နက္ပီးဟူးရီးယား မွာ အမုန္းေသာက္မယ္ဆုိသူေတြ အတြက္ အရက္နာက်ျခင္း အလြယ္ဆုံးကုထုံးမ်ား

တကယ့် အသောက်သမားတွေ ကတော့ ပုံမှန်ပုလင်းလေးတွေ နဲ့ သူတို့ရေချိန် ကို သူတို့သိကြပါတယ်။ ခရစ်စမတ်လို၊ နှစ်ကူးလို အခါသမယမျိုးမှာတော့ မောင်အူရိုင်း၊ မအူရိုင်းတို့ဟာ ပျော်တယ်ဟေ့ဆိုတဲ့ စကားကို ကိုယ်ယောင်ပြပြီး၊ အသောက်ကြမ်း တတ်ကြပါတယ်။ ဒီလို အခါသမယမျိုးမှာ အမူးလွန်သူတွေ တော်တော်များများဟာ ကိုယ့်ရေချိန် ကိုယ်မသိကြတာ များပါတယ်။

ဗြိတိန်မှာတော့ ဒီလို အချိန်မျိုးဆိုရင် အရက်ပုလင်း (၆)ဘီလီယံလောက် ထိ သောက်ကြပါသတဲ့။ နည်းနည်းနောနော ပမာဏ မဟုတ်ဘူးနော်။ သန်း(၆၀၀၀)လောက် ကုန်တဲ့ သဘောပေါ။ ဘယ်လိုနည်းနဲ့မူးမူး အမူးအရှိန်ပြေသွားပြီဆိုရင် Hangover ပြဿနာက လာပါပြီ။ Hangover ဆိုတာ အလွယ်ပြောရရင် အရက်နာကျတာပါဘဲ။ အရက်နာကျတဲ့အခါ ဘယ်လို လုပ်ရမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(၁) မသောက်ခင် ရေများများသောက်ပါ

အရက်ဘီယာ စသည်တို့ကို မသောက်ခင် နေ့ခင်းပိုင်းလောက်ကတည်းက ကြိုတင်ပြီး ရေများများ သောက်သင့်ပါတယ်။ တစ်ရက်ကို အနည်းဆုံး ရေ (၂)လီတာကနေ (၃)လီတာလောက်ထိ သောက်သင့်ပါတယ်။ ရေသောက်ရမှာ မေ့နေတယ်ဆိုရင်လည်း .. မသောက်ခင်မှာ ရေတစ်ဖန်ခွက် ကြီးကြီးတစ်ခွက်လောက် သောက်ချလိုက်ပါလို့ဆိုပါတယ်။ ဒါဟာ အရက်သောက်ပြီးနောက် အဖြစ်များတဲ့ ရေဓာတ်ဆုံးရှုံးမှုကို ကြိုကာထားတဲ့ သဘောပါ။

(၂) အိပ်ရာမဝင်ခင် ရေတစ်ခွက်သောက်ပါ

အသောက်လွန်လာလို့ အိပ်ရာ တန်းဝင်လိုက်တာထက်၊ အိပ်ရာမဝင်ခင် ရေတစ်ခွက် သောက်လိုက်ဖို့ လိုပါတယ်။ အမူးသမားတွေဟာ နာရီတော်တော်ကြာလာရင် ရေငတ်လာမယ်၊ ခေါင်းကိုက်လာမယ်၊ မောသလိုလိုဖြစ်လာမယ်၊ နှုတ်ခမ်းတွေ ခြောက်လာမယ်။ တကယ်လို့ အသောက်သမားတစ်ယောက်ဟာ အိပ်ရာမဝင် ရေတစ်ခွက်လောက် သောက်ထားမယ်ဆိုရင် ဖော်ပြပါ ဝေဒနာတွေကို သက်သာစေမှာပါ။

