လူမႈကြန္ယက္ေတြေပၚမွာ ဓာတ္ပံုေတြ ပ်ံ႕သြားတဲ့ကိစၥကုိ ထပ္ၿပီးေျဖရွင္းလိုက္တဲ့ ေနေဒြး

သရုပ္ေဆာင္ ေနေဒြး ဟာဆိုရင္ ဟုိးအရင္နွစ္ေတြ ကတည္းက ပရိသတ္ေတြ အားေပးတာခံရတဲ့ အနုပညာရွင္တစ္ဦးျဖစ္ျပီး အခုထိ ေအာင္ျမင္မႈကုိ ထိန္းထားနုိင္သလုိ အနုပညာအလုပ္ေတြ တစုိက္မတ္မတ္လုပ္ေနတဲ့ မင္းသားတစ္လက္ ဆိုရင္လည္း မမွားပါဘူး။ လက္ရွိမွာ ေနေဒြးနဲ႔ပတ္သက္ျပီး ပ်ံ႕နွံ႕ေနတဲ့ ေကာလဟလေတြကုိ ပရိသတ္ၾကီးလည္း ၾကားမိၾကမယ္ ထင္ပါတယ္။ အဲဒီကိစၥေတြနဲ႔ ပတ္သက္ျပီးေျဖၾကားရာမွာ ေနေဒြးက စာရြက္ကုိင္ျပီး စာရြက္ၾကည့္ေျဖၾကားသြားတာေၾကာင့္ အျမင္တစ္မ်ိဳးျဖစ္ခဲ့ၾကတဲ့ ပရိသတ္ေတြလည္း ရွိပါတယ္။ အဲဒါေတြနဲ႔ပတ္သက္ျပီး ေနေဒြးက မၾကာေသးမီက အင္တာဗ်ဴးမွာ ရွင္းျပသြားခဲ့ပါတယ္။

သရုပ္ေဆာင္ ေနေဒြး

ေနေဒြးက စာရြက္ၾကည့္ျပီးေျဖခဲ့ရတာနဲ႔ ပတ္သက္ျပီး “ အလြတ္ေျဖလို႔မရဘူး။ ဘာလုိ႔မရတာလဲဆိုေတာ့ ကြ်န္ေတာ့္မွာ အခ်က္အလက္ေတြ ရွိတာကုိး။ ျပီးေတာ့ ကြ်န္ေတာ္တို႔က စည္းနဲ႔ေဘာင္နဲ႔ စကားေျပာရတာကုိး။ ဒါေတြကဒါ record မွတ္တမ္းေတြျဖစ္သြားမွာ။ ကြ်န္ေတာ္တစ္ခုခု စကားမွားသြားခဲ့ရင္လည္း အဲဒါက တစ္ဖက္အတြက္ ေထာက္စရာျဖစ္သြားလိမ့္မယ္။ ကြ်န္ေတာ္တို႔က ကြ်န္ေတာ့္ရဲ႕ personal ေရွ႕ေနနဲ႔ တိုင္ပင္ျပီးေတာ့ ဒီဟာဒီဟာက ေျပာလို႔ရတယ္။ ဒီဟာဒီဟာက ေျပာလို႔မရဘူး၊ တစ္ဖက္သား ဂုဏ္သိကၡာကုိ ထိခိုက္လို႔မရဘူး။ အဲဒီအတြက္ စည္းနဲ႔ေဘာင္နဲ႔ ေျပာရတဲ့အခ်ိန္မွာ စာရြက္စာတမ္းနဲ႔ ေျပာတာ အေကာင္းဆံုးပဲ။ ဒီတုိင္းေျပာရင္ တစ္ခ်က္လိုသြားတာလည္း ရွိမယ္။ တစ္ခ်က္ ပုိသြားတာလည္းရွိမယ္။ လုိသြားလည္း မေကာင္းဘူး။ ပုိသြားလည္း မေကာင္းဘူး။ စည္းနဲ႔ေဘာင္နဲ႔ေသခ်ာေလး စာရြက္ကုိင္ျပီးေျပာေတာ့ ပိုျပီးျပည့္စံုတာေပါ့ ဟုတ္”လို႔ ရွင္းျပထားပါတယ္။

လူေျပာမ်ားေနတဲ့ iCloud ဟက္ခံရ ျပီး ဓာတ္ပံုေတြပ်ံ႕သြားတယ္တယ္ ဆိုတဲ့ ကိစၥကုိလည္းေနေဒြးက “အဲဒါ က ကြ်န္ေတာ္ စာရြက္ကုိင္ျပီးေျပာတာ အဲဒီအခ်က္က်န္သြားတယ္။ အခ်ိဳ႕က်ေတာ့ နားလည္ၾကတယ္။ iCloud ကုိ recover လုပ္သြားတာ။ ဥပမာ ကြ်န္ေတာ့္ရဲ႕ User name နဲ႔ Password ကုိသိတယ္ေပါ့ေနာ္။ သိတယ္ဆိုရင္ ဒါဟာ recover လုပ္လို႔ရတယ္ေလ။ ဒါေပမယ့္ အလြယ္ေပါ့။ ကုိယ္ေျပာခ်င္တဲ့ဟာက စကားက စဥ္းစားလို႔မရတဲ့အခ်ိန္ ေျပာလိုက္တဲ့ဟာက်ေတာ့ Hack သြားတယ္။ အခ်ိဳ႕ေတြေျပာတယ္ Facebook account ေတြ ဘာေတြဟက္တယ္။ အဲ့လိုေျပာတယ္။ အဲဒါက ေထာက္ျပစရာျဖစ္သြားတယ္။ စာရြက္ကုိင္ျပီးေျပာတယ္ဆိုတာ အဓိကက အဲ့လိုအခ်က္ေတြေၾကာင့္။ စာရြက္ထဲမွာမပါပဲ ေျပာလိုက္တဲ့အခါ ကုိယ္ေျပာလိုက္တဲ့ ကိစၥက အဲ့လိုျဖစ္သြားတာေပါ့။ iCloud hack တာမဟုတ္ဘူး။ iCloud ကုိ recover လုပ္သြားတာ။ ဥပမာ ကြ်န္ေတာ့္ရဲ႕ username နဲ႔ password ကုိသိခဲ့တဲ့ လူတစ္ေယာက္ရွိျပီဆိုရင္ အဲဒါကုိထည့္လိုက္တာနဲ႔ ကြ်န္ေတာ့္ ဖုန္းထဲက ဓာတ္ပံုေတြ contact ေတြအကုန္လံုး ဟုိဘက္ထဲေရာက္သြားျပီ။ ဒါကက်ေတာ့ iOS သမားေတြ ေတာ္ေတာ္မ်ားမ်ား သိၾကတယ္”လို႔ ေျပာျပထားပါတယ္။

သရုပ္ေဆာင္ ေနေဒြး

ေနေဒြးက လက္ရွိလုပ္ေနတဲ့ အနုပညာလႈပ္ရွားမႈေတြ အေၾကာင္းကိုေတာ့ “အခုက ဇာတ္လမ္းတြဲေပါ့။ ဇာတ္လမ္းတြဲေတာ္ေတာ္မ်ားတယ္။ ကြ်န္ေတာ့္ကုိ ဇာတ္လမ္းတြဲေတြကမ္းလွမ္းၾကတာ ေတာ္ေတာ္မ်ားတယ္။ အဲဒီဇာတ္လမ္းတြဲေလးကုိ ေသေသခ်ာခ်ာ စိစစ္ေရြးခ်ယ္ျပီး ရုိ္က္သြားမွာပါ”လို႔ ေျပာျပထားျပီး ခ်စ္သူမ်ားေန႔ အစီအစဥ္ကုိေတာ့ “ February 14 ကေတာ့ အစီအစဥ္မရွိဘူး။ ကြ်န္ေတာ္ကေတာ့ အလုပ္ပဲ။ ဒီဇာတ္လမ္းတြဲျပီးရင္ Pay per view အတြက္ ဇာတ္လမ္းတြဲတစ္ခုဝင္ရမယ္ ဆိုေတာ့ အလုပ္အတြြက္ပဲျပင္ဆင္ေနတယ္။ February 14 အတြက္က ဘာအစီအစဥ္မွ မရွိပါဘူး”လို႔ ေျဖၾကားထားပါေသးတယ္။

Unicode

သရုပ်ဆောင် နေဒွေး ဟာဆိုရင် ဟိုးအရင်နှစ်တွေ ကတည်းက ပရိသတ်တွေ အားပေးတာခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး အခုထိ အောင်မြင်မှုကို ထိန်းထားနိုင်သလို အနုပညာအလုပ်တွေ တစိုက်မတ်မတ်လုပ်နေတဲ့ မင်းသားတစ်လက် ဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာ နေဒွေးနဲ့ပတ်သက်ပြီး ပျံ့နှံ့နေတဲ့ ကောလဟလတွေကို ပရိသတ်ကြီးလည်း ကြားမိကြမယ် ထင်ပါတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးဖြေကြားရာမှာ နေဒွေးက စာရွက်ကိုင်ပြီး စာရွက်ကြည့်ဖြေကြားသွားတာကြောင့် အမြင်တစ်မျိုးဖြစ်ခဲ့ကြတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး နေဒွေးက မကြာသေးမီက အင်တာဗျူးမှာ ရှင်းပြသွားခဲ့ပါတယ်။

နေဒွေးက စာရွက်ကြည့်ပြီးဖြေခဲ့ရတာနဲ့ ပတ်သက်ပြီး “ အလွတ်ဖြေလို့မရဘူး။ ဘာလို့မရတာလဲဆိုတော့ ကျွန်တော့်မှာ အချက်အလက်တွေ ရှိတာကိုး။ ပြီးတော့ ကျွန်တော်တို့က စည်းနဲ့ဘောင်နဲ့ စကားပြောရတာကိုး။ ဒါတွေကဒါ record မှတ်တမ်းတွေဖြစ်သွားမှာ။ ကျွန်တော်တစ်ခုခု စကားမှားသွားခဲ့ရင်လည်း အဲဒါက တစ်ဖက်အတွက် ထောက်စရာဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့က ကျွန်တော့်ရဲ့ personal ရှေ့နေနဲ့ တိုင်ပင်ပြီးတော့ ဒီဟာဒီဟာက ပြောလို့ရတယ်။ ဒီဟာဒီဟာက ပြောလို့မရဘူး၊ တစ်ဖက်သား ဂုဏ်သိက္ခာကို ထိခိုက်လို့မရဘူး။ အဲဒီအတွက် စည်းနဲ့ဘောင်နဲ့ ပြောရတဲ့အချိန်မှာ စာရွက်စာတမ်းနဲ့ ပြောတာ အကောင်းဆုံးပဲ။ ဒီတိုင်းပြောရင် တစ်ချက်လိုသွားတာလည်း ရှိမယ်။ တစ်ချက် ပိုသွားတာလည်းရှိမယ်။ လိုသွားလည်း မကောင်းဘူး။ ပိုသွားလည်း မကောင်းဘူး။ စည်းနဲ့ဘောင်နဲ့သေချာလေး စာရွက်ကိုင်ပြီးပြောတော့ ပိုပြီးပြည့်စုံတာပေါ့ ဟုတ်”လို့ ရှင်းပြထားပါတယ်။

လူပြောများနေတဲ့ iCloud ဟက်ခံရ ပြီး ဓာတ်ပုံတွေပျံ့သွားတယ်တယ် ဆိုတဲ့ ကိစ္စကိုလည်းနေဒွေးက “အဲဒါ က ကျွန်တော် စာရွက်ကိုင်ပြီးပြောတာ အဲဒီအချက်ကျန်သွားတယ်။ အချို့ကျတော့ နားလည်ကြတယ်။ iCloud ကို recover လုပ်သွားတာ။ ဥပမာ ကျွန်တော့်ရဲ့ User name နဲ့ Password ကိုသိတယ်ပေါ့နော်။ သိတယ်ဆိုရင် ဒါဟာ recover လုပ်လို့ရတယ်လေ။ ဒါပေမယ့် အလွယ်ပေါ့။ ကိုယ်ပြောချင်တဲ့ဟာက စကားက စဉ်းစားလို့မရတဲ့အချိန် ပြောလိုက်တဲ့ဟာကျတော့ Hack သွားတယ်။ အချို့တွေပြောတယ် Facebook account တွေ ဘာတွေဟက်တယ်။ အဲ့လိုပြောတယ်။ အဲဒါက ထောက်ပြစရာဖြစ်သွားတယ်။ စာရွက်ကိုင်ပြီးပြောတယ်ဆိုတာ အဓိကက အဲ့လိုအချက်တွေကြောင့်။ စာရွက်ထဲမှာမပါပဲ ပြောလိုက်တဲ့အခါ ကိုယ်ပြောလိုက်တဲ့ ကိစ္စက အဲ့လိုဖြစ်သွားတာပေါ့။ iCloud hack တာမဟုတ်ဘူး။ iCloud ကို recover လုပ်သွားတာ။ ဥပမာ ကျွန်တော့်ရဲ့ username နဲ့ password ကိုသိခဲ့တဲ့ လူတစ်ယောက်ရှိပြီဆိုရင် အဲဒါကိုထည့်လိုက်တာနဲ့ ကျွန်တော့် ဖုန်းထဲက ဓာတ်ပုံတွေ contact တွေအကုန်လုံး ဟိုဘက်ထဲရောက်သွားပြီ။ ဒါကကျတော့ iOS သမားတွေ တော်တော်များများ သိကြတယ်”လို့ ပြောပြထားပါတယ်။

နေဒွေးက လက်ရှိလုပ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေ အကြောင်းကိုတော့ “အခုက ဇာတ်လမ်းတွဲပေါ့။ ဇာတ်လမ်းတွဲတော်တော်များတယ်။ ကျွန်တော့်ကို ဇာတ်လမ်းတွဲတွေကမ်းလှမ်းကြတာ တော်တော်များတယ်။ အဲဒီဇာတ်လမ်းတွဲလေးကို သေသေချာချာ စိစစ်ရွေးချယ်ပြီး ရိုက်သွားမှာပါ”လို့ ပြောပြထားပြီး ချစ်သူများနေ့ အစီအစဉ်ကိုတော့ “ February 14 ကတော့ အစီအစဉ်မရှိဘူး။ ကျွန်တော်ကတော့ အလုပ်ပဲ။ ဒီဇာတ်လမ်းတွဲပြီးရင် Pay per view အတွက် ဇာတ်လမ်းတွဲတစ်ခုဝင်ရမယ် ဆိုတော့ အလုပ်အတွက်ပဲပြင်ဆင်နေတယ်။ February 14 အတွက်က ဘာအစီအစဉ်မှ မရှိပါဘူး”လို့ ဖြေကြားထားပါသေးတယ်။

Add a Comment

Your email address will not be published. Required fields are marked *