မင်္ဂလာဒုံလေဆိပ်မှာ တရုတ်ခရီးသည်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် သံသယစစ်ဆေး
မင်္ဂလာဒုံလေဆိပ်မှာ တရုတ်ခရီးသည်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် သံသယစစ်ဆေး
မင်္ဂလာဒုံလေဆိပ်မှာ တရုတ်ခရီးသည်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် သံသယစစ်ဆေး
တရုတ်တောင်ပိုင်း လေကြောင်းလိုင်းဖြင့် ကွမ်ကျိုးမှ ရန်ကုန်သို့ ပျံသန်းလာသော လေယာဉ်ပေါ်၌ ဖျားနာသောလူနာတစ်ဦးတွေ့ရှိ
မင်္ဂလာဒုံလေဆိပ်မှာ တရုတ်ခရီးသည်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် သံသယစစ်ဆေး
တရုတ်တောင်ပိုင်း လေကြောင်းလိုင်းဖြင့် ကွမ်ကျိုးမှ ရန်ကုန်သို့ ပျံသန်းလာသော လေယာဉ်ပေါ်၌ ဖျားနာသောလူနာတစ်ဦးတွေ့ရှိ
Unicode
ကွမ်ကျိူး ကနေ မင်္ဂလာဒုံလေဆိပ်ကို ဒီကနေ့ မနက် ဆိပ်ကပ်လာတဲ့ China Southern လေယာဉ်ပေါ်မှာ ဝူဟန်မြို့ကလာတဲ့ ခရီးသည်တဦးမှာ ကိုရိုနာဗိုင်းရပ် သံသယရှိတာကြောင့် စစ်ဆေးနေပါတယ်။ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေကိုလည်း လေဆိပ်ထဲကိုပေးမဆင်းသေးပါဘူး။
ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့တွင် တရုတ်တောင်ပိုင်း လေကြောင်းလိုင်းဖြင့် ကွမ်ကျိုးမှ ရန်ကုန်သို့ ပျံသန်းလာသော လေယာဉ်ပေါ်၌ ဖျားနာသောလူနာတစ်ဦးပါလာကြောင်း လေယာဉ်မှူးမှ လေကြောင်းထိန်း မျှော်စင်သို့ အကြောင်းကြားခဲ့သည်။ ထို့ကြောင့် အဆိုပါလူနာကို လေယာဉ်ပေါ်မှ မဆင်းခိုင်းဘဲ လေဆိပ်ကျန်းမာရေးအဖွဲ့က လေယာဉ်ပေါ်တွင် တက်ရောက်ပြီး ဝူဟန်ဗိုင်းရပ်စ်ဟုတ်မဟုတ် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
အဆိုပါလူနာမှာ ဝူဟန်မြို့သားဖြစ် ကြောင်းလည်း သိရသည်။နောက်ဆုံးရရှိသော သတင်းအရ အဆိုပါ လူနာကို ဝေဘာဂီကူးစက် ဆေးရုံသို့ပို့လိုက်ပြီး ကျန်ခရီးသည်များကို လေယာဉ်ပေါ်တွင် ဆက်လက်ထားရှိကြောင်း သိရသည်။
Add a Comment
Your email address will not be published. Required fields are marked *