လက္ရွိမွာ စားဖို႔ရိကၡာျပတ္ေတာ့မယ္ဆိုတဲ့ ဝူဟန္မွာ ပိတ္မိေနတဲ့ ျမန္မာေက်ာင္းသားမ်ား ၆၀ ရဲ႕ လက္ရွိအေျခအေန

လက္ရွိျပန႔္ပြာေနတဲ့ ကိုရိုနာ ဗိုင္းရပ္စ္ဟာဆိုရင္ တ႐ုတ္နိုင္ငံဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ေပၚလာတာျဖစ္ပါတယ္။ ဝူဟန္ၿမိဳ႕ဆိုတာ နိုင္ငံတကာ ပညာေတာ္သင္ေက်ာင္းသားမ်ားနဲ႕ စည္းကားလွတဲ့ ၿမိဳ႕တစ္ၿမိဳ႕လည္း ျဖစ္ပါတယ္။

ဒီၿမိဳ႕မွာ နိုင္ငံရပ္ျခားက ေရာက္ရွိေနသူေတြလည္း အမ်ားအျပားရွိပါတယ္။ အခုလို ဗိုင္းရပ္စ္ ျဖစ္ေတာ့ နိုင္ငံတကာက နိုင္ငံေတြကေတာ့ မိမိနိုင္ငံသားေတြကို ျပန္လည္ေခၚယူခဲ့ၿပီးေတာ့ လိုအပ္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ေဆာင္ေနၾကပါတယ္။ ျမန္မာနိုင္ငံ ကေတာ့ ယေန႕ထိတိုင္ ေက်ာင္းသား အေယာက္ ၆၀ ဦးကို ျပန္လည္ေခၚယူနိုင္ျခင္းမရွိပဲ ျဖစ္ေနပါတယ္။

လက္ရွိ ၀ူဟန္ၿမိဳ႔ အေျခအေန

အစိုးရရဲ႕ ေၾကျငာခ်က္ထဲမွာေတာ့ ေန႕ေခၚမယ္ ညေခၚမယ္နဲ႕ တကယ္တမ္း လက္ေတြ႕မွာေတာ့ ေက်ာင္းသားေတြဟာ လက္ရွိအခ်ိန္အထိ လာေခၚမယ့္သူ မရွိေသးသလို ၊ရိကၡာကလည္း ေနာက္ ၅ ရက္စာပဲ က်န္ေတာ့တယ္လို႔ သိရပါတယ္။ ဒီအေၾကာင္းကိုေတာ့ ပိုးျဖဴသန႔္ ဆိုတဲ့ လူမႈကြန္ရက္ အေကာင့္ပိုင္ရွင္က အခုလိုပဲ မွ်ေဝထားပါတယ္။

ကိုယ့္သားသမီးေလးေတြသာဆိုရင္!! စတဲ့ ကိုယ္ခ်င္းစာစိတ္ အ ေတြးေတြနဲ႕ ေတာ္ေတာ္ စိတ္မခ်မ္းသာျဖစ္ရပါတယ္

အခုေလးတင္ ဝူဟန္မွာ ပိတ္မိေနတဲ့ ျမန္မာေက်ာင္းသားတေယာက္နဲ႕ စကားေျပာျဖစ္တယ္.. စိတ္လည္း မေကာင္းဘူး..

“အကိုတို႔ အဆင္ေျပၾကရဲ႕လား၊ စားစရာ က်န္ေသးလား..” ဆိုေတာ့ “ အမ်ားဆုံး ငါးရက္စာေလာက္ပဲ က်န္ေတာ့တယ္၊ ကြၽန္ေတာ္တို႔ အခုရွိတာေလးေတြ ကုန္ရင္ စားစရာ မရွိေတာ့ဘူး၊ တျခားေက်ာင္းသားေတြလည္း အဲ့လိုပဲ” တဲ့..

