ငွေကြေး လိမ်လည်မှုကြောင့် ထောင်ဒဏ်(၁)နှစ် ကျရောက်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး မေသန်းနု

ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး မေသန်းနုကတော့ ငွေကြေးလိမ်လည်မှုနဲ့ ထောင်ဒဏ်(၁) နှစ်ကျမှတ်ခံရတယ်လို့ သတင်းကြားခဲ့တာဖြစ်ပြီး ” ကျွန်တော် ဧ။် သားဖြစ်သူအတွက် သား၏မိခင်နှင့် ပတ်သက်၍ ရင်နှင့်အမျှ သားရော ကျွန်တော်ရော ခံစားမိပါတယ်။ သို့ဖြစ်ပါ၍ လိုအပ်သော အချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျွန်တော် တို့ သားအဖနှစ်ယောက် တွေ့ဆုံမည် ဖြစ်ပါသည်။ ယခုအချိန်အခါတွင် သားဖြစ်သူဧ။် မိခင်အတွက် ကျွန်တော် အကောင်းဆုံးကြိုးစား ဆောင်ရွက်လျှက်ရှိပါကြောင်း အသိပေးမေတ္တာ ရပ်ခံအပ်ပါသည်။ စင်ရော်မောင်မောင် နှင့် သား မင်းသန့်မောင်မောင် ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။

မကြာသေးမီ ကလည်း စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ ရိုက်ကူးတို့ ရိုက်ကူးခဲ့တဲ့ တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်လမ်းကြီးမှာလည်း ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုကြီးများစွာကို သိမ်းပိုင်နိုင်ခဲ့တဲ့ မင်းသမီးကြီး တစ်ဦးအနေနဲ့ ဒီသတင်းကတော့ ပရိသတ်တွေ အတွက် တအံံ့တသြဖြစ်ကြမယ် ဆိုလည်း မမှားပါဘူးနော်။

အမြဲ ပွင့်ပွင့်လင်းလင်းနဲ့ အနုပညာမျိုးဆက်သစ်တွေကို အနုပညာအမွေတွေ လက်ဆင်ကြမ်းနေတဲ့ ဝါရင့်အနုပညာရှင်ကြီးတွေ အတွက် ပရိသတ်တွေသာမက အနုပညာရှင် အသိုင်းအဝိုင်း တစ်ခုလုံးကိုလည်း ဂယက်တစ်ခုဖြစ်စေခဲ့မှာပါ။ ပရိသတ်ကြီးလည်း မေသန်းနုရဲ့ သတင်းအတွက် စိတ်မကောင်းဖြစ်မိရင် တစ်ခုခု မှတ်ချက်ပေးခဲ့ပါဦးနော်။ Source : Zin Yaw Maung Maung

Add a Comment

Your email address will not be published. Required fields are marked *