တရုတ္ တို႔ ဖက္မွ ကိုရိုနာဗိုင္းရပ္ အေၾကာင္းအား သတင္းထိန္းခ်န္ ဖံုးဖိထားမႈမ်ား ထြက္ေပၚလာ

ဒီကေန႔ ေနာက္ဆုံး ထြက္ေပၚ လာေသာ သတင္းမ်ား အရ ေသဆုံးသူ ၂၅၉ ဦး ရွိလာၿပီး ေရာဂါ ကူးစက္ခံရသူေပါင္း ၁၁၇၉၁ ရွိလာၿပီ လို႔ ဆိုပါတယ္။ ကူးစက္သံသယရွိတဲ့ လူနာကလည္း တေသာင္းခြဲေက်ာ္ ရွိေနပါတယ္။

စိတ္မာ ခက္ထန္လွေသာ ရဲရဲေတာက္ ဂ်ာမန္ အဓိပတိ ႀကီး ျဖစ္ခဲ့ဖူးတဲ့ ေအာ္တိုဗြန္ ဘစ္စမတ္ခ္ ဟာ တခါ က ေျပာခဲ့ဖူးပါတယ္။ “အ႐ူးေတြသာ ကိုယ့္အေတြ႕အႀကဳံက ကိုယ္ သင္ခန္းစာ ယူရမယ္လို႔ ေျပာတာ။ က်ဳပ္ကေတာ့ သူမ်ားေတြရဲ႕ အေတြ႕အႀကဳံကပဲ ေလ့လာ သင္ယူဖို႔ ပို သေဘာက်တယ္”

တ႐ုတ္ သမၼတ ရွီက်င့္ဖ်င္ အဖို႔ ယခင္ SARS ေရာဂါကေန ရလာတဲ့ အေတြ႕အႀကဳံေတြကို ယခုထိ ေလ့လာ ဖို႔ ႀကိဳးစား ေနပုံရပါတယ္။ သို႔ေသာ္လည္း အေတာ္ကို ေနာက္က်ေနၿပီ လို႔ ဆိုပါတယ္။ အေမရိကန္တြင္ ထုတ္ေဝေသာ ထိပ္တန္း ေဆးပညာ ဂ်ာနယ္ႀကီး ျဖစ္တဲ့ New England Journal of Medicine မွာ “ဗိုင္းရပ္စ္သည္ လူသား မွ လူသား သို႔ ကူးစက္ႏိုင္တဲ့ အေထာက္အထားကို ဒီဇင္ဘာလ လယ္ထဲက အတည္ျပဳႏိုင္ခဲ့ၾကတယ္” လို႔ တ႐ုတ္ ေဆးပညာရွင္မ်ားက ထုတ္ေဖၚေရးသားခဲ့ၾကပါတယ္။

ေနာက္ဆံုးရ သတင္းပံုရိပ္မ်ား

အဆိုပါ သုေတသီမ်ားသည္ တ႐ုတ္ ေရာဂါ ထိမ္းခ်ဳပ္ေရး ဌာနတြင္ လုပ္ကိုင္ေနၾကသူမ်ား ျဖစ္ၿပီး ဇန္နဝါရီ ၃ ရက္ေန႔တြင္ မွ ဝူဟန္သို႔ စတင္ ကြင္းဆင္းခြင့္ျပဳခဲ့၍ ဝင္ခြင့္ရခဲ့သူမ်ား ျဖစ္ပါတယ္။

ဘီဂ်င္းသည္သာ ထိုစဥ္ကတည္းက ျမန္ျမန္ဆန္ဆန္ အေရး တယူ လုပ္ခဲ့မယ္ဆိုရင္ ယခုေလာက္ထိ ျပင္းထန္မလာေအာင္ ထိမ္းခ်ဳပ္ႏိုင္လိမ့္မယ္လို႔ ေဝဖန္မႈေတြ ထြက္ေပၚလာပါတယ္။ တ႐ုတ္ ဆိုရွယ္ မီဒီယာ မ်ား တြင္ အဆိုပါ သတင္း မ်ား ထြက္ေပၚလာ၍ ျပင္းထန္စြာ တုန႔္ျပန္လာခဲ့ၿပီး ေစာေစာက ဘာလို႔ မေျပာခဲ့တာလဲ ဆိုတဲ့ ေမးခြန္းမ်ား ထုတ္လာၾကၿပီ ျဖစ္ပါတယ္။