“သံ႐ုံးကေရာ ဘာမွ မဆက္သြယ္ဘူးလား၊ မကူညီဘူးလား” လို႔ အားမလို အားမရျဖစ္ရင္း ေမးမိေတာ့ “သံ႐ုံးက စားစရာေတြေတာ့ ပို႔လိုက္ၿပီ ေျပာတယ္.. ဒါေပမယ့္ ဘယ္လိုပို႔လိုက္တယ္၊ ဘယ္ေတာ့ေရာက္မယ္၊ ဘာေတြ ပို႔လိုက္တယ္ဆိုတာ ဘာမွ မေျပာဘူး..” လို႔ ခပ္ၿငီးၿငီးဆိုတယ္.. ကိုယ့္အကိုေတြ၊ ေမာင္ေတြ၊ မိသားစုဝင္ေတြသာ အခုလိုပိတ္မိေနရင္ ကိုယ္ေတြ ဘယ္ေလာက္စိတ္ပူလိုက္ရမလဲ.. ခုလည္း ျမန္မာေက်ာင္းသား ၆၀ ရဲ႕ မိသားစုေျခာက္ဆယ္ေက်ာ္ စိတ္ေသာကေရာက္လိုက္ရမယ့္ျဖစ္ျခင္း..

ခုလက္ရွိ အေျခာက္အျခမ္းေလးေတြကုန္ရင္ ေက်ာင္းသားေတြ ဘာဆက္စားၿပီး အသက္ရွင္ရမလဲ.. အစာမရွိဘဲ သူတို႔ဘယ္ေလာက္ေတာင့္ခံနိုင္မလဲ.. ဝူဟန္ပိုးထက္ ရိကၡာကို ပိုပူေနရတဲ့ ေက်ာင္းသားေတြမွာ ရဟတ္ယာဥ္နဲ႕ ပစၥည္းခ်ေပးမွာလားလို႔ ေမးေတာ့လည္း ေသခ်ာမေျဖ႐ုံမက စားစရာပို႔လိုက္ၿပီသာ ေျပာၿပီး ဘာမွ ဆက္ေမးမရ လမ္းဆုံးေနတဲ့ ကိုယ့္ျမန္မာသံ႐ုံးကိုလည္း အေတာ္မခ်င့္မရဲ ျဖစ္ရတယ္..

“တျခားနိုင္ငံေတြေရာ ဘယ့္ႏွယ့္လဲ အကို” ဆိုေတာ့ “အေမရိကန္ကေတာ့ တ႐ုတ္အစိုးရခြင့္ျပဳခ်က္နဲ႕ ဝူဟန္ေလဆိပ္ထိ တိုက္ရိုက္ဆင္းၿပီး သူ႕နိုင္ငံသားေတြ ေခၚသြားၿပီ.. မေၾကျငာဘဲ သူ႕နိုင္ငံသားေတြကို တိတ္တိတ္ေလး လာေခၚတဲ့နိုင္ငံေတြလည္း ရွိတယ္..” တဲ့..

လက္ရွိ ၀ူဟန္ၿမိဳ႔ အေျခအေန

“က်ေတာ့္ သူငယ္ခ်င္း ဗီယက္နမ္ေက်ာင္းသားေတြ ဗီယက္နမ္ ျပန္ေရာက္ကုန္ၿပီ အမရာ.. က်ေတာ္တို႔ကိုလည္း ကိုယ့္နိုင္ငံက လာေခၚရင္ တ႐ုတ္အစိုးရက ေပးျပန္မယ္ ေျပာၿပီးသားကို ခုက် ျမန္မာနိုင္ငံျခားေရးဝန္ႀကီးဌာနက စာမထုတ္၊ ခြင့္ျပဳခ်က္မေပးလို႔ဆိုၿပီး ျမန္မာသံ႐ုံးကလည္း ဝန္ႀကီးဌာနကိုခ်ည္း ေျပာေနတယ္.. ဝန္ႀကီးဌာနကလည္း သိတဲ့အတိုင္း မလႈပ္ဘူး.. က်ေတာ္တို႔ကို မငဲ့ဘူး..”

