“မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကြီးမှာ အရမ်းလှနေတဲ့ သင်ဇာဝင့်ကျော်


“မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကြီးမှာ အရမ်းလှနေတဲ့ သင်ဇာဝင့်ကျော်
“မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကြီးမှာ အရမ်းလှနေတဲ့ သင်ဇာဝင့်ကျော်


“မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကြီးမှာ အရမ်းလှနေတဲ့ သင်ဇာဝင့်ကျော်


“မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကြီးမှာ အရမ်းလှနေတဲ့ သင်ဇာဝင့်ကျော်
“မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကြီးမှာ အရမ်းလှနေတဲ့ သင်ဇာဝင့်ကျော်


“မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကြီးမှာ အရမ်းလှနေတဲ့ သင်ဇာဝင့်ကျော်


Unicode

မင်းသမီးချောလေး သင်ဇာဝင့်ကျော် က သူမရဲ့ အလှကြောင့် အနုပညာ အသိုင်းအဝိုင်းမှာ အောင်မြင်ကျော်ကြားသူ တစ်ယောက် ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က လူလေးလှရုံသာမက သရုပ်ဆောင်လည်း ထူးချွန်တာကြောင့် အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သင်ဇာဝင့်ကျော်ရဲ့ အနုပညာ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား အားပေးကြပါတယ်။

သင်ဇာဝင့်ကျော်က မနေ့က ဇန်နဝါရီလ (၃၀) ရက်နေ့မှာတော့ ရန်ကုန်မြို့ JCGV Wyndham Grand မှာ ကျင်းပပြုလုပ်တဲ့ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Re Carpet Show ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် ဝတ်ထားတဲ့ ဝတ်စုံလေး က ဒီဇိုင်နာ ငြိမ်းကို (Chic & Chic) ကိုယ်တိုင် ချုပ်လုပ်ခဲ့တာဖြစ်ပြီး ပွဲမတက်ခင် အချိန် (၅) နာရီအတွင်းမှာပဲ အလှပဆုံးဖြစ်အောင် ဖန်တီထားတယ်လို့ သိရပါတယ်။

ဒီဇိုင်းနာ ငြိမ်းကိုက သင်ဇာရဲ့ဝတ်စုံလေးနဲ့ ပက်သတ်ပြီး မနေ့က သင်ဇာပါဝင် သရုပ်ဆောင်ထားတဲ့ မြမြ ရုပ်ရှင် red carpet မှာ ၅ နာရီနဲ့ အမြန်ချုပ်ပေးထားတဲ့ ဝတ်စုံလေးပါ 🖤❤️ ပွဲမစခင်နေ့လည် ၁:၃၀ ကမှ ဖုန်းဆက်ပြီး အကိုရေ ကူပါဦးဆိုပြီး သင်ဇာ ဖုန်းဝင်လာတာနဲ့ ချက်ချင်းဘဲ ပိတ်စဆိုင်ပြေးဝယ်ပြီး သင်ဇာလိုချင်တဲ့ အနီးစပ်ဆုံးပုံစံလေးဖြစ်အောင် ပွဲမဝင်ခင် ၁၅ မိနစ်အလို အရောက်ချုပ်ပေးခဲ့သော အမှတ်တရ ဝတ်စုံလေးပါ❤️🖤” ဆိုပြီး အမှတ်တရ ပြောထားပာတယ်။

ဒီဇိုင်နာငြိမ်းကိုရဲ့ ပညာပါရမီပြည့်ဝမှုနဲ့ သင်ဇာဝင့်ကျော်ရဲ့ အလှတို့ ပေါင်းစပ်လိုက်တဲ့အခါ ဝတ်စုံလေးက အရမ်းလှပြီး မြင်သူတိုင်းငေးမောနေရလောက်တာကို တွေ့ရပါတယ်။ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးက ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် သင်္ကြန်ကာလမှာ ဖြစ်ပွားခဲ့တဲ့ စက်ရုံဝန်ထမ်းကောင်မလေးကို လူသုံးယောက် မုဒိန်းကျင့် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်မှန်ကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

“မြမြ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဖေဖော်ဝါရီလ (၆) ရက်နေ့မှာ ရုံတင်ပြသမှာမို့ ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ Source: Thin Zar Wint Kyaw’s fb Photo: Nay Min Tun

Add a Comment

Your email address will not be published. Required fields are marked *