခဲ့ပြီး ဖြစ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။
လက်ရှိချိန်အထိ တကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၂၀၀၀ ကျော်ရှိပြီး ၂၅၉ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ Ref-MoHS
Add a Comment
Your email address will not be published. Required fields are marked *