“က်ေတာ္တို႔က ျမန္မာျပည္ျပန္မယ္ဆိုလည္း အိမ္တန္းျပန္ဖို႔၊ လူထူထူထဲ သြားခြင့္ရဖို႔ ေျပာေနတာ မဟုတ္ပါဘူး.. က်ေတာ္တို႔ကို ေဆးစစ္မယ္၊ ေရာဂါလကၡဏာျပမယ့္ ႏွစ္ပတ္ေက်ာ္မွာ သီးသန႔္ခြဲထားမယ္၊ ေဆး႐ုံမွာ ေနရမယ္ဆိုလည္း လက္မခံစရာ မရွိပါဘူး..” အခုက ျပန္ေခၚမယ္သာ သတင္းထြက္ေနတာ၊ တကယ့္ျဖစ္ရပ္မွန္က ျပန္ေခၚဖို႔ေတာင္ အဆက္သြယ္ မခံရတဲ့ ဘဝေတြ..

“ဝူဟန္မွာ စားစရာကအစ ပူပန္ရင္း အခုလို ပိတ္မိေနမယ့္အစား သူမ်ားနိုင္ငံသားေတြလို ျပန္အေခၚခံခ်င္တယ္.. က်ေတာ္တို႔ကို ခြဲထားၿပီး ေစာင့္ၾကည့္မယ္ဆိုရင္ေတာင္ ျမန္မာျပည္မွာပဲ ေစာင့္ၾကည့္ခံခ်င္တယ္..” တဲ့.. ခုက ဒုတိယအတြင္းဝန္ဆိုသူက ဖုန္းႏွစ္ခါ သုံးခါဆက္တာကလြဲရင္ ဘာမွကို လုပ္မေပးတာတဲ့.. “က်ေတာ္တို႔ ျပန္ဖို႔ ေလယာဥ္စင္းလုံးငွါးဖို႔ ပိုက္ဆံစုေပးဆိုလည္း ေပးပါ့မယ္” ဆိုေတာ့လည္း သံ႐ုံးက အဲ့လိုက် ျမန္မာနိုင္ငံျခားေရး ဝန္ႀကီးဌာန ခြင့္ျပဳမိန႔္မပါလို႔ မရဘူးခ်ည္း ျငင္းသတဲ့.. သူတို႔လုပ္ပိုင္ခြင့္ထဲ မရွိဘူးဆို ေဘာလီေဘာခ်ည္း ပတ္ပုတ္ေနတာ.. မိေဝးဖေဝး သူမ်ားနိုင္ငံမွာ ပညာလာသင္ရင္း ပိတ္မိေနတဲ့ ျမန္မာေက်ာင္းသားေတြအေၾကာင္း နားေထာင္ရတာ စိတ္လည္း ထိခိုက္ရတယ္..

တခ်ိဳ႕လူေတြကလည္း “နင္တို႔ ေရာဂါပိုး သယ္လာမယ့္အစား ျပန္မလာနဲ႕..”၊ “ကိုယ့္ဘာသာပဲ တ႐ုတ္ျပည္မွာ အေသခံလိုက္” ဆိုတာမ်ိဳးေတြကို ေျပာထြက္ၾက႐ုံမက ပညာရွင္ဂိုက္ဖမ္းၿပီး “Greater good ကို ၾကည့္ဖို႔လိုတယ္၊ လူေတြကို ကူးမယ့္အစား သူတို႔ကို တ႐ုတ္ျပည္မွာပဲ ဆက္ထားသင့္တယ္” ေတြ ေျပာၾကတယ္.. ပိုးေတာ့ အဲ့လို မျမင္ဘူး.. မကယ္ဘဲ ပစ္ထားဖို႔ကို လက္လည္း လက္မခံနိုင္ဘူး..

လက္ရွိ ၀ူဟန္ၿမိဳ႔ အေျခအေန

အခုပိတ္မိေနတဲ့ ေက်ာင္းသားေျခာက္ဆယ္ဟာ လူငယ္ေလးေတြ.. သက္ဆိုင္ရာဘာသာရပ္မွာ ထူးခြၽန္ၾကလို႔ မာစတာတန္းတက္ေနၾကသူေတြ.. စေကာလားရွစ္ ရထားတဲ့ ပညာတတ္အၫႊန႔္အဖူးေလးေတြ.. အေရးအႀကီးဆုံးအခ်က္က သူတို႔က ကိုယ့္နိုင္ငံသားေတြ.. သူတို႔လိုအပ္ေနခ်ိန္မွာက် မကူဘဲ သူတို႔ေတြ ထူးခြၽန္သထက္ ထူးခြၽန္လာခ်ိန္ၾကမွ မင္းတို႔နိုင္ငံေတာ္ကို အက်ိဳးျပဳၾကစမ္းဆို တရားမလား.. သူတို႔ကို အကာအကြယ္ေပးဖို႔က် လစ္ဟင္းၿပီး နိုင္ငံသားေတြ တေယာက္ၿပီး တေယာက္ နိုင္ငံကို စြန႔္ခြါသြားကာမွ ပညာတတ္ေရေပၚဆီေတြလို႔ လက္ညွိုးထိုး အျပစ္ေျပာရင္ မွ်တမလား..

အစိုးရဆိုတာ ျပည္သူက လိုအပ္ခ်ိန္မွာ ကူညီရမွာပဲ၊ ေစာင့္ေရွာက္ရမွာပဲ.. မလြယ္တာသိေပမယ့္ အစိုးရဆိုတာ လြယ္တဲ့အလုပ္ခ်ည္း လုပ္ေနဖို႔မွ မဟုတ္ဘဲ.. လြယ္တာနဲ႕ ေပ်ာ္တာပဲလုပ္ခ်င္တာဆို ဒီမွာေတာ့ “နင္ ေရခဲမုန႔္သာ ေရာင္းလိုက္” လို႔ အဂၤလိပ္ေတြက ေျပာတတ္တယ္.. အစိုးရဟာ ကိုယ့္နိုင္ငံသားဆို အခုလိုအေယာက္ေျခာက္ဆယ္ မေျပာနဲ႕၊ တေယာက္တည္း၊ အသက္တေခ်ာင္းတည္းဆိုေတာင္ အားစိုက္ထုတ္ ကူညီနိုင္ဖို႔ လိုပါတယ္..

ျဖစ္နိုင္သမွ်မွာ ကိုယ့္နိုင္ငံသားေတြကို ေရာဂါႏၲရကပ္ျဖစ္ေနတဲ့ဆီက အျမန္ကယ္ထုတ္ဖို႔သာ နိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႕ က်န္းမာေရးဝန္ႀကီးဌာနကို တိုက္တြန္းခ်င္တာပါပဲ.. နိုင္ငံသားေတြရဲ႕ အေျခခံ လူ႕အခြင့္အေရးမွာ ဒီလိုကယ္ထုတ္ခံရဖို႔လည္း ထိုက္တန္ပါတယ္.. ထိေရာက္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြ၊ ေစာင့္ေရွာက္မႈေတြ ျပင္ဆင္ထားၿပီး ဒုကၡတြင္းထဲက ကိုယ့္နိုင္ငံသားေတြကို ပစ္မထားဖို႔ ေတာင္းဆိုပါရေစ..

ေက်းဇူးျပဳၿပီး ဒီစာကို ရွယ္ေပးၾကပါ..

ျမန္မာေက်ာင္းသား ၆၀ ကို အျမန္ဆုံး ျပန္လည္ေခၚယူ ကယ္တင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ Source- ပိုးျဖဴသန႔္

Unicode

လက်ရှိပြန့်ပွာနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာဆိုရင် တရုတ်နိုင်ငံဝူဟန်မြို့ကနေ စတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဝူဟန်မြို့ဆိုတာ နိုင်ငံတကာ ပညာတော်သင်ကျောင်းသားများနဲ့ စည်းကားလှတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

ဒီမြို့မှာ နိုင်ငံရပ်ခြားက ရောက်ရှိနေသူတွေလည်း အများအပြားရှိပါတယ်။ အခုလို ဗိုင်းရပ်စ် ဖြစ်တော့ နိုင်ငံတကာက နိုင်ငံတွေကတော့ မိမိနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူခဲ့ပြီးတော့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေကြပါတယ်။ မြန်မာနိုင်ငံ ကတော့ ယနေ့ထိတိုင် ကျောင်းသား အယောက် ၆၀ ဦးကို ပြန်လည်ခေါ်ယူနိုင်ခြင်းမရှိပဲ ဖြစ်နေပါတယ်။