(၃) ရေနွေးကြမ်းတစ်ခွက်လောက် သောက်လိုက်ပါ

သောက်ပြီးလို့ အေးအေးလူလူ နားတော့မယ်ဆိုရင် ရေနွေးကြမ်း တစ်ခွက်လောက် သောက်လိုက်တာက အရက်နာကျတာကို သက်သာစေမှာပါ။ သို့ပေမယ့် ရေနွေးကြမ်းမှ မဟုတ်ပါဘူး။ ကော်ဖီကြိုက်တယ်ဆိုရင်လည်း ကော်ဖီက သင့်တော်ပါတယ်။ ပညာရှင်တစ်ဦးကတော့ ကော်ဖီထဲမှာ အုန်းဆီလေး နည်းနည်းလောက် ထည့်သင့်တယ်လို့ အကြံပြုထားပါတယ်။

တစ်ခြားဆေးဘက်ဝင် လက်ဖက်ရည်တွေဖြစ်တဲ့ ဂျင်းလက်ဖက်ရည်ကလည်း သင့်တော်ပါတယ်။ နွားနို့ပူပူလေးကတော့ အသည်းကို ပိုကျန်းမာစေမှာဖြစ်ပြီး၊ ပျားရည်နဲ့သံပုရာရည်ကတော့ သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေမှာပါ။ မိမိကြိုက်နှစ်သက်တဲ့နည်းကို စမ်းနိုင်ပါတယ်။

(၄) Pickle Juice တစ်မျိုးမျိုးကို သောက်ပါ

Pickle Juice ဆိုတာ သစ်သီးဝလံတွေကို ဗီနီဂါနဲ့ဆိမ်ပြီး၊ ဒါမှမဟုတ် ဆားရည်ဆိမ်ပြီး ဖန်တီးထားတဲ့ ပျော်ရည်တစ်မျိုးဖြစ်ပါတယ်။ ဥရောပအရှေ့ပိုင်းနဲ့ ရုရှားတွေဟာ ယမကာနဲ့ပတ်သက်ရင် ဆရာပိုကျတဲ့သူတွေ၊ ယမကာကို ဇိမ်ခံပစ္စည်းသဘောမျိုး အသုံးပြုသူတွေ ဖြစ်တာကြောင့် အရက်နာကျတဲ့ကိစ္စနဲ့ပတ်သက်ရင် ပိုပြီး ဆေးနည်းသိကြပါတယ်။

သူတို့တစ်တွေဟာ အရက်သောက်ပြီးတိုင်း Pickle ဖျော်ရည်တစ်မျိုးမျိုး သောက်လေ့ရှိကြပါသတဲ့။ ဒီဖျော်ရည်ကို သောက်ခြင်းအားဖြင့် ညမှာ ဆုံးရှုံးလိုက်တဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးတယ်လို့ ယုံကြည်ကြပါတယ်။

(၅) ပြေးပါ

အရက်နာကျနေတဲ့လူတစ်ယောက်ကို ပြေးခိုင်းတာ နည်းနည်းတော့ စွန့်စားရာကျပါလိမ့်မယ်။ သို့ပေမယ့် ပြေးခြင်းကလည်း အရက်နာကျခြင်းကို ပျောက်ကင်းသက်သာစေပါသတဲ့။ ပြေးတယ်ဆိုတာက ဒုန်းစိုင်းပြေးတာကို ဆိုလိုတာမဟုတ်ပါဘူး။ Light Exercise သဘောမျိုး၊ သွေးပူလေ့ကျင့်ခန်းသဘောမျိုးလောက်ပါ။ ဒါပေမယ့် အနီးအနားမှာ ရေဘူးလေးတော့ ရှိနေပါစေ။ မကြာခဏ ရေသောက်လိုက် သွေးပူလေ့ကျင့်ခန်း လုပ်လိုက်နဲ့ ခန္ဓာကိုယ်အတွင်းက အရက်ရဲ့အဆိပ်အတောက်တွေ အမြန်ပျောက်ကင်းစေပါလိမ့်မယ်။ လင်းသုတ

Zawgyi

တကယ့္ အေသာက္သမားေတြ ကေတာ့ ပုံမွန္ပုလင္းေလးေတြ နဲ႔ သူတုိ႔ေရခ်ိန္ ကုိ သူတုိ႔သိၾကပါတယ္။ ခရစ္စမတ္လုိ၊ ႏွစ္ကူးလုိ အခါသမယမ်ိဳးမွာေတာ့ ေမာင္အူ႐ုိင္း၊ မအူ႐ုိင္းတုိ႔ဟာ ေပ်ာ္တယ္ေဟ့ဆုိတဲ့ စကားကုိ ကုိယ္ေယာင္ျပၿပီး၊ အေသာက္ၾကမ္း တတ္ၾကပါတယ္။ ဒီလုိ အခါသမယမ်ိဳးမွာ အမူးလြန္သူေတြ ေတာ္ေတာ္မ်ားမ်ားဟာ ကိုယ့္ေရခ်ိန္ ကိုယ္မသိၾကတာ မ်ားပါတယ္။