တ႐ုတ္သုေတသီမ်ား အဆိုအရ ဝူဟန္တြင္ ေရာဂါ ကူးစက္သူ ၄၂၅ ဦး ကို စတင္အတည္ျပဳႏိုင္ခဲ့ၿပီး ဆက္လက္ သုေတသန လုပ္ရာတြင္ ေရာဂါ ကူးစက္သူ ၄၇ ဦးထဲတြင္ ၅၅% သည္ ပင္လယ္စာ ႏွင့္ တရိစာၦန္ အရွင္မ်ား ေရာင္းခ်သည့္ ေဈးမ်ား ႏွင့္ ဆက္သြယ္မႈ ရွိေနေၾကာင္း ဇန္နဝါရီ ၁ ရက္ေန႔ မတိုင္မီ ကတည္းက အတည္ျပဳ ႏိုင္ခဲ့ၾကပါတယ္။ ဇန္နဝါရီ ၁ ရက္ ႏွင့္ ၁၁ ရက္အၾကား က်န္းမာေရး ဝန္ထမ္း ၇ ဦး ထံ ကူးစက္ခဲ့တယ္လို႔ ဆိုပါတယ္။

သို႔ေသာ္ တ႐ုတ္ အရာရွိမ်ားက ဇန္နဝါရီ ၁၁ ရက္တြင္ ထုတ္ေဖၚေျပာၾကားခဲ့မႈမ်ားအရ က်န္းမာေရး ဝန္ထမ္းမ်ား ၾကားတြင္ ကူးစက္မႈ မရွိခဲ့ဖူးလို႔ ဆိုပါတယ္။

ေနာက္ဆံုးရ သတင္းပံုရိပ္မ်ား

ဇန္နဝါရီ ၂၀ ရက္ တြင္မွ တ႐ုတ္ က်န္းမာေရး ေကာ္မရွင္ ရွိ ကြၽမ္းက်င္သူ တဦး က အဆိုပါ ေရာဂါ ကူးစက္လာေနၿပီ ဆိုသည္အား ေတြ႕ဆုံေမးျမန္းခန္း တခု တြင္ ေျပာၾကားခဲ့ျခင္းျဖင့္ လူသိရွင္ၾကား ထုတ္ေဖၚေျပာဆိုလာခဲ့တာ ျဖစ္ပါတယ္။ ေစာေစာ သိခဲ့ရင္ လူတိုင္း ႀကိဳတင္ ကာကြယ္မႈေတြ လုပ္လာၾကမွာ ျဖစ္လို႔ အခုလို လွ်င္လွ်င္ျမန္ျမန္ ပ်ံ႕ ႏွံ႔လာစရာ မရွိဖူးလို႔ ေျပာလာခဲ့ၾကပါတယ္။

ထို႔အျပင္ ယခုမွ ထုတ္ေျပာလာတဲ့ ေဆးပညာ ရွင္ မ်ားအားလည္း ေရာဂါ ထိမ္းခ်ဳပ္ ေရး အတြက္ အေရးတႀကီး စီမံေဆာင္႐ြက္တာမ်ိဳး မလုပ္ပဲ ၎တို႔ အလုပ္မျပဳတ္ေရးသာ ဦးစားေပးခဲ့ၾကသူမ်ားလို႔ ေဝဖန္လာခဲ့ၾကပါတယ္။ သို႔ေသာ္ အခ်ိဳ႕က ၎တို႔ အေနနဲ႔ ဘယ္လို မွ ထုတ္ေျပာခြင့္ မရွိၾကလို႔သာ ယခုလို ေဆးပညာ ဂ်ာနယ္ကေန လူထုကို သတိေပးမယ္လို႔ ရည္႐ြယ္ခဲ့တာ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္မႈေတြလည္း ရွိေနပါတယ္။

