စနိုက်ကြော် သွားရင်တော့ နှစ်ယောက်လုံး ကို အပြတ်ရှင်းရမယ် ဆိုတဲ့ ရွှေအိမ်စည်
အလှမယ် ရွှေအိမ်စည်
အလှမယ် ရွှေအိမ်စည်
Unicode
မြန်မာ့ ကိုယ်စားပြု အလှမယ် တယောက်ဖြစ်တဲ့ ရွှေအိမ်စည် ကတော့ လက်ရှိမှာဆိုရင် အလှမယ် တယောက် သာမက သူ့ရဲ့ချောမောလှပတဲ့ ရုပ်ရည်ကြောင့်လည်း သရုပ်ဆောင် မင်းသမီး တယောက် အနေနဲ့ ရပ်တည်နေပြီ ဖြစ်ပါတယ်။ ရွှေအိမ်စည် ကတော့ အရမ်းလှပ ကျော့ရှင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အလယ်မှာ မြန်မာကို ဂုဏ်တက်အောင် လုပ်ဆောင်ပေးနေတဲ့ အလှမယ်လည်း ဖြစ်ပါတယ်။ ရွှေအိမ်စည်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ စနိုက်ကြော်တွေနဲ့ ပတ်သက်ပြီး အမြင်ကို ပွင့်ပွင့်လင်းလင်းပြောသွားခဲ့သလို အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ဖြေကြားသွားခဲ့ပါတယ်။
ရွှေအိမ်စည် က လက်ရှိအနုပညာ လှုပ်ရှားမှုတွေအကြောင်း “ အခု ပွဲတွေတက်ဖြစ်တယ်။ commercial တွေရိုက်ဖြစ်တယ်။ ဟိုတလောကတော့လေ မြဝတီက ပြန်လာပြီးတော့ Show တစ်ခု ထပ်လျှောက်ဖြစ်သေးတယ်။ ဒီရက်ပိုင်းအတွင်း က မထင်မှတ်ပဲ နဲ့ Show တွေတော့ တော်တော်များတယ်။ ပွဲတက်တွေများတယ်” လို့ ပြောပြထားပြီး V Day ကို ဘယ်လိုဖြတ်သန်းမလဲ ဆိုတာကိုလည်း “အိမ်စည်ကတော့ နေ့ကြီးနေ့ရက်တွေမှာ ဆိုရင် တစ်ယောက်တည်း ပဲရှိနေတာက ပိုများပါတယ်။ တစ်ယောက်တည်းပဲ ဖြတ်သန်းမယ်ဆိုပေမယ့် သူငယ်ချင်းတွေနဲ့ပေ့ါ။ ပျော်ပျော်ပါးပါး ။ချောကလက်တွေစားပြီးတော့ ဖြတ်သန်းဖြစ်မယ်လေ။ ဒါမှမဟုတ် ခရီးသွားရင်လည်း သွားဖြစ်မယ်လေ။ ကိုယ့်ကိုယ်ကိုယ်စိတ်ညစ်မခံဘူး။
အပျော်ဆုံးနေမှာပဲ”လို့ ပြောပြထားပါတယ်။ ရွှေအိမ်စည် က စနိုက်ကြော်တာတွေနဲ့ ပတ်သက်ပြီး စနိုက်ကြော်လို့ ပါသွားရင်တော့ နှစ်ယောက်လုံးကို အပြတ်ရှင်းရမလိုဖြစ်နေပြီလို့ “ သူတို့ကိုပြောချင်တာမဟုတ်ဘူး။ အမှန်တော့ ကိုယ့်လူကိုယ်ထိန်းရမှာ။ ဘာလို့လဲဆိုတော့ စနိုက်ကြော် လို့ရတယ် ဆိုကတည်းက ကိုယ့်လူဘက်က၊ ကြော်ဖို့ကြိုးစားတယ် မဖြစ်မြောက်သွားဘူး ဆိုရင်တော့ ဒါ ငါ့လူတော်တယ်ပေါ့နော်။ ကြော်ဖို့ ကြိုးစားပြီးကြော်သွားတယ် ဆိုရင်တော့ နှစ်ယောက်စလုံးကိုပဲ အပြတ်ရှင်းရမလိုဖြစ်နေပြီ ဟုတ်တယ်မလား ဘယ်လိုလုပ်မလဲ” လို့ ရယ်မောရင်းပြောထားပါတယ်။
ရွှေအိမ်စည် က သူလိုချင်တဲ့ ဖူးစာရှင် ပုံစံမျိုးကိုလည်း “အိမ်စည့်ကို ဦးဆောင်နိုင်တဲ့သူဆိုတာက အရမ်းခက်ခဲလိမ့်မယ်လို့ အိမ်စည်ထင်တယ်။ အိမ်စည်က ကိုယ့်ရဲ့ partner တစ်ယောက်ပေ့ါနော်။ သူတို့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်မယ့် သူထဲမှာမပါဘူး။ အိမ်စည်က My Own Person ပေ့ါနော်။ ငါတို့ လက်တွဲပြီးတော့ ဒီတိုက်ပွဲကို အတူတူတိုက်ကြမယ်။ ဘေးနားမှာ လက်တွဲပြီးတော့ သွားရင်သွား ကိုယ့်ရှေ့မှာတော့ ကားယားကားယား လာမလုပ်နဲ့ ကိုယ့်နောက်မှာလည်း လာမနေနဲ့ ဘေးနားကနေပြီးတော့ လက်တွဲပြီးတော့ အတူတူချီတက်ကြမယ်။ အဲ့လိုပဲ ဖြစ်နိုင်မယ်ထင်တယ်”လို့ ဖြေကြားထားပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *