နောက်ထပ် ပြဿနာတွေ ထပ်မတက်ချင်တော့ လို့ တရားမစွဲတော့ဘူးဆိုတဲ့ အိစိကွေး

သရုပ်ဆောင် မင်းသားချောလေး အိစိကွေး ကတော့ အလုပ်သဘောအရ ယုံကြည်လို့ လက်ခံလိုက်မိတဲ့ ဖျော်ဖြေပွဲ တစ်ခုမှာ ပြဿနာတွေ တက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူကတော့ တရားစွဲဖို့လောက် အထိ မတွေးတော့ပါဘူးတဲ့။ အိစိကွေး ကတော့ မန္တလေး မှာ ကျင်းပပြုလုပ်တဲ့ အလှမယ် ပြိုင်ပွဲမှာ ဖျော်ဖြေပေးဖို့ လာငှားတဲ့ အချိန်မှာ သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက် ရဲ့ အာမခံပေးမှုကြောင့် လက်ခံခဲ့တယ် လို့ဆိုပါတယ်။ ဒါပေမယ့် ဖျော်ဖြေပွဲ ပြီးတဲ့ အချိန်ထိ အနုပညာကြေးပေးဖို့ တောင်းရခက်တဲ့အပြင် ရဲစခန်းတွေအထိတောင် ရောက်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီကိစ္စအပေါ်မှာတော့ တရားစွဲဆိုမှုတွေ လုပ်မှာ မဟုတ်တော့ဘူးလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

အိစိကွေး

“ကျွန်တော်က တော့ တရားမစွဲတော့ဘူး။ သူများတွေက တော့ စွဲတယ် ပြောတာပဲ။ ကိုယ်တိုင်က လည်းမန္တလေးအထိ သွားဖို့ကလည်း အဆင်မပြေဘူး။ တရားစွဲရင် ရုံးချိန်တွေ ဘာတွေ နဲ့ ဆိုရင် ခေါ်တဲ့အချိန် သွားရမှာပဲ လေ။ မျက်နှာပျက်စရာကြီးလေ။ တစ်ယောက်နဲ့ တစ်ယောက် က အဲ့ဒီလိုမျိုးကြီးဖြစ်တယ်ဆိုတာကလည်းဒါ မကောင်းဘူးလေ။ မျက်နှာလည်းမပျက်ချင်ဘူးလေ။အခုလို မဖြစ်ချင်ပဲ ဖြစ်လိုက်ရတာဆိုတော့ စိတ် တော့မ ကောင်းဘူးပေါ့” ဆိုပြီးတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက အိပ်မက် မြစ် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။၂၀၂၀ ခုနှစ် နှစ်အစမှာ အနုပညာရှင်တော်တော်များများဟာ ငွေရေး၊ ကြေးရေးနဲ့ ပတ်သက်ပြီး တစ်ယောက်ပြီးတစ်ယောက် ဆိုသလို အမှုရင်ဆိုင်နေရတာ တွေရှိခဲ့ပါတယ်။ ဒါပေမယ့် အိစိကွေးကတော့ပြဿနာ မတက်ချင်တော့ဘူးလို့ ဆိုပါတယ်။

အိစိကွေး

“ငွေ ပမာဏက တော့များတယ်။ ကျွန်တော် ပွဲ ဆိုနေကြ တစ်ပွဲ စာနဲ့ လေယာဉ်ခ တွေ ရော ပေါ့။ ဒီနှစ်က တော့ ငွေရေးကြေးရေ ပြဿနာခဏခဏ တက်နေကြတာပေါ့နေ်ာ။ ပရိသတ်တွေက တောင် ပြောကြတယ်။ လာပြန်ပြီလား နောက်တစ်ယောက်ဆိုပြီးတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ပြဿနာက တော့ မဖြစ်ချင်ပါဘူး။ငွေ ရေးကြေးရေး ပိုင်းနဲ့ ပတ်သက်လာရင် အကုန်လုံးက အကျပ်အတည်း ဖြစ် နေကြတာဆိုတေ့ာ့ နားလည်ပါတယ်။ ဒါပေမယ့်လည်းကိုယ်လည်းအလုပ်လုပ်နေရတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ချင်းစာစိတ်လေးနဲ့ သူလည်းလိုချင်မှာပဲ ငါလဲယူထားတုန်းက ယူထားတာပဲ။ သူလည်းသူ့လုပ်အားခ လေးယူချင် မှာပဲ ဆိုတဲ့ စိတ် လေး ထားလိုက်ရင် ဒီလိုပြဿနာတွေ ဖြစ်လာမယ်လို့ မထင်ဘူးလေ”လို့ သူကဆိုပါတယ် ။

အိစိကွေး

အိစိကွေးဟာ ရင်းနှီးမှုတွေကြောင့် လုပ်ခဲ့ရတဲ့ အလုပ်တွေမှာ အလားတူ ပြဿနာတွေ ကြုံတွေ့ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ အခုလည်း ယုံကြည်မှုကြောင့် လုပ်လိုက်တဲ့ အလုပ်က ပြဿနာ တတ်တာပဲလို့ ပြောပါတယ်။”အရင်တုန်းကတော့ဒီလိုပြဿနာတွေကြုံဖူးပေမယ့် အခုလောက် တော့မဆိုးဘူးပေါ့နော်။ အေးရာအေးကြောင်းလေးပဲ ပြီးသွားတာလေး တွေပါပဲ။အခု တစ်ခေါက်ကြ တော့အသိ တစ်ယောက် ကလည်း ကြားထဲက နေ ပြီး တော့ ချိတ် ပေးတာ ဆိုတော့ သူ့ကို ယုံလိုက်တာလည်းပါတယ်။အခု Mr & Miss လုပ်တဲ့ ဟိုတယ်ကလည်း မန္တလေးမှာအကြီးဆုံးဆိုတော့ မလိမ်လောက်ဘူးပေါ့။ ယုံကြည်ရတယ်ဆိုပြီး သွားလိုက်ပေမယ့် အခုလိုဖြစ်သွား တော့လည်း မတတ်နိုင်ဘူး” ဆိုပြီးတော့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။

အိစိကွေး

အိစိကွေး(Eisi kway)ဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝ ရရှိထားသူ တစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ပညာရေးကို ဦးစားပေးနေတာ ကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။

Add a Comment

Your email address will not be published. Required fields are marked *