ဆရာ သကၠမုိးညဳိ ေျပာျပလာတဲ့ ဗစ္တုိးရီးယား အမႈအေၾကာင္း သမၼတႀကီး သိေစဖုိ႔ (အပုိင္း-၁)

စုစုေပါင္း ၆ လၾကာျမင့္ေအာင္ စစ္ေဆးခဲ့ရတဲ့ ဗစ္တိုးရီးယား အမွဳဟာ အခုဆိုရင္ ေအာင္ႀကီးကို လႊတ္ေပးၿပီး အဆံုးသတ္သြားပါၿပီ။ ခရိုင္တရားရံုးက ႏွစ္လအတြင္း ျပင္ဆင္ခ်က္နဲ႕ တိုင္းကို တက္လို႕ ရတယ္ လို႕ ထုတ္ျပန္တာရယ္၊ ရဲတပ္ဖြဲ႕ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ေအာင္ႀကီးကို လႊတ္တာေစာတယ္၊ ဥပေဒအတိုင္း ဆက္လုပ္သြားမယ္ လို႕ ေျပာတာကို ၾကည့္ရင္ (ေအာင္ႀကီးကို အျပစ္ခ်ေရး)ကို တိုင္းတရားရံုးမွာ အယူခံ ဆက္၀င္ဖို႕ မ်ားပါတယ္။

ျပင္ဆင္တာ ႏွစ္လ၊ အမွဳ ထပ္စစ္တာ ရွစ္လေလာက္ဆို တိုင္းမွာ ေနာက္ထပ္ ဆယ္လေလာက္ၾကာမယ္၊ တိုင္းမွာ ေအာင္ႀကီးလြတ္ခဲ့ရင္လည္း ျပည္ေထာင္စုတရားရံုး ဆက္တက္ရင္လည္း ေနာက္ထက္ အဲဒီေလာက္ၾကာမယ္။ ဆိုလိုတာက ေအာင္ႀကီး ျဖစ္ဖို႕ ခဲယင္းလြန္းလွၿပီး WH ေက်ာင္းက မရိုးသားမွဳေတြ ဘြင္းဘြင္းႀကီးေပၚေနတာကို ေအာင္ႀကီး အျပစ္ခ်ေရးပဲ ဆက္သြားေနရင္ ဒါဟာ သမီးေလးတို႕မိသားစု ေရရွည္ ေတာင့္မခံပဲ စိတ္ပ်က္လက္ေလ်ာ႕သြားေအာင္ လုပ္သလိုပါပဲ။

ဒီအခ်က္ေတြဟာ အမ်ားျပည္သူ သိသင့္တာေၾကာင့္ ေသေသခ်ာခ်ာ ျပန္ေျပာရပါမယ္။ သမၼႀကီး သိသင့္သလို အမ်ားျပည္သူကလည္း တာ၀န္ယူမွဳတာ၀န္ခံမွဳကို ေတာင္းဆို ေပးသင့္ပါတယ္။

ေအာင္ႀကီး မျဖစ္ႏိုင္ေသာအခ်က္မ်ား

၁- မနက္ပိုင္း သမီးေလး ၀တ္တဲ့ ေဘာင္းဘီ အျပာမွ သုတ္ရည္သုတ္ပိုးေတြ႕ခဲ့တယ္။(ဓာတု၀န္ရံုး အစီရင္ခံစာ) မနက္ပိုင္း သမီး ၀တ္ထားေၾကာင္း ဆရာမ ဆုသဲပိုင္ထြန္းက သမီးေလး ေက်ာင္းမွာ activity လုပ္ေနတုန္း ဓာတ္ပံု ရိုက္ထားခဲ့တယ္။ (သက္ေသခံ ဂ) သမီးေလးတို႕ကို ေန႕လည္ ၂ နာရီမွာ အ၀တ္အစားလဲေပးခဲ့တယ္။ (ဆရာမ သံုးဦးလံုး ထြက္ခ်က္ရိွ) ေအာင္ႀကီး ဟာ ေက်ာင္းကို သံုးနာရီ ေက်ာ္မွ ေရာက္လာခဲ့တယ္။ အခ်င္းျဖစ္တာ ၂နာရီ ေရွ႕ပိုင္း ျဖစ္ဖို႕မ်ားတယ္။

၂- ေအာင္ႀကီးဟာ ေရာက္လာၿပီး ေနရာက မထပဲ ဧည့္ခန္းမွာပဲ ထိုင္ေနခဲ့တယ္။ (CCTV မွတ္တမ္း+ ဆရာမသံုးဦး+ ေဒၚဥမၼာလွိဳင္ထြက္ခ်က္)