အစိုးရရဲ့ ကြေငြာချက်ထဲမှာတော့ နေ့ခေါ်မယ် ညခေါ်မယ်နဲ့ တကယ်တမ်း လက်တွေ့မှာတော့ ကျောင်းသားတွေဟာ လက်ရှိအချိန်အထိ လာခေါ်မယ့်သူ မရှိသေးသလို ၊ရိက္ခာကလည်း နောက် ၅ ရက်စာပဲ ကျန်တော့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ ပိုးဖြူသန့် ဆိုတဲ့ လူမှုကွန်ရက် အကောင့်ပိုင်ရှင်က အခုလိုပဲ မျှဝေထားပါတယ်။

ကိုယ့်သားသမီးလေးတွေသာဆိုရင်!! စတဲ့ ကိုယ်ချင်းစာစိတ် အ တွေးတွေနဲ့ တော်တော် စိတ်မချမ်းသာဖြစ်ရပါတယ်

အခုလေးတင် ဝူဟန်မှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသားတယောက်နဲ့ စကားပြောဖြစ်တယ်.. စိတ်လည်း မကောင်းဘူး..

“အကိုတို့ အဆင်ပြေကြရဲ့လား၊ စားစရာ ကျန်သေးလား..” ဆိုတော့ “ အများဆုံး ငါးရက်စာလောက်ပဲ ကျန်တော့တယ်၊ ကျွန်တော်တို့ အခုရှိတာလေးတွေ ကုန်ရင် စားစရာ မရှိတော့ဘူး၊ တခြားကျောင်းသားတွေလည်း အဲ့လိုပဲ” တဲ့..

“သံရုံးကရော ဘာမှ မဆက်သွယ်ဘူးလား၊ မကူညီဘူးလား” လို့ အားမလို အားမရဖြစ်ရင်း မေးမိတော့ “သံရုံးက စားစရာတွေတော့ ပို့လိုက်ပြီ ပြောတယ်.. ဒါပေမယ့် ဘယ်လိုပို့လိုက်တယ်၊ ဘယ်တော့ရောက်မယ်၊ ဘာတွေ ပို့လိုက်တယ်ဆိုတာ ဘာမှ မပြောဘူး..” လို့ ခပ်ငြီးငြီးဆိုတယ်.. ကိုယ့်အကိုတွေ၊ မောင်တွေ၊ မိသားစုဝင်တွေသာ အခုလိုပိတ်မိနေရင် ကိုယ်တွေ ဘယ်လောက်စိတ်ပူလိုက်ရမလဲ.. ခုလည်း မြန်မာကျောင်းသား ၆၀ ရဲ့ မိသားစုခြောက်ဆယ်ကျော် စိတ်သောကရောက်လိုက်ရမယ့်ဖြစ်ခြင်း..

ခုလက်ရှိ အခြောက်အခြမ်းလေးတွေကုန်ရင် ကျောင်းသားတွေ ဘာဆက်စားပြီး အသက်ရှင်ရမလဲ.. အစာမရှိဘဲ သူတို့ဘယ်လောက်တောင့်ခံနိုင်မလဲ.. ဝူဟန်ပိုးထက် ရိက္ခာကို ပိုပူနေရတဲ့ ကျောင်းသားတွေမှာ ရဟတ်ယာဉ်နဲ့ ပစ္စည်းချပေးမှာလားလို့ မေးတော့လည်း သေချာမဖြေရုံမက စားစရာပို့လိုက်ပြီသာ ပြောပြီး ဘာမှ ဆက်မေးမရ လမ်းဆုံးနေတဲ့ ကိုယ့်မြန်မာသံရုံးကိုလည်း အတော်မချင့်မရဲ ဖြစ်ရတယ်..