ၿဗိတိန္မွာေတာ့ ဒီလုိ အခ်ိ္န္မ်ိဳးဆုိရင္ အရက္ပုလင္း (၆)ဘီလီယံေလာက္ ထိ ေသာက္ၾကပါသတဲ့။ နည္းနည္းေနာေနာ ပမာဏ မဟုတ္ဘူးေနာ္။ သန္း(၆၀၀၀)ေလာက္ ကုန္တဲ့ သေဘာေပါ။ ဘယ္လုိနည္းနဲ႔မူးမူး အမူးအရွိန္ေျပသြားၿပီဆုိရင္ Hangover ျပႆနာက လာပါၿပီ။ Hangover ဆုိတာ အလြယ္ေျပာရရင္ အရက္နာက်တာပါဘဲ။ အရက္နာက်တဲ့အခါ ဘယ္လုိ လုပ္ရမလဲဆုိတာကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) မေသာက္ခင္ ေရမ်ားမ်ားေသာက္ပါ

အရက္ဘီယာ စသည္တုိ႔ကို မေသာက္ခင္ ေန႔ခင္းပုိင္းေလာက္ကတည္းက ႀကိဳတင္ၿပီး ေရမ်ားမ်ား ေသာက္သင့္ပါတယ္။ တစ္ရက္ကို အနည္းဆုံး ေရ (၂)လီတာကေန (၃)လီတာေလာက္ထိ ေသာက္သင့္ပါတယ္။ ေရေသာက္ရမွာ ေမ့ေနတယ္ဆုိရင္လည္း .. မေသာက္ခင္မွာ ေရတစ္ဖန္ခြက္ ႀကီးႀကီးတစ္ခြက္ေလာက္ ေသာက္ခ်လုိက္ပါလုိ႕ဆုိပါတယ္။ ဒါဟာ အရက္ေသာက္ၿပီးေနာက္ အျဖစ္မ်ားတဲ့ ေရဓာတ္ဆုံး႐ႈံးမႈကို ႀကိဳကာထားတဲ့ သေဘာပါ။

(၂) အိပ္ရာမဝင္ခင္ ေရတစ္ခြက္ေသာက္ပါ

အေသာက္လြန္လာလုိ႔ အိပ္ရာ တန္းဝင္လုိက္တာထက္၊ အိပ္ရာမဝင္ခင္ ေရတစ္ခြက္ ေသာက္လုိက္ဖုိ႔ လုိပါတယ္။ အမူးသမားေတြဟာ နာရီေတာ္ေတာ္ၾကာလာရင္ ေရငတ္လာမယ္၊ ေခါင္းကိုက္လာမယ္၊ ေမာသလုိလုိျဖစ္လာမယ္၊ ႏႈတ္ခမ္းေတြ ေျခာက္လာမယ္။ တကယ္လုိ႔ အေသာက္သမားတစ္ေယာက္ဟာ အိပ္ရာမဝင္ ေရတစ္ခြက္ေလာက္ ေသာက္ထားမယ္ဆုိရင္ ေဖာ္ျပပါ ေဝဒနာေတြကို သက္သာေစမွာပါ။

(၃) ေရေႏြးၾကမ္းတစ္ခြက္ေလာက္ ေသာက္လုိက္ပါ

ေသာက္ၿပီးလုိ႔ ေအးေအးလူလူ နားေတာ့မယ္ဆုိရင္ ေရေႏြးၾကမ္း တစ္ခြက္ေလာက္ ေသာက္လုိက္တာက အရက္နာက်တာကုိ သက္သာေစမွာပါ။ သုိ႔ေပမယ့္ ေရေႏြးၾကမ္းမွ မဟုတ္ပါဘူး။ ေကာ္ဖီႀကိဳက္တယ္ဆုိရင္လည္း ေကာ္ဖီက သင့္ေတာ္ပါတယ္။ ပညာရွင္တစ္ဦးကေတာ့ ေကာ္ဖီထဲမွာ အုန္းဆီေလး နည္းနည္းေလာက္ ထည့္သင့္တယ္လုိ႔ အႀကံျပဳထားပါတယ္။