ဒီဇင္ဘာလအတြင္း ထိုအခ်ိန္က အမည္မတပ္ရေသးတဲ့ ဗိုင္းရပ္စ္ပိုးတမ်ိဳး ပ်ံ႕ႏွံ႔ေနၿပီလို႔ အင္တာနက္မွ တဆင့္ သတင္း ျဖန႔္ခ်ီခဲ့တဲ့ လူ ရွစ္ဦးကို အာဏာပိုင္မ်ားက ဖမ္းဆီးခဲ့ၾကၿပီးလည္း ျဖစ္ပါတယ္။ ဖမ္းဆီးခံရသူမ်ား သည္ ဝူဟန္ရွိ ဆရာဝန္မ်ား ျဖစ္တယ္လို႔ ေနာက္ပိုင္းမွာ သိလာခဲ့ၾကပါတယ္။

ေနာက္ဆံုးရ သတင္းပံုရိပ္မ်ား

တ႐ုတ္ ေရာဂါ ထိမ္းခ်ဳပ္ ကာကြယ္ေရး ဌာနကေတာ့ ၎တို႔ သုေတသန လုပ္ခဲ့တဲ့ အမႈ ၄၂၅ မႈကို ဂ်ာနယ္ မထြက္ခင္ကတည္းက ထုတ္ျပန္ခဲ့ၿပီး ျဖစ္တယ္လို႔ တန္ျပန္လာခဲ့ပါတယ္။

ဂ်ီနီဗာရွိ တ႐ုတ္ သံအမတ္ႀကီးက တ႐ုတ္ အေနျဖင့္ ေရာဂါ ျဖစ္ပြားေနမႈကို ျပတ္ျပတ္သားသား ကိုင္တြယ္ေနၿပီ ျဖစ္သျဖင့္ ႏိုင္ငံမ်ား အေနျဖင့္ “မလိုအပ္တဲ့ အစီအမံေတြ” လုပ္ဖို႔ မလိုဖူး၊ အထိတ္တလန႔္ ျဖစ္စရာ မလိုဖူးလို႔ သတင္းေထာက္မ်ားနဲ႔ ေတြ႕ဆုံရာတြင္ ေျပာဆိုလိုက္ပါတယ္။

ဂ်ာမန္ သုေတသန ဝန္ႀကီး အင္ဂ်ာ ကာလစ္ဇက္ က ေရာဂါကာကြယ္ေဆး ကို လအနည္းငယ္အတြင္း ထုတ္လုပ္ႏိုင္ေတာ့မယ္လို႔ ထုတ္ေဖၚေျပာဆိုလိုက္ေၾကာင္း သိရပါတယ္။

ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမႉး ကာရီ လမ္း က ေဟာင္ေကာင္ နယ္ျခားကို ပိတ္ဆို႔ျခင္းသည္ ေရာဂါ ျပန႔္ပြားေအာင္ ကာကြယ္ေရး အတြက္ အေျဖမဟုတ္ဟု ဆိုကာ ပယ္ခ်လိုက္ပါတယ္။ ေဟာင္ေကာင္ရွိ ေဆးဝန္ထမ္းမ်ား ႏွင့္ စားေသာက္ဆိုင္ ပိုင္ရွင္မ်ားမွ အစိုးရ က မလုပ္ဖူးဆိုရင္ သပိတ္ေမွာက္မယ္လို႔ ၿခိမ္းေျခာက္လာခဲ့ၾကပါတယ္။

ေနာက္ဆံုးရ သတင္းပံုရိပ္မ်ား

ႏိုင္ငံ အေတာ္မ်ားမ်ားကေတာ့ တ႐ုတ္သို႔ ထြက္ခြာမည့္ ေလယာဥ္ခရီးစဥ္မ်ားကို ပိတ္ပင္လိုက္ၾကၿပီ ျဖစ္ပါတယ္။ ေလယာဥ္ ခရီးစဥ္မ်ား ရပ္ဆိုင္းေနသည့္ ႏိုင္ငံမ်ားသည္ ၎တို႔ ႏိုင္ငံမွ တ႐ုတ္ ျပည္သို႔ ထြက္ခြာမည့္ ကိုယ္ပိုင္ ေလေၾကာင္းလိုင္း မ်ားကို ပိတ္ပင္ေနၾကတာသာ ျဖစ္ပါတယ္။ ဒီအထဲမွာ ပါကစၥတန္လည္း ပါဝင္ေနေပမယ့္ ဝူဟန္ရွိ ၎တို႔ ႏိုင္ငံသားမ်ားကို ျပန္မေခၚဖူးလို႔ ဆိုပါတယ္။