“တခြားနိုင်ငံတွေရော ဘယ့်နှယ့်လဲ အကို” ဆိုတော့ “အမေရိကန်ကတော့ တရုတ်အစိုးရခွင့်ပြုချက်နဲ့ ဝူဟန်လေဆိပ်ထိ တိုက်ရိုက်ဆင်းပြီး သူ့နိုင်ငံသားတွေ ခေါ်သွားပြီ.. မကြေငြာဘဲ သူ့နိုင်ငံသားတွေကို တိတ်တိတ်လေး လာခေါ်တဲ့နိုင်ငံတွေလည်း ရှိတယ်..” တဲ့..

“ကျတော့် သူငယ်ချင်း ဗီယက်နမ်ကျောင်းသားတွေ ဗီယက်နမ် ပြန်ရောက်ကုန်ပြီ အမရာ.. ကျတော်တို့ကိုလည်း ကိုယ့်နိုင်ငံက လာခေါ်ရင် တရုတ်အစိုးရက ပေးပြန်မယ် ပြောပြီးသားကို ခုကျ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက စာမထုတ်၊ ခွင့်ပြုချက်မပေးလို့ဆိုပြီး မြန်မာသံရုံးကလည်း ဝန်ကြီးဌာနကိုချည်း ပြောနေတယ်.. ဝန်ကြီးဌာနကလည်း သိတဲ့အတိုင်း မလှုပ်ဘူး.. ကျတော်တို့ကို မငဲ့ဘူး..”

“ကျတော်တို့က မြန်မာပြည်ပြန်မယ်ဆိုလည်း အိမ်တန်းပြန်ဖို့၊ လူထူထူထဲ သွားခွင့်ရဖို့ ပြောနေတာ မဟုတ်ပါဘူး.. ကျတော်တို့ကို ဆေးစစ်မယ်၊ ရောဂါလက္ခဏာပြမယ့် နှစ်ပတ်ကျော်မှာ သီးသန့်ခွဲထားမယ်၊ ဆေးရုံမှာ နေရမယ်ဆိုလည်း လက်မခံစရာ မရှိပါဘူး..” အခုက ပြန်ခေါ်မယ်သာ သတင်းထွက်နေတာ၊ တကယ့်ဖြစ်ရပ်မှန်က ပြန်ခေါ်ဖို့တောင် အဆက်သွယ် မခံရတဲ့ ဘဝတွေ..

“ဝူဟန်မှာ စားစရာကအစ ပူပန်ရင်း အခုလို ပိတ်မိနေမယ့်အစား သူများနိုင်ငံသားတွေလို ပြန်အခေါ်ခံချင်တယ်.. ကျတော်တို့ကို ခွဲထားပြီး စောင့်ကြည့်မယ်ဆိုရင်တောင် မြန်မာပြည်မှာပဲ စောင့်ကြည့်ခံချင်တယ်..” တဲ့.. ခုက ဒုတိယအတွင်းဝန်ဆိုသူက ဖုန်းနှစ်ခါ သုံးခါဆက်တာကလွဲရင် ဘာမှကို လုပ်မပေးတာတဲ့.. “ကျတော်တို့ ပြန်ဖို့ လေယာဉ်စင်းလုံးငှါးဖို့ ပိုက်ဆံစုပေးဆိုလည်း ပေးပါ့မယ်” ဆိုတော့လည်း သံရုံးက အဲ့လိုကျ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ခွင့်ပြုမိန့်မပါလို့ မရဘူးချည်း ငြင်းသတဲ့.. သူတို့လုပ်ပိုင်ခွင့်ထဲ မရှိဘူးဆို ဘောလီဘောချည်း ပတ်ပုတ်နေတာ.. မိဝေးဖဝေး သူများနိုင်ငံမှာ ပညာလာသင်ရင်း ပိတ်မိနေတဲ့ မြန်မာကျောင်းသားတွေအကြောင်း နားထောင်ရတာ စိတ်လည်း ထိခိုက်ရတယ်..

