တရုတ္ျပည္ မွ ျပန္လာေသာ မံုရြာက ဝမ္ေပါင္ကုမၸဏီ ဒုမန္ေနဂ်ာအား ျပည္သူမ်ား ဖမ္းဆီး ေဆးရံုပို႕

တ႐ုတ္ျပည္ မွ ျပန္လာေသာ မံုရြာ က ဝမ္ေပါင္ကုမၸဏီ ဒုမန္ေနဂ်ာအား မုံ႐ြာမွ တာဝန္သိ ျပည္သူမ်ား လမ္းမွာ တားဆီး၍ စစ္ေဆးရန္ ေဆး႐ုံသို႔ပို႔….

တရုတ္ျပည္ မွ ျပန္လာေသာ မံုရြာက ဝမ္ေပါင္ကုမၸဏီ ဒုမန္ေနဂ်ာအား ျပည္သူမ်ား ဖမ္းဆီး ေဆးရံုပို႕

အခုပဲ ဝမ္ေပါင္ လက္ေအာက္ ကုမၼဏီတစ္ခု ရဲ႕ ဒုမန္ေနဂ်ာ တ႐ုတ္က ျပန္လာတယ္ မန္းေလးေလဆိပ္ကေန မုံ႐ြာလာမယ္ ၾကားလို႔ မုံ႐ြာ တိုးဂိတ္ကေန သြားေစာင့္ၿပီး မုံ႐ြာေဆး႐ုံႀကီးမွာ စစ္ေဆးဖို႔ ပို႔ခဲ့ၿပီး စစ္ေဆးတာ မေဆးတာေတာ့ အစိုးရ အလုပ္ ကိုယ့္တာဝန္ကေတာ့ တာဝန္သိျပည္သူ တစ္ေယာက္အေနနံ႔ သတင္းရလို႔ ေမတၱာရပ္ခံေခၚေဆာင္ ပို႔ခဲ့ၿပီးပါၿပီ။

တရုတ္ျပည္ မွ ျပန္လာေသာ မံုရြာက ဝမ္ေပါင္ကုမၸဏီ ဒုမန္ေနဂ်ာအား ျပည္သူမ်ား ဖမ္းဆီး ေဆးရံုပို႕

၀မ္ေပါင္ ကုမၸဏီက လုပ္ကုိင္လ်က္ရွိေသာ လက္ပံေတာင္းေတာင္ ေၾကးနီ စီမံကိန္းတြင္ တရုတ္ျပည္မွ ယမန္ေန႔က ျပန္၀င္လာသည့္ တရုတ္ႏုိင္ငံသား ဒုမန္ေနဂ်ာကို လုပ္ငန္းခြင္ထဲသုိ႔ အ၀င္ခံၿပီး လက္ခံလုိက္သျဖင့္ ျမန္မာအလုပ္သမား ၁၀၀၀ ေက်ာ္ အလုပ္မဆင္းေတာ့ေၾကာင္း အလုပ္သမားမ်ားထံ သိရွိရသည္။

တရုတ္ျပည္ မွ ျပန္လာေသာ မံုရြာက ဝမ္ေပါင္ကုမၸဏီ ဒုမန္ေနဂ်ာအား ျပည္သူမ်ား ဖမ္းဆီး ေဆးရံုပို႕

၀မ္ေပါင္ကုမၸဏီ စီႏုိ၀မ္း ဆုိက္မွ အလုပ္သမား တစ္ဦးကမူ ယမန္ေန႔က တရုတ္ျပန္၀င္လာသည့္ တရုတ္နုိင္ငံသား ဒုမန္ေနဂ်ာထံတြင္ ၀ူဟန္ဗုိင္းရပ္စ္ပုိး ပါလာမည္ကုိ အလုပ္သမားမ်ားက စုိးရိမ္ေနၾကေၾကာင္း၊ စစ္ကုိင္း တုိင္းေဒသႀကီး အစုိးရအေနျဖင့္ တရုတ္ျပည္မွ ျပန္၀င္လာသည့္ တရုတ္ႏုိင္ငံသားမ်ားကို က်န္းမာေရးစစ္ေဆးျခင္း၊ သီးျခားခြဲျခား၍ ေစာင့္ၾကည့္ျခင္းမ်ား လုပ္ေဆာင္မႈ မရွိ၍ စုိးရိမ္မိသည္ဟု ဆုိသည္။ Ko Aung Nay Myo

Unicode

တရုတ်ပြည် မှ ပြန်လာသော မုံရွာ က ဝမ်ပေါင်ကုမ္ပဏီ ဒုမန်နေဂျာအား မုံရွာမှ တာဝန်သိ ပြည်သူများ လမ်းမှာ တားဆီး၍ စစ်ဆေးရန် ဆေးရုံသို့ပို့….

အခုပဲ ဝမ်ပေါင် လက်အောက် ကုမ္မဏီတစ်ခု ရဲ့ ဒုမန်နေဂျာ တရုတ်က ပြန်လာတယ် မန်းလေးလေဆိပ်ကနေ မုံရွာလာမယ် ကြားလို့ မုံရွာ တိုးဂိတ်ကနေ သွားစောင့်ပြီး မုံရွာဆေးရုံကြီးမှာ စစ်ဆေးဖို့ ပို့ခဲ့ပြီး စစ်ဆေးတာ မဆေးတာတော့ အစိုးရ အလုပ် ကိုယ့်တာဝန်ကတော့ တာဝန်သိပြည်သူ တစ်ယောက်အနေနံ့ သတင်းရလို့ မေတ္တာရပ်ခံခေါ်ဆောင် ပို့ခဲ့ပြီးပါပြီ။

ဝမ်ပေါင် ကုမ္ပဏီက လုပ်ကိုင်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွင် တရုတ်ပြည်မှ ယမန်နေ့က ပြန်ဝင်လာသည့် တရုတ်နိုင်ငံသား ဒုမန်နေဂျာကို လုပ်ငန်းခွင်ထဲသို့ အဝင်ခံပြီး လက်ခံလိုက်သဖြင့် မြန်မာအလုပ်သမား ၁၀၀၀ ကျော် အလုပ်မဆင်းတော့ကြောင်း အလုပ်သမားများထံ သိရှိရသည်။

ဝမ်ပေါင်ကုမ္ပဏီ စီနိုဝမ်း ဆိုက်မှ အလုပ်သမား တစ်ဦးကမူ ယမန်နေ့က တရုတ်ပြန်ဝင်လာသည့် တရုတ်နိုင်ငံသား ဒုမန်နေဂျာထံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုး ပါလာမည်ကို အလုပ်သမားများက စိုးရိမ်နေကြကြောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအနေဖြင့် တရုတ်ပြည်မှ ပြန်ဝင်လာသည့် တရုတ်နိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးခြင်း၊ သီးခြားခွဲခြား၍ စောင့်ကြည့်ခြင်းများ လုပ်ဆောင်မှု မရှိ၍ စိုးရိမ်မိသည်ဟု ဆိုသည်။ Ko Aung Nay Myo

Add a Comment

Your email address will not be published. Required fields are marked *