သူမရဲ့ ပထမဆုံး တက္ကသိုလ်ကျောင်းသူ ဘဝပုံရိပ်လေးတွေကို ချပြလိုက်တဲ့ အေးမြဖြူ

တစ်နိုင်ငံလုံး က ပရိသတ်တွေ ကြားမှာ စိတ်ဝင်စားမှုမြင့်မားခဲ့တဲ့ Myanmar Idol Season(4) ရဲ့ Runner Up တစ်ယောက်ဖြစ်တဲ့ အေးမြဖြူလေး ကတော့ အင်္ဂလိပ်စာ မေဂျာပထမနှစ်ကို ယနေ့ ဇန်နဝါရီလ(၇)ရက်နေ့မှာ ပထမဆုံးကျောင်းတက်ပြီ ဆိုတဲ့ အကြောင်းလေးကို “Y.U.F.L (E major) first year ကျောင်းသူလေးပါ” ဆိုတဲ့ စာသားလေးနဲ့အတူ ကျောင်းတက်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုု သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်နော်…။ ချစ်စရာကောင်းတဲ့ အေးမြဖြူလေးကတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ပဲ သူမရဲ့ တက္ကသိုလ်ကျောင်းသူဘဝ ပထမဆုံးနေ့လေးကို ဖြတ်သန်းနေပြီဖြစ်ပါတယ်….။

အေးမြဖြူလေး ဟာ Myanmar Idol Season(4) သီချင်းဆိုပြိုင်ပွဲမှာ ဝင်ပြိုင်နေတာကြောင့် သူမရဲ့ တက္ကသိုလ်ကျောင်းသူ ဘဝလေးကို ခဏနားကာ ဝါသနာကို ရှေ့ထားကာ လုပ်ဆောင်ခဲ့တာပါ..။ အေးမြဖြူလေးဟာ သူမကျောင်းခွင့်ယူကာ သူမဖြစ်ချင်တဲ့ သီချင်းဆိုပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ရတာကြောင့် နောင်တမရဘဲ ပျော်နေရတယ်လို့ အင်တာဗျူး တစ်ခုမှာ ပြောပြခဲ့ဖူးပါသေးတယ်…။ ပြိုင်ပွဲပြီးသွားခဲ့ပေမယ့် ကျောင်းမတက်နိုင်သေးဘဲ သီဆိုဖျော်ဖြေမှုတွေကို ဆက်တိုက် လုပ်နေတာကြောင့် သူမကျောင်းမတက်ဘူးလားလို့ ဖန်လေးတွေက စိတ်ပူပြီး မေးနေခဲ့ကြပြီး အခုခါမှာတော့ သူမရဲ့ ကျောင်းတက်တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်..။

အေးမြဖြူလေး ကျောင်းမတက်မှာကို စိုးရိမ်နေကြတဲ့ ဖန်လေးတွေလည်း စိတ်လျော့နိုင်ပြီလို့ ထင်ပါတယ်နော်…။ ပရိသတ်ကြီး အတွက် ပထမဆုံးကျောင်းတက်ရမှာ ချစ်ဖို့ကောင်းနေတဲ့ အေးမြဖြူလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ Source:Aye Mya Phyu

Add a Comment

Your email address will not be published. Required fields are marked *