တချို့လူတွေကလည်း “နင်တို့ ရောဂါပိုး သယ်လာမယ့်အစား ပြန်မလာနဲ့..”၊ “ကိုယ့်ဘာသာပဲ တရုတ်ပြည်မှာ အသေခံလိုက်” ဆိုတာမျိုးတွေကို ပြောထွက်ကြရုံမက ပညာရှင်ဂိုက်ဖမ်းပြီး “Greater good ကို ကြည့်ဖို့လိုတယ်၊ လူတွေကို ကူးမယ့်အစား သူတို့ကို တရုတ်ပြည်မှာပဲ ဆက်ထားသင့်တယ်” တွေ ပြောကြတယ်.. ပိုးတော့ အဲ့လို မမြင်ဘူး.. မကယ်ဘဲ ပစ်ထားဖို့ကို လက်လည်း လက်မခံနိုင်ဘူး..

အခုပိတ်မိနေတဲ့ ကျောင်းသားခြောက်ဆယ်ဟာ လူငယ်လေးတွေ.. သက်ဆိုင်ရာဘာသာရပ်မှာ ထူးချွန်ကြလို့ မာစတာတန်းတက်နေကြသူတွေ.. စကောလားရှစ် ရထားတဲ့ ပညာတတ်အညွှန့်အဖူးလေးတွေ.. အရေးအကြီးဆုံးအချက်က သူတို့က ကိုယ့်နိုင်ငံသားတွေ.. သူတို့လိုအပ်နေချိန်မှာကျ မကူဘဲ သူတို့တွေ ထူးချွန်သထက် ထူးချွန်လာချိန်ကြမှ မင်းတို့နိုင်ငံတော်ကို အကျိုးပြုကြစမ်းဆို တရားမလား.. သူတို့ကို အကာအကွယ်ပေးဖို့ကျ လစ်ဟင်းပြီး နိုင်ငံသားတွေ တယောက်ပြီး တယောက် နိုင်ငံကို စွန့်ခွါသွားကာမှ ပညာတတ်ရေပေါ်ဆီတွေလို့ လက်ညှိုးထိုး အပြစ်ပြောရင် မျှတမလား..

အစိုးရဆိုတာ ပြည်သူက လိုအပ်ချိန်မှာ ကူညီရမှာပဲ၊ စောင့်ရှောက်ရမှာပဲ.. မလွယ်တာသိပေမယ့် အစိုးရဆိုတာ လွယ်တဲ့အလုပ်ချည်း လုပ်နေဖို့မှ မဟုတ်ဘဲ.. လွယ်တာနဲ့ ပျော်တာပဲလုပ်ချင်တာဆို ဒီမှာတော့ “နင် ရေခဲမုန့်သာ ရောင်းလိုက်” လို့ အင်္ဂလိပ်တွေက ပြောတတ်တယ်.. အစိုးရဟာ ကိုယ့်နိုင်ငံသားဆို အခုလိုအယောက်ခြောက်ဆယ် မပြောနဲ့၊ တယောက်တည်း၊ အသက်တချောင်းတည်းဆိုတောင် အားစိုက်ထုတ် ကူညီနိုင်ဖို့ လိုပါတယ်..

ဖြစ်နိုင်သမျှမှာ ကိုယ့်နိုင်ငံသားတွေကို ရောဂါန္တရကပ်ဖြစ်နေတဲ့ဆီက အမြန်ကယ်ထုတ်ဖို့သာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနကို တိုက်တွန်းချင်တာပါပဲ.. နိုင်ငံသားတွေရဲ့ အခြေခံ လူ့အခွင့်အရေးမှာ ဒီလိုကယ်ထုတ်ခံရဖို့လည်း ထိုက်တန်ပါတယ်.. ထိရောက်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ၊ စောင့်ရှောက်မှုတွေ ပြင်ဆင်ထားပြီး ဒုက္ခတွင်းထဲက ကိုယ့်နိုင်ငံသားတွေကို ပစ်မထားဖို့ တောင်းဆိုပါရစေ..

ကျေးဇူးပြုပြီး ဒီစာကို ရှယ်ပေးကြပါ..

မြန်မာကျောင်းသား ၆၀ ကို အမြန်ဆုံး ပြန်လည်ခေါ်ယူ ကယ်တင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ Source- ပိုးဖြူသန့်

Add a Comment

Your email address will not be published. Required fields are marked *