“ တစ်စုံတစ်ယောက် နဲ့ ဆုံခဲ့ရလို့ ဝမ်းသာမိတယ်ဆိုတဲ့ ပန်ကိတ် ”…တစ်စုံတယောက် ? ဘယ်သူလဲဆိုတော့ အရမ်းသိချင်နေပါပြီနော်

ပရိသတ်ကြီးရေ အနုပညာရှင် တစ်ယောက် မဟုတ်ပေမယ့် ပရိသတ်တွေရဲ့ အချစ်တော် ဆယ်လီ တစ်ယောက်ဖြစ်တဲ့ ပန်ကိတ်လေးဟာ အခုဆိုရင် Beauty Blog လေးတွေ လုပ်ပြီး သူမရဲ့ Page ကနေ ပရိသတ်တွေနဲ့ အထိအတွေ့ မပြတ်ရှိနေတာပါ။ သူမရဲ့ စကားသံ ဝဲဝဲလေးနဲ့ ချစ်စရာ အပြုအမူလေးတွေကြောင့် ပရိသတ်တွေက အချစ်တွေပိုပို တိုးလာတာဆိုလည်း မမှားပါဘူးနော်။

ချစ်သူဟောင်း နိုင်ငံကျော် အဆိုတော် ရွှေထူးနဲ့ လမ်းခွဲပြတ်ဆဲပြီးတဲ့ အချိန်ကတည်းက ပန်ကိတ်ကတော့ တစ်ကိုယ်တည်း အေးဆေးစွာ နေထိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အချစ်တော် ပန်ကိတ်ဒါဒါ ရဲ့ အချစ်ရေးကို ပရိသတ်တွေ စိတ်ဝင်အစားဆုံးအချက်လို့ ပြောရမှာပါ။

ဒီဇင်ဘာ(၃၁)ရက်နေ့ မှာ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ “မင်းနဲ့တွေ့ရတဲ့အတွက် ဝမ်းသာတယ် ။ but eyes lie ” ဆိုတဲ့ စာသားလေးနဲ့အတူ အလှပုံရိပ်လေးကို တင်ထားခဲ့တာပါ။ စကားသံဝဲဝဲလေးနဲ့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ပန်ကိတ်လေးကို ချစ်တဲ့ ပရိသတ်တွေကတော့ အချစ်သစ်နဲ့ အေးချမ်းစွာ ဖြတ်သန်းစေ ချင်နေကြပြီလို့ ဆိုရမှာပါ။ ပရိသတ်ကြီးရော ပန်ကိတ်လေး ဘယ်သူ့ကိုတွေ့လို့ ဝမ်းသာနေလဲ ဆိုတာ ခန့်မှန်းပေးခဲ့ပါဦးနော်။ Source : Ya Min Oo

Add a Comment

Your email address will not be published. Required fields are marked *