ကမာၻ က်န္းမာေရး အဖြဲ႕ႀကီး (WHO) သည္လည္း ကမာၻ က်န္းမာေရး အတြက္ အေရးေပၚ အေျခအေန ေၾကျငာလိုက္ၿပီ ျဖစ္ေသာေၾကာင့္ အဖြဲ႕ဝင္ ႏိုင္ငံ တခု ျဖစ္တဲ့ တ႐ုတ္ ႏိုင္ငံ အပါအဝင္ ႏိုင္ငံ အမ်ားအျပားသည္ WHO မွ ခ်မွတ္တဲ့ လမ္းၫႊန္မႈမ်ားကို မျဖစ္မေန လိုက္ပါ ေဆာင္႐ြက္ရေတာ့မွာ ျဖစ္ၿပီး၊ WHO မွ ေရာဂါတိုက္ဖ်က္ေရး အတြက္ ရံပုံေငြ မ်ား ပုံေအာ သုံးစြဲခြင့္ ရရွိသြားၿပီ ျဖစ္ပါတယ္။

Unicode

ဒီကနေ့ နောက်ဆုံး ထွက်ပေါ်လာသော သတင်းများအရ သေဆုံးသူ ၂၅၉ ဦး ရှိလာပြီး ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၇၉၁ ရှိလာပြီ လို့ ဆိုပါတယ်။ ကူးစက်သံသယရှိတဲ့ လူနာကလည်း တသောင်းခွဲကျော် ရှိနေပါတယ်။

စိတ်မာ ခက်ထန်လှသော ရဲရဲတောက် ဂျာမန် အဓိပတိ ကြီး ဖြစ်ခဲ့ဖူးတဲ့ အော်တိုဗွန် ဘစ်စမတ်ခ် ဟာ တခါ က ပြောခဲ့ဖူးပါတယ်။ “အရူးတွေသာ ကိုယ့်အတွေ့အကြုံက ကိုယ် သင်ခန်းစာ ယူရမယ်လို့ ပြောတာ။ ကျုပ်ကတော့ သူများတွေရဲ့ အတွေ့အကြုံကပဲ လေ့လာ သင်ယူဖို့ ပို သဘောကျတယ်”

တရုတ် သမ္မတ ရှီကျင့်ဖျင် အဖို့ ယခင် SARS ရောဂါကနေ ရလာတဲ့ အတွေ့အကြုံတွေကို ယခုထိ လေ့လာ ဖို့ ကြိုးစား နေပုံရပါတယ်။ သို့သော်လည်း အတော်ကို နောက်ကျနေပြီ လို့ ဆိုပါတယ်။ အမေရိကန်တွင် ထုတ်ဝေသော ထိပ်တန်း ဆေးပညာ ဂျာနယ်ကြီး ဖြစ်တဲ့ New England Journal of Medicine မှာ “ဗိုင်းရပ်စ်သည် လူသား မှ လူသား သို့ ကူးစက်နိုင်တဲ့ အထောက်အထားကို ဒီဇင်ဘာလ လယ်ထဲက အတည်ပြုနိုင်ခဲ့ကြတယ်” လို့ တရုတ် ဆေးပညာရှင်များက ထုတ်ဖေါ်ရေးသားခဲ့ကြပါတယ်။

အဆိုပါ သုတေသီများသည် တရုတ် ရောဂါ ထိမ်းချုပ်ရေး ဌာနတွင် လုပ်ကိုင်နေကြသူများ ဖြစ်ပြီး ဇန်နဝါရီ ၃ ရက်နေ့တွင် မှ ဝူဟန်သို့ စတင် ကွင်းဆင်းခွင့်ပြုခဲ့၍ ဝင်ခွင့်ရခဲ့သူများ ဖြစ်ပါတယ်။

