Grand Final ကိုတက်ရောက်ဖို့ မထိုက်တန်ဘူးလို့ ဝေဖန်မှုတွေနဲ့ ကြုံနေရတဲ့ Benjamin Sum




Unicode

ပရိသတ်ကြီးရေ Myanmar Idol Season(4) ရဲ့ ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဆုမ်း ဟာ လက်ရှိမှာတော့ Final အဆင့်(၃)ယောက် ထဲပါဝင်ခဲ့ပြီပဲ ဖြစ်ပါတယ်နော်။ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ သီဆိုတဲ့အချိန်မှာ “အချစ်သည်လေပြေ” သီချင်း နဲ့ ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယ အပုဒ်ဖြစ်တဲ့ “ကမ္ဘာမြေအတွက်သီချင်း” ကိုလည်း ပရိသတ်တွေ ရင်ထဲရောက်အောင် သီဆိုနိုင်ခဲ့တဲ့အပြင် ဒိုင်တွေရဲ့ မှတ်ချက်ကောင်းတွေ ရရှိခဲ့တာပါနော်။

အကောင်းဆုံး သီဆိုယှဉ်ပြိုင်ခဲ့ပေမယ့် တချို့သော ပရိသတ်တွေက ဘင်ဂျမင်ဆုမ်းဟာ Final မရောက်သင့်ဘူးလို့ မှတ်ချက်တွေ အပေးခံနေရတာပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ချစ်စရာ ဘင်ဂျမင်ဆုန်း ကို ဆွဲဆောင်မှု မရှိတဲ့အပြင် တက်ရောက်ဖို့ အရည်အချင်း မပြည့်မှီဘူးလို့ ဝေဖန်မှုတွေ ဆက်တိုက်ထွက်ပေါ်လာနေတာပဲ ဖြစ်ပါတယ်။ ပြုတ်သွားခဲ့တဲ့ ပြိုင်ပွဲဝင်တွေသာ Final ကို တက်ရောက်သင့်တယ်လို့ မှတ်ချက်တွေ အပေးခံနေရတာပဲ ဖြစ်ပါတယ်နော်။

ပရိသတ်ကြီးရော ဘင်ဂျမင်ဆုမ်း တစ်ယောက် Final တက်ရောက်သင့်လား ဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။ ဘယ်လိုမှတ်ချက်ဆိုးတွေပဲရှိရှိ ” “God is Good All the Time” “All the Time, God is Good” ကျွန်တော့်ကိုချစ်ပြီး vote ပေးတဲ့သူတွေ အားလုံး မြန်မာတစ်နိုင်ငံလုံးက Summers တွေ တကမ္ဘာလုံးက Summers ပါ ။ တယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိလိုက်တာဗျာ။ ကျွန်တော် အကောင်းဆုံး ကြိုးစား ကြိုးစား ကြိုးစားနေမယ် ခင်ဗျ ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြခဲ့တာပါ။ ဘင်ဂျမင်ဆုမ်း တစ်ယောက် Final မှာ Winner ဆုကြီးကို ဆွတ်ခူးနိုင်ပါစေလို့ မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *