တရုတ် လေကြောင်းလိုင်းတွေ အခုထိ ပြည်ဝင်ခွင့် မပိတ်သေးရတဲ့ အကြောင်းအရင်း
တရုတ် လေကြောင်းလိုင်းတွေ အခုထိ ပြည်ဝင်ခွင့် မပိတ်သေးရတဲ့ အကြောင်းအရင်း
တရုတ် လေကြောင်းလိုင်းတွေ အခုထိ ပြည်ဝင်ခွင့် မပိတ်သေးရတဲ့ အကြောင်းအရင်း
KKL
တရုတ် လေကြောင်းလိုင်းတွေ အခုထိ ပြည်ဝင်ခွင့် မပိတ်သေးရတဲ့ အကြောင်းအရင်း
Aung Soe Moe
Unicode
ပထမ တော့ ပိတ်သင့်တယ်ပေါ့.. အစိုးရ ဘာလို့ မပိတ်သေးတာလဲ ဆိုပြီး နားလည်မှု လွဲသေးတယ်။ တရုတ်လေကြောင်း လိုင်းတွေကို မပိတ်သိမ်းသေးတဲ့ အကြောင်းအရင်း ကတော့ ခုမှ ကိုယ်လည်းသိတယ်။
သမ္မတရုံးရဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောမှ ရှင်းသွားတော့တယ်။ ဒီလိုပါ နိုင်ငံတစ်နိုင်ငံမှာ လေကြောင်းလိုင်းတွေကို ပိတ်ချင်တိုင်း ပိတ်လို့မရပါဘူး။ အဓိက ကျတာကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ပါ။ WHO က အခု ရောဂါပိုး ပျံ့နှံ့မှုကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
ဒီထက်ပိုပြီး ကြပ်မတ်ရမယ့် အဆင့်ဆိုရင် WHO ရဲ့ recommendation ကို ICAO က လိုက်နာရပါတယ်။ ICAO ဆိုတာ International Civil Aviation Organization ကိုပြောတာပါ၊ နိုင်ငံတကာက လေကြောင်းလိုင်းတွေကို ကြီးကြပ်ရတဲ့ အဖွဲ့အစည်းပါ။ ICAO ရဲ့ ကြီးကြပ်မှုကို နိုင်ငံတကာ လေကြောင်းလိုင်းတွေက လိုက်နာရပါတယ်။
အစိုးရက လေကြောင်းလိုင်းတွေကို ဖျက်ချင်တိုင်း ဖျက်လို့ မရဘူးဆိုတာ ဒါကြောင့်ပါပဲ။ လေကြောင်းလိုင်းတွေ ပိတ်ဖို့ WHO ရဲ့ recommendation ကို စောင့်နေတာပါ။
KKL
နောက်တခုက တရုတ် လေယာဉ်တွေ တရုတ် နှင့် Consultation ယူပြီး ပိတ်ရင် ရနိင်ဖွယ် ရှိပါသည်။ သို့သော် Consultation ယူလျှင် အချိန် ကြာပါမည် (နိင်ငံတကာ မြို့ ပြ လေကြောင်း အဖွဲ့ချုပ် ICAO နှင့် WHO တို့ ၏ ဝူဟန်ဗိုင်းရပ်စ် နဲ့ သက်ဆိုင်သော Electronic Bulletin များ Recommendations များ အပေါ် မူတည်ပြီး Consultation ယူနိင်ပါသည်)
တရုတ်လေကြောင်းအာဏာပိုင် CAAC လည်း မတရား အလုပ်ရှုတ်နေတယ်။ အလွယ်ဆုံးက ခု စင်ကာပူ လုပ်တဲ့နည်း လွန်ခဲ့တဲ့ ဘယ်နှစ်ရက် အတွင်း တရုတ်ပြည် Mainland China ကို အလည်သွားခဲ့သူများ သို့မဟုတ် တရုတ် Passport ကိုင်ထားသူများ ကို မြန်မာပြည်သို့ ဝင်ခွင့် ယာယီ ပိတ်ခြင်း ဒါ လဝက အပိုင်း ဖြစ်သွားပြီ။
ကျွန်တော် သူတို့ ဥပဒေ လုပ်ထုံးလုပ်နည်း မသိလို့ ဘယ်လို ဘယ်လို လုပ် ရ မယ် ဆို တာ အသေးစိတ် တော့ မပြောတက်ပါ။ သို့သော် Visa တို့ ပြည်ဝင်ခွင့် တို့ ဆိုတာ မိမိရဲ့ Domestic Law ကသာ ပြဌာန်းပါသည်။ မိမိ Jurisdiction သာ ဖြစ်ပါသည်။ အကြံဉာဏ် ပြု ခြင်း သာ ဖြစ်ပါသည်။ မြန်မာ က တရုတ် လူမျိုး များ ယာယီ ပေးမဝင်တော့ ဘူးဟေ့ ဆို လေယာဉ် ပျံ လည်း လာစရာ အကြောင်း မရှိတော့ပါ။ ခရီးသည်မှ မရှိတာ သွယ်ဝိုက်တဲ့နည်း နဲ့ ပိတ် လိုက် သလို ပါ ပဲ အဲ့လိုတော့ လုပ်နိင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်း များ အကောင်းဆုံး စဉ်းစားဆုံးဖြတ် လုပ်ကိုင်မည်ဟု ယုံကြည်ပါသည်။
Aung Soe Moe
Add a Comment
Your email address will not be published. Required fields are marked *