ဘီဂျင်းသည်သာ ထိုစဉ်ကတည်းက မြန်မြန်ဆန်ဆန် အရေး တယူ လုပ်ခဲ့မယ်ဆိုရင် ယခုလောက်ထိ ပြင်းထန်မလာအောင် ထိမ်းချုပ်နိုင်လိမ့်မယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ တရုတ် ဆိုရှယ် မီဒီယာ များ တွင် အဆိုပါ သတင်း များ ထွက်ပေါ်လာ၍ ပြင်းထန်စွာ တုန့်ပြန်လာခဲ့ပြီး စောစောက ဘာလို့ မပြောခဲ့တာလဲ ဆိုတဲ့ မေးခွန်းများ ထုတ်လာကြပြီ ဖြစ်ပါတယ်။

တရုတ်သုတေသီများ အဆိုအရ ဝူဟန်တွင် ရောဂါ ကူးစက်သူ ၄၂၅ ဦး ကို စတင်အတည်ပြုနိုင်ခဲ့ပြီး ဆက်လက် သုတေသန လုပ်ရာတွင် ရောဂါ ကူးစက်သူ ၄၇ ဦးထဲတွင် ၅၅% သည် ပင်လယ်စာ နှင့် တရိစ္ဆာန် အရှင်များ ရောင်းချသည့် ဈေးများ နှင့် ဆက်သွယ်မှု ရှိနေကြောင်း ဇန်နဝါရီ ၁ ရက်နေ့ မတိုင်မီ ကတည်းက အတည်ပြု နိုင်ခဲ့ကြပါတယ်။ ဇန်နဝါရီ ၁ ရက် နှင့် ၁၁ ရက်အကြား ကျန်းမာရေး ဝန်ထမ်း ၇ ဦး ထံ ကူးစက်ခဲ့တယ်လို့ ဆိုပါတယ်။

သို့သော် တရုတ် အရာရှိများက ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ဖေါ်ပြောကြားခဲ့မှုများအရ ကျန်းမာရေး ဝန်ထမ်းများ ကြားတွင် ကူးစက်မှု မရှိခဲ့ဖူးလို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၀ ရက် တွင်မှ တရုတ် ကျန်းမာရေး ကော်မရှင် ရှိ ကျွမ်းကျင်သူ တဦး က အဆိုပါ ရောဂါ ကူးစက်လာနေပြီ ဆိုသည်အား တွေ့ဆုံမေးမြန်းခန်း တခု တွင် ပြောကြားခဲ့ခြင်းဖြင့် လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ စောစော သိခဲ့ရင် လူတိုင်း ကြိုတင် ကာကွယ်မှုတွေ လုပ်လာကြမှာ ဖြစ်လို့ အခုလို လျှင်လျှင်မြန်မြန် ပျံ့ နှံ့လာစရာ မရှိဖူးလို့ ပြောလာခဲ့ကြပါတယ်။

ထို့အပြင် ယခုမှ ထုတ်ပြောလာတဲ့ ဆေးပညာ ရှင် များအားလည်း ရောဂါ ထိမ်းချုပ် ရေး အတွက် အရေးတကြီး စီမံဆောင်ရွက်တာမျိုး မလုပ်ပဲ ၎င်းတို့ အလုပ်မပြုတ်ရေးသာ ဦးစားပေးခဲ့ကြသူများလို့ ဝေဖန်လာခဲ့ကြပါတယ်။ သို့သော် အချို့က ၎င်းတို့ အနေနဲ့ ဘယ်လို မှ ထုတ်ပြောခွင့် မရှိကြလို့သာ ယခုလို ဆေးပညာ ဂျာနယ်ကနေ လူထုကို သတိပေးမယ်လို့ ရည်ရွယ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဒီဇင်ဘာလအတွင်း ထိုအချိန်က အမည်မတပ်ရသေးတဲ့ ဗိုင်းရပ်စ်ပိုးတမျိုး ပျံ့နှံ့နေပြီလို့ အင်တာနက်မှ တဆင့် သတင်း ဖြန့်ချီခဲ့တဲ့ လူ ရှစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူများ သည် ဝူဟန်ရှိ ဆရာဝန်များ ဖြစ်တယ်လို့ နောက်ပိုင်းမှာ သိလာခဲ့ကြပါတယ်။