၃- အခ်င္းျဖစ္တာ ၁၆ ရက္ေန႕၊ ေအာင္ႀကီး ၀တ္ထားတဲ့ ေအာက္ခံေဘာင္းဘီကို ၃၁ ရက္ေန႕မွ အခ်ဳပ္ထဲမွာ ခၽြတ္ယူသိမ္းဆည္းခဲ့တာ ျဖစ္တယ္။ (သက္ေသခံ သိမ္းဆည္းရာတြင္ လိုက္ပါခဲ့ေသာ နယ္ေျမမွဴးမ်ား၏ ထြက္ခ်က္)

၄- ေအာင္ႀကီးကို အဂၤါမွ အရည္ကို စစ္ေဆးခဲ့ရာမွာ သုတ္ပိုးမေတြ႕ရဘူး။ (Lab ID-1928110) သမီးေလး မိန္းမကိုယ္က အရည္ကို ဖန္ျပားေပၚ တင္စစ္ေတာ့ ေယာက္်ားသုတ္ပိုး ေတြ႕ရတယ္။ (Lab R/N 1925342) (မွဳခင္းဆရာ၀န္ႀကီး အစီရင္ခံစာ+ မွဳခင္းဆရာ၀န္ႀကီး စစ္ေဆးခ်က္)

ဒီေတာ့ ဆရာမေတြ တရားရံုး ထြက္ခ်က္ကလြဲၿပီး က်န္တဲ့ အေထာက္အထား အားလံုးဟာ ေအာင္ႀကီးကို စြဲခ်က္ မတင္ခင္ကတည္းက ရဲတပ္ဖြဲ႕က ရရိွၿပီးျဖစ္တယ္။ ဆရာမေတြကို စစ္ေဆးတုန္းကလည္း ဆရာမေတြက ေအာင္ႀကီး မျဖစ္ႏိုင္ေၾကာင္း ထြက္ခ်က္ ေပးခဲ့ၾကမွာပါ။ ဒီေတာ့ ဒီလို အားနည္းလွတဲ့ အေထာက္အထားေတြနဲ႕ ေအာင္ႀကီးကို ဘာလို႕ စြဲခ်က္ တင္ခဲ့တာလဲ

ဒါေတြကို သမၼတႀကီး သိသင့္ပါတယ္။ ဒါေပမယ့္ ဆက္ေျပာစရာေတြ အမ်ားႀကီး ရိွပါေသးတယ္။ အေထာက္အထားေတြ အျပည့္အစံု ရိွပါေသးတယ္။

ဆက္ပါမယ္…သကၠမုိးညဳိ

Unicode

၆ လကြာမြင့်အောင် စစ်ဆေးခဲ့ရတဲ့ ဗစ်တိုးရီးယား အမှုဟာ အခုဆိုရင် အောင်ကြီးကို လွှတ်ပေးပြီး အဆုံးသတ်သွားပါပြီ။ ခရိုင်တရားရုံးက နှစ်လအတွင်း ပြင်ဆင်ချက်နဲ့ တိုင်းကို တက်လို့ ရတယ် လို့ ထုတ်ပြန်တာရယ်၊ ရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အောင်ကြီးကို လွှတ်တာစောတယ်၊ ဥပဒေအတိုင်း ဆက်လုပ်သွားမယ် လို့ ပြောတာကို ကြည့်ရင် (အောင်ကြီးကို အပြစ်ချရေး)ကို တိုင်းတရားရုံးမှာ အယူခံ ဆက်ဝင်ဖို့ များပါတယ်။

ပြင်ဆင်တာ နှစ်လ၊ အမှု ထပ်စစ်တာ ရှစ်လလောက်ဆို တိုင်းမှာ နောက်ထပ် ဆယ်လလောက်ကြာမယ်၊ တိုင်းမှာ အောင်ကြီးလွတ်ခဲ့ရင်လည်း ပြည်ထောင်စုတရားရုံး ဆက်တက်ရင်လည်း နောက်ထက် အဲဒီလောက်ကြာမယ်။ ဆိုလိုတာက အောင်ကြီး ဖြစ်ဖို့ ခဲယင်းလွန်းလှပြီး WH ကျောင်းက မရိုးသားမှုတွေ ဘွင်းဘွင်းကြီးပေါ်နေတာကို အောင်ကြီး အပြစ်ချရေးပဲ ဆက်သွားနေရင် ဒါဟာ သမီးလေးတို့မိသားစု ရေရှည် တောင့်မခံပဲ စိတ်ပျက်လက်လျော့သွားအောင် လုပ်သလိုပါပဲ။