တစ္ျခားေဆးဘက္ဝင္ လက္ဖက္ရည္ေတြျဖစ္တဲ့ ဂ်င္းလက္ဖက္ရည္ကလည္း သင့္ေတာ္ပါတယ္။ ႏြားႏုိ႔ပူပူေလးကေတာ့ အသည္းကို ပုိက်န္းမာေစမွာျဖစ္ၿပီး၊ ပ်ားရည္နဲ႔သံပုရာရည္ကေတာ့ ေသြးတြင္း သၾကားဓာတ္ကုိ ျမင့္တက္ေစမွာပါ။ မိမိႀကိဳက္ႏွစ္သက္တဲ့နည္းကို စမ္းႏုိင္ပါတယ္။

(၄) Pickle Juice တစ္မ်ိဳးမ်ိဳးကို ေသာက္ပါ

Pickle Juice ဆုိတာ သစ္သီးဝလံေတြကို ဗီနီဂါနဲ႔ဆိမ္ၿပီး၊ ဒါမွမဟုတ္ ဆားရည္ဆိမ္ၿပီး ဖန္တီးထားတဲ့ ေပ်ာ္ရည္တစ္မ်ိဳးျဖစ္ပါတယ္။ ဥေရာပအေရွ႕ပုိင္းနဲ႔ ႐ုရွားေတြဟာ ယမကာနဲ႔ပတ္သက္ရင္ ဆရာပုိက်တဲ့သူေတြ၊ ယမကာကုိ ဇိမ္ခံပစၥည္းသေဘာမ်ိဳး အသုံးျပဳသူေတြ ျဖစ္တာေၾကာင့္ အရက္နာက်တဲ့ကိစၥနဲ႔ပတ္သက္ရင္ ပုိၿပီး ေဆးနည္းသိၾကပါတယ္။

သူတုိ႔တစ္ေတြဟာ အရက္ေသာက္ၿပီးတုိင္း Pickle ေဖ်ာ္ရည္တစ္မ်ိဳးမ်ိဳး ေသာက္ေလ့ရွိၾကပါသတဲ့။ ဒီေဖ်ာ္ရည္ကို ေသာက္ျခင္းအားျဖင့္ ညမွာ ဆုံး႐ႈံးလုိက္တဲ့ စြမ္းအင္ေတြကို ျပန္လည္ျဖည့္တင္းေပးတယ္လုိ႔ ယုံၾကည္ၾကပါတယ္။

(၅) ေျပးပါ

အရက္နာက်ေနတဲ့လူတစ္ေယာက္ကုိ ေျပးခုိင္းတာ နည္းနည္းေတာ့ စြန္႔စားရာက်ပါလိမ့္မယ္။ သုိ႔ေပမယ့္ ေျပးျခင္းကလည္း အရက္နာက်ျခင္းကို ေပ်ာက္ကင္းသက္သာေစပါသတဲ့။ ေျပးတယ္ဆုိတာက ဒုန္းစုိင္းေျပးတာကို ဆုိလုိတာမဟုတ္ပါဘူး။ Light Exercise သေဘာမ်ိဳး၊ ေသြးပူေလ့က်င့္ခန္းသေဘာမ်ိဳးေလာက္ပါ။ ဒါေပမယ့္ အနီးအနားမွာ ေရဘူးေလးေတာ့ ရွိေနပါေစ။ မၾကာခဏ ေရေသာက္လုိက္ ေသြးပူေလ့က်င့္ခန္း လုပ္လုိက္နဲ႔ ခႏၶာကိုယ္အတြင္းက အရက္ရဲ႕အဆိပ္အေတာက္ေတြ အျမန္ေပ်ာက္ကင္းေစပါလိမ့္မယ္။ လင္းသုတ

Add a Comment

Your email address will not be published. Required fields are marked *