တရုတ် ရောဂါ ထိမ်းချုပ် ကာကွယ်ရေး ဌာနကတော့ ၎င်းတို့ သုတေသန လုပ်ခဲ့တဲ့ အမှု ၄၂၅ မှုကို ဂျာနယ် မထွက်ခင်ကတည်းက ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ တန်ပြန်လာခဲ့ပါတယ်။

ဂျီနီဗာရှိ တရုတ် သံအမတ်ကြီးက တရုတ် အနေဖြင့် ရောဂါ ဖြစ်ပွားနေမှုကို ပြတ်ပြတ်သားသား ကိုင်တွယ်နေပြီ ဖြစ်သဖြင့် နိုင်ငံများ အနေဖြင့် “မလိုအပ်တဲ့ အစီအမံတွေ” လုပ်ဖို့ မလိုဖူး၊ အထိတ်တလန့် ဖြစ်စရာ မလိုဖူးလို့ သတင်းထောက်များနဲ့ တွေ့ဆုံရာတွင် ပြောဆိုလိုက်ပါတယ်။

ဂျာမန် သုတေသန ဝန်ကြီး အင်ဂျာ ကာလစ်ဇက် က ရောဂါကာကွယ်ဆေး ကို လအနည်းငယ်အတွင်း ထုတ်လုပ်နိုင်တော့မယ်လို့ ထုတ်ဖေါ်ပြောဆိုလိုက်ကြောင်း သိရပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီ လမ်း က ဟောင်ကောင် နယ်ခြားကို ပိတ်ဆို့ခြင်းသည် ရောဂါ ပြန့်ပွားအောင် ကာကွယ်ရေး အတွက် အဖြေမဟုတ်ဟု ဆိုကာ ပယ်ချလိုက်ပါတယ်။ ဟောင်ကောင်ရှိ ဆေးဝန်ထမ်းများ နှင့် စားသောက်ဆိုင် ပိုင်ရှင်များမှ အစိုးရ က မလုပ်ဖူးဆိုရင် သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်လာခဲ့ကြပါတယ်။

နိုင်ငံ အတော်များများကတော့ တရုတ်သို့ ထွက်ခွာမည့် လေယာဉ်ခရီးစဉ်များကို ပိတ်ပင်လိုက်ကြပြီ ဖြစ်ပါတယ်။ လေယာဉ် ခရီးစဉ်များ ရပ်ဆိုင်းနေသည့် နိုင်ငံများသည် ၎င်းတို့ နိုင်ငံမှ တရုတ် ပြည်သို့ ထွက်ခွာမည့် ကိုယ်ပိုင် လေကြောင်းလိုင်း များကို ပိတ်ပင်နေကြတာသာ ဖြစ်ပါတယ်။ ဒီအထဲမှာ ပါကစ္စတန်လည်း ပါဝင်နေပေမယ့် ဝူဟန်ရှိ ၎င်းတို့ နိုင်ငံသားများကို ပြန်မခေါ်ဖူးလို့ ဆိုပါတယ်။

ကမ္ဘာ ကျန်းမာရေး အဖွဲ့ကြီး (WHO) သည်လည်း ကမ္ဘာ ကျန်းမာရေး အတွက် အရေးပေါ် အခြေအနေ ကြေငြာလိုက်ပြီ ဖြစ်သောကြောင့် အဖွဲ့ဝင် နိုင်ငံ တခု ဖြစ်တဲ့ တရုတ် နိုင်ငံ အပါအဝင် နိုင်ငံ အများအပြားသည် WHO မှ ချမှတ်တဲ့ လမ်းညွှန်မှုများကို မဖြစ်မနေ လိုက်ပါ ဆောင်ရွက်ရတော့မှာ ဖြစ်ပြီး၊ WHO မှ ရောဂါတိုက်ဖျက်ရေး အတွက် ရံပုံငွေ များ ပုံအော သုံးစွဲခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။

Ref – Nikkei Asia Review / Al Jazeera / Reuters

Add a Comment

Your email address will not be published. Required fields are marked *