ဒီအချက်တွေဟာ အများပြည်သူ သိသင့်တာကြောင့် သေသေချာချာ ပြန်ပြောရပါမယ်။ သမ္မကြီး သိသင့်သလို အများပြည်သူကလည်း တာဝန်ယူမှုတာဝန်ခံမှုကို တောင်းဆို ပေးသင့်ပါတယ်။

အောင်ကြီး မဖြစ်နိုင်သောအချက်များ

၁- မနက်ပိုင်း သမီးလေး ဝတ်တဲ့ ဘောင်းဘီ အပြာမှ သုတ်ရည်သုတ်ပိုးတွေ့ခဲ့တယ်။(ဓာတုဝန်ရုံး အစီရင်ခံစာ) မနက်ပိုင်း သမီး ဝတ်ထားကြောင်း ဆရာမ ဆုသဲပိုင်ထွန်းက သမီးလေး ကျောင်းမှာ activity လုပ်နေတုန်း ဓာတ်ပုံ ရိုက်ထားခဲ့တယ်။ (သက်သေခံ ဂ) သမီးလေးတို့ကို နေ့လည် ၂ နာရီမှာ အဝတ်အစားလဲပေးခဲ့တယ်။ (ဆရာမ သုံးဦးလုံး ထွက်ချက်ရှိ) အောင်ကြီး ဟာ ကျောင်းကို သုံးနာရီ ကျော်မှ ရောက်လာခဲ့တယ်။ အချင်းဖြစ်တာ ၂နာရီ ရှေ့ပိုင်း ဖြစ်ဖို့များတယ်။

၂- အောင်ကြီးဟာ ရောက်လာပြီး နေရာက မထပဲ ဧည့်ခန်းမှာပဲ ထိုင်နေခဲ့တယ်။ (CCTV မှတ်တမ်း+ ဆရာမသုံးဦး+ ဒေါ်ဥမ္မာလှိုင်ထွက်ချက်)

၃- အချင်းဖြစ်တာ ၁၆ ရက်နေ့၊ အောင်ကြီး ဝတ်ထားတဲ့ အောက်ခံဘောင်းဘီကို ၃၁ ရက်နေ့မှ အချုပ်ထဲမှာ ချွတ်ယူသိမ်းဆည်းခဲ့တာ ဖြစ်တယ်။ (သက်သေခံ သိမ်းဆည်းရာတွင် လိုက်ပါခဲ့သော နယ်မြေမှူးများ၏ ထွက်ချက်)

၄- အောင်ကြီးကို အင်္ဂါမှ အရည်ကို စစ်ဆေးခဲ့ရာမှာ သုတ်ပိုးမတွေ့ရဘူး။ (Lab ID-1928110) သမီးလေး မိန်းမကိုယ်က အရည်ကို ဖန်ပြားပေါ် တင်စစ်တော့ ယောက်ျားသုတ်ပိုး တွေ့ရတယ်။ (Lab R/N 1925342) (မှုခင်းဆရာဝန်ကြီး အစီရင်ခံစာ+ မှုခင်းဆရာဝန်ကြီး စစ်ဆေးချက်)

ဒီတော့ ဆရာမတွေ တရားရုံး ထွက်ချက်ကလွဲပြီး ကျန်တဲ့ အထောက်အထား အားလုံးဟာ အောင်ကြီးကို စွဲချက် မတင်ခင်ကတည်းက ရဲတပ်ဖွဲ့က ရရှိပြီးဖြစ်တယ်။ ဆရာမတွေကို စစ်ဆေးတုန်းကလည်း ဆရာမတွေက အောင်ကြီး မဖြစ်နိုင်ကြောင်း ထွက်ချက် ပေးခဲ့ကြမှာပါ။ ဒီတော့ ဒီလို အားနည်းလှတဲ့ အထောက်အထားတွေနဲ့ အောင်ကြီးကို ဘာလို့ စွဲချက် တင်ခဲ့တာလဲ

ဒါတွေကို သမ္မတကြီး သိသင့်ပါတယ်။ ဒါပေမယ့် ဆက်ပြောစရာတွေ အများကြီး ရှိပါသေးတယ်။ အထောက်အထားတွေ အပြည့်အစုံ ရှိပါသေးတယ်။

ဆက်ပါမယ်…သက္ကမိုးညို

Add a Comment

Your email address will not be published. Required fields are marked *